*နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါါ်အောင်ဆန်းစုကြည်၏(ဇွန်၂၃-၂၄-၂၅) ၃ရက်ကြာထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်းမြန်မာရွှေ့ ပြောင်း အလုပ်သမားရာနှင့်ချီပြီးအဖမ်းခံကြရသည်*ဟူသောသတင်းကားကြီး လှ၏။ကျယ်လှ၏။ ဤသတင်းမှန်ကန်မှုရှိမရှိဆိုသည်ကိုလက်တွေ့ ကျကျသိရှိပြီး လိုအပ်သလိုဆက်စပ်ဆောင်ရွက်နိုင်ရန်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါါ်အောင်ဆန်းစုကြည်၊ြ
မန်မာနိုင်ငံအလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ၊အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်တို့ အားအမှူးထားပြီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်၏အနီးကပ်ကြီးကြပ်မှုဖြင့် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်(မိုး)ဦးဆောင်လျက် ဦးမိုးကြိုး(ဆရာမိုး)နှင့်ဦးဝင်း(JACBA)စကားပြန်စိုင်းတွိတို့ ပါဝင်သော အဖွဲ့ သည်ယနေ့ ပင်လျှင်အဆိုပါသတင်းကို လက်တွေ့ ကျကျကူညီခြေဖျက်နိုင်ခဲ့ကြပါပြီ။ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတာ့လ်ပြည်နယ်(ခရိုင်)လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး-လ၀ကရဲဗိုလ်မှူးကြီးဆုန်ချိုင်းဒစ်ဂျဲလ် နှင့်ဦးမိုးအောင်ခိုင်ဦးဆောင်သောအဖွဲ့ ဆွေးနွေးညှိနှိုင်းလိုက်ပါမှ အဖြေကလယ်ပြင်မှာကြွက်သွား(အဲလေ)ဆင်သွားသလိုရှင်းလှပါပေ၏။
Photo-'(ကရင်ပြည်နယ်မြ၀တီမြို့ ရှိကျောက်လုံးကြီးစခန်း တွင်လုပ်ငန်းစစ်ဆေးသည်ထက်မိသားစုပုံစံ ရီကာမောကာ' 'ဘာမှအရိုအသေပေးရန်မလို--လုပ်နေမြဲအတိုင်းလုပ်ပါတဲ့။')
*မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရာ့မြို့ နယ်ထဲကအဖမ်းအဆီးမှာဒေသခံ ထိုင်းရပ်ရွာသားများ၏တိုင်ကြားချက်အရထိုင်းစစ်တပ်ကဦးဆောင်ပြီး လ၀က်၊မှုခင်းရဲ၊ပြည်သူ့ စစ်၊နယ်ခြားစောင့်ရဲ၊ထိုင်းအလုပ်သမားရုံးတို့ က ပူးပေါင်းပါဝင်ကဖမ်းဆီးခဲ့တာဖြစ်ပါသတဲ့။ဘယ်လိုတိုင်ကြပါသလဲ။ မြန်မာအလုပ်သမားတဲအိမ်စုအချို့ ကြက်ပွဲ၊ဖဲဝိုင်းစုဖွဲ့ လုပ်ကြ၏ ည၁၂နာရီကျော်တဲ့အထိတီဗွီကက်ဆက်သံတွေနဲ့ ဆူညံနေ၏။ တချက်တချက်ဆဲသံဆိုသံတွေမှာမိုးကမလင်းသေးပဲကြားနေကြရ၏*တဲ့။ ထို့ ကြောင့်သူတို့ အဲသည်လိုရောင့်ရောင့်ရဲရဲနေထိုင်ပြောဆိုနေခြင်းသည် အထောက်အထားရှိ-မရှိစစ်ဆေးပေးရန်--တိုင်ကြားပါသတဲ့။ (ကောင်းရောပရိသတ်) မဲဆောက်ဒေသသံယောဇဉ်အလွန်နက်ရှိုင်းကြသူသည့်မိုးနှစ်မိုးကား ရဲဗိုလ်မှူးကြီးဆုန်ချိုင်းတို့ နှင့်ဆွေးနွေးနေရင်းမချိပြုံး-ပြုံးကြရပါ၏။ ထိုနေရာတွေမှာထိုသို့ စရိုက်သဘာဝရှိမှန်း ဦးမိုးအောင်ခိုင်ရော၊ဦးမိုးကြိုးပါနောနေအောင်သိရှိထားပြီးဖြစ်ပါ၏။ ဆရာမိုးဆိုလျှင်မည်သည့်အိမ်ကဆဲဆိုတတ်သည်၊မည်သည့် အိမ်ကပြသနာမကြာခဏရှာတတ်သည်။မည်သည့်မိန်းမတွေက အရက်သောက်ဖဲရိုက်တတ်သည်၊ မည်သူတို့ စုဖွဲ့ ကြက်တိုက်တတ်၊ဖဲရိုက်တတ်သည်၊မည်သည့်အဖွဲ့ ဒေသခံရဲနှင့်ပင်းကာမြန်မာသူကြီး
လိုလိုဘာလိုလိုလိုင်စင်ရ ရဲခွေးဂိုဏ်းထောင်ထားတာကအစစောဖေတို့ နောကြေအောင် သိထားနေပါ၏။ သို့ရာတွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါါ်အောင်ဆန်းစုကြည်၏ (၂၄-၂၅)ရက်နှစ်ရက်နှင့်အခြားဇွန်လ၂၆ရက်တို့ တွင်မဲဆောက်ဒေသမှာ အဖမ်းအဆီးမရှိမဟုတ်ရှိခဲ့ပါသည်။အထောက်အထားမဲ့မြန်မာရွှေ့ ပြောင်း အလုပ်သမားများကိုရာနှင့်ချီပြီးယာယီဖမ်းဆီးကာယင်းတို့ ၏အလုပ်ရှင် ကဖြစ်စေ၊ယင်းတို့ ထဲကဒဏ်ငွေပေးဆောင်ပြိးဖြစ်စေဖြေရှင်းကြခြင်းဖြင့် ရာနှင့်ချီဖမ်းဆီးထားသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပြန်လွတ်သွားကြကြောင်း၊
မဲဆောက်ထောင်ထဲတွင်ယခုလက်ရှိ ရှိနေကြသည်မှာစစ်ဆေးဖမ်းဆီးစဉ်က(နှစ်လုံး-သုံးလုံး)ချဲထီလောင်းကစားသောစာရွက်စာတမ်းအချို့  ဖမ်းဆီးရမိခြင်း၊ဖဲကစားမှုနှင့်သက်သေခံအထောက်အထားများ ရရှိခြင်း၊ကြက်တိုက်ထားသောအထောက်အထားများရရှိခြင်း၊ လူမှောင်ခိုမှုနှင့်ဆက်နွယ်သောစာရွက်စာတမ်းအပါအ၀င် အထောက်အထားအချို့ လက်ဝယ်တွေ့ ရှိမှုတို့ ဖြင့်မြန်မာရွှေ့ ပြောင်း အလုပ်သမား၅၀ယောက်ခန့် သာရှိပါတော့ကြောင်း၊ယင်းတို့ မှာ ရာဇ၀တ်မှုနှင့်ဆက်နွယ်နေသဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးဖြင့်နူတ်ယူ၊ထုတ်ယူလို့ မရပါကြောင်း ရဲဗိုလ်မှူးကြီးဆုန်ချိုင်းဒစ်ဂျဲလ်ကအကျယ်ဝံ့ရှင်းပြပါသည်။ (ကိုင်း---ကောင်းကြသေးရဲ့ လားအရပ်ကတို့ ) ဆရာကြီးဒဂုန်တာရာကတော့သူ၏နာမည်ကြီး-*မေ*၀တ္တုထဲတွင် ဤသို့ ဤပုံဆိုညွှန်းထားတာကမှတ်လောက်စရာပါပရိသတ်။ *အကောင်းကိုရှာ၏။အကောင်းကားမရှိတော့..*
(Photo-တာ့ခ်ပြည်နယ်(ခရိုင်)လ၀ကညွှန်ကြားရေးမှူး- ရဲဗိုလ်မှူးကြီးဆုန်ချိုင်းဒစ်ဂျဲလ် နှင့်အဖမ်းဆီးခံရသည့်မြန်မာရွှေ့ ပြောင်းအလုပ်သမား တွေအရေးဆွေးနွေးနေစဉ်')
ဆက်လက်ပြီးတာ့ခ်ပြည်နယ်(ခရိုင်)လ၀ကရုံးမှ
ထွက်ခွာကာ ထိုင်းလ၀ကကအသင့်စီစဉ်ပေးသောမော်တော်ယာဉ်ဖြင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကိုဖြတ်သန်းကာကရင်ပြည်နယ် မြ၀တီမြို့ သို့ ကွင်းဆင်းရောက်ရှိ
သွားကြပါ၏။ အလုပ်သမားသံမှူးသည်မြ၀တိမြို့ ရှိကျောက်လုံးကြီးဟုအလွယ် ခေါါ်ကြသည့်*အလုပ်သမားညွှန်ကြားမှု
ဦးစီးဌာနရွှေ့ ပြောင်းအလုပ် သမားရုံး*သို့ ရောက်ရှိကာလုပ်ငန်းများကိုစစိဆေးသည်ထက် ၇ီရီမောမောဖြင့်ကွဲကွာနေသည့်မိသားစုတွေပြန်လည်ဆုံဆည်းကြသည့် ပုံစံမျိုးဖြင့်စကားပြောကြပါသည်။
Photo-(ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှာရှောင်တခင်ကွင်းဆင်း)
ထို့ နောက်အလုပ်သမားသံမှူးသည်ကျောက်လုံးကြီး(အလည)မှ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကိုဖြတ်သန်းကာကမဲဆောက်မြို့  ဘက်ခြမ်းရှိအနေအထားအချို့ ကိုခဏတာလေ့လာခဲ့ပါသည်။ ထို့ နောက်မဲဆောက်မြို့ One Stop Service(OSS)ရုံးသို့ ရောက်ရှိကာ CIထုတ်မပေးခင်ခဏတာစခန်းသိမ်းမည့်အတွက်-ပစ္စည်း-ပစ္စယ သိမ်းဆည်းခြင်းကိုစ်ဆေးကြပ်မတ်ပြီးနောက်နေ့ လယ်စာစားသုံး ကြပါသည်။ ယနေ့ အဖို့ အဆုံးသတ်နိဂုံးဆောင်ရွက်ချက်အနေဖြင့်ယခင်သံအမတ် ကြီးဦးတင်ဝင်းကမကထပြုပြီးမအောင်မြင်ပဲတိုးလို့ တန်းလန်းကြီး (ဤနေရာတွင်အဆိုကျော်ဗဒင်၏*မင်းဆီ...တန်းလန်းကြီး(အဲလေ) တန်းတန်းကြီး..ကိုယ်ပြန်ခဲ့ပါမယ်..*သီချင်းကိုကြံဖန်အမှတ်ရမိပါ၏) ထိုသို့ တန်းချင်သလိုတန်းကာ၊တန့် ကာဖြစ်နေခဲ့သော မဲဆောက်မြို့ တွင်နှစ်ပေါင်း(၁၁၀)ကျော်သက်တမ်းရှိပြီးမြန်မာရွှေ့ ပြောင်း အလုပ်သမားတစ်သောင်းခွဲထက်မနည်းကိုးကွယ်သည့် *ဘာဝနာနိရာမတောရကျောင်း(ထိုင်းအမည်-၀ပ်ပါကောင်)အား မြန်မာနိုင်ငံအစိုးရပိုင်ဘုန်းကြီးကျောင်းအဖြစ်အသိအမှတ်ပြုရေး* ကိုမျက်ရည်လည်ကာပြောပြရှာသောဆရာတော်ဦးမဟိန္ဒထံဝင်ရောက် ဦးခိုက်အားပေးမှုဖြစ်ပါသည်။ ဘန်ကောက်မြို့ သို့ ပြန်ရမည်ဖြစ်သောကြောင့်မိနစ်၂၀သာကြာမြင့်ခဲ့ သောတောရကျောင်းဆရာတော်
ဦးမဟိန္ဒနှင့်တွေ့ ဆုံဖုးမျှော်ခဲ့ရာတွင် အလုပ်သမားသံမှူး၏ယနေ့ တစ်နေ့ လုံးခပ်ပျော်ပျော်ဖြတ်သန်းခဲ့ရသော အနေအထားမှသည်---စိတ်မကောင်းသောမျက်နှာသွင်ပြင်နှင့် မဲဆောက်မြို့ တောရကျောင်းအားချင်းမိုင်မြို့ တော်ရှိ*၀ပ်ဆိုင်မွန်* ဘုန်းကြီးကျောင်းကဲ့သို့ တရားဝင်မြန်မာပိုင်ဘုန်းကြီးကျောင်း ဖြစ်စေရန်နိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ်ဒေါါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံအလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေ၊အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်နှင့်အခြားဆက်စပ် ပတ်သက်သမျှအားသူ(မိုးတစ်မိုး)ကကြိုးပမ်းဆောင်ရွက်ကာ ကုသိုလ်ယူသွားမည်ဟုယုံကြည်ရပါကြောင်း။
Photo-(မဲဆောက်မြို့ တောရကျောင်းမှာ)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဓာတ်ပုံ--ဦးဝင်း(JACBA)
သတင်းဆောင်းပါး--သောင်ရင်းနဂါး '
Photo-(မဲဆောက်ဒေသသံယောဇဉ်အလွန်နက်ရှိုင်းကြသူတွေ(သို့ ) အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်၏မဲဆောက်ခရီးစဉ် အတွင်းအမှတ်တရ (ဦးဝင်း-သံမှူးဦးမိုးအောင်ခိုင်-ဦးမိုးကြိုး-စိုင်းတွိ)'

No comments:
Post a Comment