>
+Public Health+
အရွယ်ရောက်သူ တစ်ဦးရဲ့ ပုံမှန် သွေးပေါင်ချိန်ဟာ (၁၂ဝ/၈ဝ) အပေါ်သွေး ၁၂ဝ၊ အောက်သွေး ၈ဝ ရှိသင့် ပါတယ်။
ဒီလို မရှိဘဲ သွေးပေါင်ချိန်ဟာ (၉ဝ/၆ဝ) အောက်ကို ထိုးဆင်း သွားခြင်းကို သွေးပေါင် ကျတယ်လို့ ခေါ်ပါတယ်။ ရုတ်တရက် သွေးပေါင်ကျတာဟာ ရုတ်တရက် သွေးတိုးခြင်းလိုပဲ အသက် အန္တရာယ် စိုးရိမ် ရပါတယ်။ နာတာရှည် သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းများ အဖို့ အောက်ဆီ ဂျင်ပြတ်လပ်ကာ နောက်ဆုံး နှလုံး၊ ဦးနှောက် အာရုံကြောနဲ့ သွေးပြန်ကြောတွေ ကိုပါ ထိခိုက် ပျက်စီး စေပါတယ်။
အမျိုးသား၊ အမျိုးသမီး ၁ဝ ဦးမှာ သုည ဒသမ ၅ ဦးနှုန်းခန့်ဟာ မွေးရာပါ သွေးပေါင်ကျ ရောဂါပါလာ တတ်ကြ ပါတယ်။ အာဟာရ ချို့တဲ့တာ၊ သွေးအားနည်းတာ၊ ရေဓာတ် ခန်းခြောက်တာ၊ ဟိုက်ပါ သိုင်းရွိုက်၊ ဆီးချို၊ ဂလူးကို့စ် ကျဆင်းတာ၊ ဟော်မုန်း မျှတမှု မရှိတာ၊ ဓာတ်မတည့်တာ၊ သွေးမလျှောက်ရောဂါ တွေကြောင့် သွေးပေါင်ကျ စေပါတယ်။ ဒါ့အပြင် သွေးတိုးကျဆေးတွေ ဆက်တိုက် သောက်သုံးခြင်း၊ နှလုံးရောဂါ ပျောက်ဆေး၊ လေဖြတ်ရောဂါနဲ့ အသည်းရောဂါဆေး မှီဝဲကြရသူတွေဟာ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရလို့ မကြာခဏ သွေးပေါင်ကျလေ့ ရှိပါတယ်။
သွေးပေါင်ကျတဲ့ ရောဂါလက္ခဏာတွေ ကတော့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်တာတွေပါပဲ။ ဒါ့အပြင် မူးနောက်နောက် အီလည်လည် ဖြစ်ပြီး အော့အန်မယ်၊ အမြင်အာရုံဝေဝါးပြီး ရေငတ်တတ်ပါတယ်။ နှုတ်ခမ်း၊ လက်ဖဝါး၊ မျက်တွင်းသား၊ ခြေဖဝါးနဲ့ အရေပြား အရောင်ဖျော့တော့ပြီး နှလုံးခုန်မမှန်ခြင်း၊ အသက်ပြင်းပြင်း မရှူနိုင်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ သတိမေ့မြောခြင်းနဲ့ ရုတ်တရက် မွန်းကျပ်ခြင်းတွေ ဖြစ်လာ တတ်ပါတယ်။ ဒီလို ဖြစ်လာရင် ခြေထောက်က သွေးတွေ နှလုံးထံသို့ ပြန်လည်စီးဆင်းလာဖို့ အိပ်ရာထက်မှာ ပက်လက်လှန်ပြီး ခြေထောက် နှစ်ချောင်းကို မိုးပေါ်ထောင်ကာ ကတ်ကြေးပုံစံ ကြက်ခြေခတ် လုပ်၍ အသာအယာ လှုပ်ရှားပေးပါ။ စိတ်ငြိမ်ပြီး အာရုံကြော အဖွဲ့အစည်းကို မျှတစေတဲ့ ယောဂကျင့်စဉ်ကို ဆောင်ရွက်ပါ။ အချိန်အကြာကြီး မတ်တတ် မရပ်ပါနဲ့။ ထိုင်ရာက ချက်ချင်း မတ်တတ်ထရပ်ခြင်း ဒါမှမဟုတ် တစ်ဖက်ကို ရုတ်တရက် ခေါင်းလှည့်ခြင်း မပြုလုပ်ရပါဘူး။ နေအပူရှိန် သို့မဟုတ် မီးပူဒဏ် မခံသင့်ဘူး။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃ဝ လောက် တရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါးစလုံး အတွက် သဘာဝ အားဖြည့်ဆေးပါပဲ။ ရက်သတ္တပတ်မှာ တစ်ကြိမ် လောက် ကျောရိုး အနှိပ်ခံ ပေးသင့်ပါတယ်။ ဖြည်းဖြည်း မှန်မှန် လမ်းလျှောက်ပြီး အသက်ရှူသွင်း လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး သောက်ရေ ရှစ်ခွက် ဒါမှမဟုတ် အရည်ရွှမ်းတဲ့ သစ်သီး များများ စားပေးရမယ်။ ဆားနဲ့ ဆိုဒီယမ်ဓာတ် ပါရှိတဲ့ အစားအစာတွေကလည်း သွေးပေါင် တက်စေ ပါတယ်။ (အလွန်အကျွံ မစားပါနဲ့) စပျစ်သီးခြောက် ၁ဝ လုံးကို ရေတစ်ညစိမ်ပြီး စားပါ။ ဒီနည်းအတိုင်း တစ်လတိတိ စားပေးပါက သွေးပေါင်ကို ပုံမှန် ဖြစ်လာစေပါတယ်။ ဗာဒံစေ့ကို နွားနို့ပူပူဖြင့် သောက်ခြင်း ကလည်း သွေးပေါင် ပြည့်စေတဲ့ အကောင်းဆုံး အိမ်တွင်းကုထုံး ဖြစ်ပါတယ်။ မြေပဲလှော် စားပေးပါ။ စွန်ပလွံသီးကို နွားနို့ နွေးနွေးနဲ့ တစ်နေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် သောက်ပေးပါ။ သဘာဝ ကြံရည် ကလည်း သွေးပေါင် ပြည့်စေ ပါတယ်။ ဂျုံမြက်ကို နွားနို့နဲ့ ပြုတ်ပြီး တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ ဗီတာမင်စီ ကြွယ်ဝတဲ့ သံပရာသီးကို ဆား၊ သကြားနဲ့ သင့်ရုံ ဖျော်သောက်ပေးခြင်း ကလည်း သွေးပေါင်ချိန် ပြန်တက် လာစေပါတယ်။ ကွေကာအုတ်က ခွန်အားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေ ပါတယ်။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ မုန်လာဥနီနဲ့ တရုတ်နံနံပင်တို့ကို စားပေးပါ။ တစ်နေ့တာ အစားအစာများထဲမှာ ဗီတာမင်ဘီ ဓာတ်ပေါင်းစုနဲ့ ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်တဲ့ အဆီနည်း အသား၊ ကြက်ဥ၊ နို့၊ နို့ထွက်ပစ္စည်းနဲ့ ချောကလက် စားပေးပါ။ ညအိပ်ရာဝင်ခါ နီးတိုင်း ကြက်သွန်ဖြူ နှစ်မြွှာစားပါ။ ဒါမှမဟုတ် ညအိပ်ရာ ဝင်ခါနီး ဂျင်စင်းဖျော်ရည် တစ်ခွက် သောက်ပေး နိုင်ပါတယ်။
ဒါ့အပြင် ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ ချင်း၊ ငရုတ်ကောင်း၊ သစ်ကြံပိုး ခေါက်နဲ့ မန်ကျည်းသီးကလည်း သွေးပေါင် တက်စေသလို ကျောက်ကပ်ကိုလည်း ကောင်းကျိုး ပြုပါတယ်။ ဆူးပန်းရွက်ဟာ သဘာဝ သွေးအားနည်း ပျောက်ဆေး ဖြစ်လို့ ဆီနိုင်နိုင်နဲ့ ကြော်စားပေးပါက ၂၄ နာရီ အတွင်း သွေးပေါင်ချိန် တက်လာ စေပါတယ်။ ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျခြင်း အတွက် သဘာဝ ဓာတ်စာတွေ ပါပဲ။ ကဖိန်းဓာတ် ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတွေက သွေးပေါင်ချိန်ကို ယာယီသာ တက်စေပါတယ်။ အမဲအသည်းကို ကြော်စားခြင်းက ချက်ချင်း သွေးပေါင် တက်လာစေတယ်လို့ ဆိုပါတယ်။ တချို့ သွေးအားနည်းရောဂါ လက္ခဏာတွေဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင် တူလို့ အတွေ့အကြုံ မရှိပါက ဆေးမှား သောက်တတ်ကြပါတယ်။ သွေးပေါင်ချိန် အရမ်း ထိုးကျလာချိန် သတိလစ် မေ့မြောခြင်း မဖြစ်စေဖို့ ခြေထောက် နှစ်ချောင်းကို အပေါ်သို့ ထောင်ထားပေးပါ။ ။
+ပေါက်ပေါက်+
Written by ရွှေတည်

Saturday, July 9, 2016
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment