ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 14, 2016

=လူထုကျန်းမာရေး(ကယ်လ်စီယမ်နှင့် ကျန်းမာရေး)=

> (ဒေါက်တာခင်မောင်လွင်)
+Public Health+

 ကယ်လ်စီယမ်နှင့် ကျန်းမာရေး အကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင်(FAME) နှင့် မြဝတီအဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြ လိုက်ပါသည်-

 မေး ။ ။ ဆရာခင်ဗျား ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး ကျန်းမာသန်စွမ်းဖို့ အတွက် အာဟာရဓာတ်တွေ ပြည့်စုံအောင် စားသောက်ဖို့ လိုအပ်တဲ့အခါမှာ ကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓာတ်ဟာလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ ကယ်လ်စီယမ်ဟာ ဘယ်လိုမျိုးဓာတ်ပစ္စည်းလဲ ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

 ဖြေ ။ ။ ကျွန်တော်တို့တစ်တွေ ကျန်းမာဖို့ အာဟာရ ပြည့်ဝအောင် စားသောက်ရာမှာ အာဟာရဓာတ် အားလုံး ခုနစ်မျိုးလိုအပ်ပါတယ်။ အဲဒါတွေကတော့ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ ရေနဲ့ အမျှင်ဓာတ်တို့ ဖြစ်ပါတယ်။ အဲ့ဒီထဲက သတ္တုဓာတ် ဆိုရာမှာ ကယ်လ်စီယမ်ဓာတ်ဟာ မရှိမဖြစ်ရှေ့ဆုံးက ပါဝင်နေပါတယ်။ ပမာဏအားဖြင့်လည်း အများဆုံး ပါဝင်နေတဲ့ သတ္တုဓာတ်တစ်ခု ဖြစ်ပါတယ်။ စုစုပေါင်း သတ္တုဓာတ်တွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ ကယ်လ်စီယမ်ဓာတ်တွေ ဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း ကနေ ၂ ရာခိုင်နှုန်း အထိ ရှိပါတယ်။ အရွယ်ရောက်သူတစ်ဦးမှာ ပျမ်းမျှ ကယ်လ်စီယမ် ပါဝင်မှုဟာ ၁ ဒသမ ၁ ကီလိုဂရမ်လောက် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးလို့ ပြောနိုင်ပါတယ်။

 မေး ။ ။ အဲဒီ ကယ်လ်စီယမ် သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက ဘယ်နေရာတွေမှာ အသုံးပြုတယ်ဆိုတာ သိပါရစေ။

 ဖြေ ။ ။ ခန္ဓာကိုယ်မှာ ရှိတဲ့ စုစုပေါင်းကယ်လ်စီယမ်ရဲ့ ၉၉ ရာခိုင်နှုန်းဟာ အရိုးနဲ့ သွားတွေမှာ အသုံးပြုပါတယ်။ အရိုးတွေတည်ဆောက်ဖို့အတွက် ကယ်လ်စီယမ်ကို အသုံးပြု ရပါတယ်။ အရိုးမှာရှိတဲ့ ကယ်လ်စီယမ်တွေဟာ ပုံစံနှစ်မျိုးနဲ့နေပါတယ်။ ပထမတစ်မျိုးက နေ့စဉ်ဝင်လိုက်၊ ထွက်လိုက်ပြုလုပ်နေတဲ့ ပုံသဏ္ဌာန် (Readily Exchangeable Calcium) နဲ့ နောက်တစ်မျိုးကတော့ ရေရှည် တည်ဆောက်ထားတဲ့ ပုံသဏ္ဌာန် (Stable Form Calcium) ဖြစ်ပါတယ်။ ပထမတစ်မျိုးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်တွေဟာ တစ်နေ့မှာ ၅ဝဝ မီလီမိုး (500 mmol/day) လောက် ဝင်လိုက်၊ ထွက်လိုက်နဲ့ ရှိနေပါတယ်။ ဥပမာ-သွေးထဲမှာ ကယ်လ်စီယမ်တွေ လိုအပ်ရင် ချက်ချင်းအရိုးကနေ ထုတ်ပေးပြီး ဖြည့်တင်းပေးပါတယ်။ ကယ်လ်စီယမ် ပါဝင်တဲ့အစားအစာတွေ စားလိုက်ရင် အရိုးထဲကို ပြန်ဝင်လာပါတယ်။ ဒီလိုနဲ့နေ့စဉ် အဝင်အထွက် ရှိနေပါတယ်။ သွားထဲမှာရှိတဲ့ ကယ်လ်စီယမ် ကတော့ အဝင်အထွက် ရယ်လို့ မရှိဘဲ သွားဆိုတာပေါင်းပြီးရင် အထဲမှာရှိတဲ့ ကယ်လ်စီယမ်ကို ပြန်ယူလို့ မရတော့ပါဘူး။ ကျန်တဲ့ ၁ ရာခိုင်နှုန်းသော ကယ်လ်စီယမ်တွေ ကတော့ သွေးထဲမှာရှိပြီး ပမာဏအားဖြင့် 10 mg/dl သို့မဟုတ် 2.5 mmol/L ရှိနေဖို့ လိုပါတယ်။ သွေးထဲမှာရှိတဲ့ ကယ်လ်စီယမ်တွေက ကြွက်သားတွေ အလုပ်ကောင်းကောင်း လုပ်ဖို့၊ အာရုံကြောတွေ အလုပ်ကောင်းကောင်း လုပ်ဖို့ (Nerve Conduction) နဲ့ ခန္ဓာကိုယ်ကနေ သွေးယိုစီးမှု ဖြစ်ရင် ချက်ချင်း ခဲသွားစေဖို့ (Blood Coagulation) အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပမာဏ အားဖြင့် ၁ ရာခိုင်နှုန်းသာ ရှိပေမယ့် အဲဒီ ၁ ရာခိုင်နှုန်းဟာ အမြဲပြည့်နေဖို့ လိုအပ်ပါတယ်။ နေ့စဉ်စားတဲ့အထဲမှာ ကယ်လ်စီယမ်ဓာတ် မလုံလောက်ခဲ့ရင် အရိုးကနေယူပြီး သုံးပါတယ်။ ဒါကြောင့် နေ့စဉ်ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ စားပေးဖို့ အထူးအရေးကြီးပါတယ်။

 မေး ။ ။ လူတစ်ယောက်အတွက် နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏကိုလည်း သိပါရစေ ဆရာ။

 ဖြေ ။ ။ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီးနဲ့ အခြေအနေပေါ် မူတည်ပြီး ကယ်လ်စီယမ် လိုအပ်ချက် ပမာဏကလည်း ကွဲပြားမှုရှိပါတယ်။

အကြမ်းဖျင်းအားဖြင့်တော့- (က) တစ်နှစ်အောက် ကလေးတွေမှာ မိခင်နို့ကနေ ကယ်လ်စီယမ်ဓာတ် ရပါတယ်။ ၂၅ဝ ကနေ ၅ဝဝ မီလီဂရမ်လောက်ပါဖို့ လိုပါတယ်။
  (ခ) တစ်နှစ်ကနေ သုံးနှစ်အထိက ၅ဝဝ မီလီဂရမ် လိုအပ်ပါတယ်။ (ဂ) လေးနှစ်ကနေစပြီး နှစ်စဉ်တစ်နှစ်ကို ၅ဝ မီလီဂရမ်လောက် တိုးပြီးလိုတာ ၁၈ နှစ် ဆိုရင် ၁၂ဝဝ မီလီဂရမ်လောက် လိုပါတယ်။ အရိုးတွေ ကြီးထွားမှု လျင်မြန်လို့ ဖြစ်ပါတယ်။ (ဃ) ၁၈ နှစ်နောက်ပိုင်းကျရင်တော့ ပုံမှန် လူကြီးတစ်ယောက်အနေနဲ့ ၈ဝဝ-၁ဝဝဝ မီလီဂရမ်လောက်ဆိုရင် လုံလောက်ပါတယ်။ (င) ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကတော့ ပိုလိုပါတယ်။ ၁ဝဝဝ- ၁၂ဝဝ မီလီဂရမ်လောက် လိုပါတယ်။ အဲဒီ လိုအပ်တဲ့ ပမာဏရရှိဖို့ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ နေ့စဉ် စားပေးဖို့ လိုအပ်ပါတယ်။

 မေး ။ ။ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ဘယ်လိုမျိုး အစားအစာတွေ ဆိုတာ ပြောပြပေးပါ။

 ဖြေ ။ ။ ကယ်လ်စီယမ်ပါဝင်မှု များတဲ့ အစားအစာတွေကတော့- (က) နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အများဆုံး ပါဝင်ပါတယ်။ နွားနို့၊ နို့မှုန့်၊ ဒိန်ချဉ်၊ ဒိန်ခဲ (Cheese) စတာတွေမှာ ပါဝင်မှုအများဆုံး ဖြစ်ပါတယ်။
 (ခ) တိရစ္ဆာန်ထွက် ပစ္စည်းတွေ ဖြစ်တဲ့ အရိုးပါ ဝါးစားနိုင်တဲ့ ငါးလေးတွေ ဥပမာ-ငါးသလဲထိုး၊ ငါးစင်ရိုင်း၊ ဆာဒင်းငါး(Sadine)၊ အခွံပါ ဝါးစားနိုင်တဲ့ ပုစွန်ဆိတ်လေးတွေ၊ ကြက်ဥ၊ ဘဲဥ စတာတွေမှာလည်း ကြွယ်ဝစွာပါဝင်ပါတယ်။
 (ဂ) တတိယအနေနဲ့ ပဲမျိုးစုံ (ဥပမာ-တိုဟူး၊ ပဲပိစပ်)နဲ့ အခွံမာအစေ့ အဆန်တွေ (ဥပမာ-သစ်ကြားသီး၊ အယ်လ်မွန်)မှာ ပါဝင်ပါတယ်။
 (ဃ) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံမှာ ပါဝင်ပါတယ်။ (ဥပမာ- ဟင်းရွက်စိမ်းများ၊ ဂေါ်ဖီပန်းပွင့်၊ လိမ္မော်သီး) (င) နောက်ဆုံးအနေနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ဆန်၊ ဂျုံနဲ့ အာလူးတို့မှာလည်း ပါဝင်ပါတယ်။

 မေး ။ ။ ဒါဆိုရင် နို့နဲ့ နို့ထွက်ပစ္စည်းနဲ့ အသားငါး မစားတဲ့သူတွေ တစ်နည်းအားဖြင့် သက်သတ်လွတ် စားတဲ့သူတွေအနေနဲ့ ကယ်လ်စီယမ်ဓာတ် လုံလုံလောက်လောက်ရဖို့ လွယ်ပါ့မလား ဆရာ။

 ဖြေ ။ ။ ဒီနေရာမှာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုရှိပါတယ်။ ခုနကပြောခဲ့တဲ့ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အထဲမှာ နံပါတ်(၁)က နို့နဲ့နို့ထွက်ပစ္စည်း၊ နံပါတ်(၂)က တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း။ ဒီတော့ ဒီနှစ်မျိုးကိုမစားရင် ကယ်လ်စီယမ် ချို့တဲ့ပြီး အရိုးတွေ ပျက်စီးနိုင်မယ်လို့ ထင်စရာရှိပါတယ်။ တစ်နည်းအားဖြင့် ကယ်လ်စီယမ် ချို့တဲ့တဲ့ လက္ခဏာတွေခံစားရမယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ မှာတော့ ပြောင်းပြန်ဖြစ်နေတာ တွေ့ရပါတယ်။ သက်သတ်လွတ် ရေရှည်စားတဲ့ သူတွေဟာ အရိုးပါး အရိုးပွရောဂါ ဖြစ်ပွားတဲ့နှုန်းဟာ အသားငါးစားသူတွေထက် ပိုမို လျော့နည်းနေတာ တွေ့ရပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ အသားငါး မစားတဲ့ သူတွေဟာ ဟင်းသီးဟင်းရွက် ပိုမိုစားဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ အရိုးခိုင်ဖို့ဆိုတာ ကယ်လ်စီယမ်ဓာတ် တစ်ခုတည်း လိုအပ်တာမဟုတ်ပါဘူး။ တခြားဓာတ်ပစ္စည်းတွေ ဖြစ်တဲ့ မဂ္ဂနီစီယမ်တို့၊ ဘိုရွန်တို့၊ ဗီတာမင်စီတို့ဟာ ဟင်းသီးဟင်းရွက် မှာသာ ပိုမိုပါဝင်နေလို့ ဖြစ်ပါတယ်။ အသားငါးစားတဲ့ သူတွေဟာ ဟင်းသီးဟင်းရွက် အစားနည်းခဲ့ရင် အရိုးပါးရောဂါ ရနိုင်ပါတယ်။

 မေး ။ ။ ကွမ်းယာ စားတဲ့အခါမှာ ထည့်တဲ့ ထုံးကရော ကျန်းမာရေးအတွက် အထောက်အကူ ပြု၊ မပြု သိချင်ပါတယ် ဆရာ။

 ဖြေ ။ ။ ကယ်လ်စီယမ်လို့ ပြောတဲ့အခါမှာ အော်ဂဲနစ်ကယ်လ်စီယမ်လို့ ခေါ်တဲ့ အပင်ကနဲ့ သတ္တဝါတွေကနေ တစ်ဆင့်ရတဲ့ ကယ်လ်စီယမ်ကသာ လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတာဖြစ်ပြီး အင်အော် ဂဲနစ်ကယ်လ်စီယမ်လို့ ခေါ်တဲ့ သဘာဝ ထုံးဓာတ်တွေကတော့ လူတွေရဲ့ကျန်းမာရေးကို ဘယ်လိုမှ အထောက်အကူ မပြုတဲ့အပြင် ဆိုးကျိုးတွေကိုသာ ရစေနိုင်ပါတယ်။ ထုံးမှုန့်အဖြူတွေကို ကယ်လ်စီယမ်အောက်ဆိုက်လို့ ခေါ်ပါတယ်။ ဒါကို လူစားလို့ မရပါဘူး။ သူ့ကို ရေနဲ့ရောလိုက်ရင် ကယ်လ်စီယမ် ဟိုက်ဒရောဆိုက်လို့ ခေါ်ပါတယ်။ ကွမ်းယာမှာပါတဲ့ အမျိုးအစားဖြစ်ပြီး အင်အော်ဂဲနစ် ကယ်လ်စီယမ် အမျိုးအစားတွေ ဖြစ်ပါတယ်။ ပါးစပ်ကနေ စားလိုက်ရင် ထိတွေ့တဲ့နေရာတွေမှာ ထိခိုက်တိုက်စား လောင်ကျွမ်းမှု ဖြစ်စေပါတယ်။ မျက်စိထဲဝင်ရင် မျက်ကြည်လွှာကို ပျက်စီးစေပါတယ်။ အစာအိမ်နဲ့ အူနံရံတွေကို ပျက်စီးစေပါတယ်။ သွေးကြော နံရံတွေကိုမာစေပြီး သွေးကြောတွေကို ကျဉ်းစေပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရောဂါတွေဖြစ်စေပါတယ်။ ကျောက်ကပ်မှာ
 ကျောက်တည်စေပါတယ်။ ဒါ့ကြောင့် ကွမ်းယာစားတဲ့ဓလေ့ဟာ ကျန်းမာရေးကို ထိခိုက်စေကြောင်း ပညာပေး ဟောပြောနေရတာ ဖြစ်ပါတယ်။

 မေး ။ ။ ဆရာခုနက ပြောသွားတဲ့ အထဲမှာ အော်ဂဲနစ်နဲ့ အင်အော်ဂဲနစ် ကယ်လ်စီယမ်ဆိုပြီး ပါသွားပါတယ်။ အဲ့ဒါကို ပိုပြီးနားလည်အောင် ရှင်းပြပေးပါဆရာ။

 ဖြေ ။ ။ အော်ဂဲနစ် မော်လီကျူးးဆိုတာက အပင်တွေ၊ တိရစ္ဆာန်တွေကနေ တစ်ဆင့် ရရှိတဲ့ ဓာတ်ပစ္စည်းတွေဖြစ်ပြီး အင်အော်ဂဲနစ်ကတော့ ရိုးရိုးသာမန် တွင်းထွက် ပစ္စည်း ရေထုမြေထုကရတဲ့ ဓာတ်ပစ္စည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ် တည်ဆောက်ပုံအရ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အဲ့ဒီလိုအပ်တဲ့ သတ္တုဓာတ် တွေကို တိုက်ရိုက် ရယူသုံးစွဲဖို့ မလွယ်ကူပါဘူး။ အခုပြောနေတဲ့ ကယ်လ်စီယမ်ဆိုရင် သဘာဝမှာ ထုံးကျောက်တောင်တွေ အများကြီးပဲ။ ရေမှာလည်း ထုံးဓာတ်ပါတဲ့ရေတွေကနေ တိုက်ရိုက်ယူလို့ မရပါဘူး။ အပင်ရဲ့အမြစ်ကနေတစ်ဆင့် ထုံးဓာတ်ကို စုပ်ယူပါတယ်။ ပြီးရင် အော်ဂဲနစ် မော်လီကျူးးတွေအဖြစ် အပင်ရဲ့ အစိတ်အပိုင်းအသီးသီးကို ရောက်ပါတယ်။ အဲ့ဒီအခါကျမှ လူနဲ့တိရစ္ဆာန်တွေ အသုံးပြုလို့ရတဲ့ ကယ်လ်စီယမ်ဘဝကို ပြောင်းသွားတာ ဖြစ်ပါတယ်။ ဥပမာ-နွားက မြက်ကိုစားရင် မြက်မှာပါဝင်တဲ့ ကယ်လ်စီယမ်တွေဟာ နွားထဲကိုရောက်ပြီး နွားအတွက် အသုံးပြုတဲ့အပြင် နွားနို့ထဲမှာပါလာတဲ့ အတွက် နို့ထွက်ပစ္စည်းတွေမှာ ပါလာတဲ့ ကယ်လ်စီယမ်တွေဟာ လူတွေအသုံးပြုနိုင်တဲ့ ပုံသဏ္ဌာန်ဖြစ်သွားပါတယ်။ အော်ဂဲနစ်ကယ်လ်စီယမ်ပါတဲ့ မော်လီကျူးအဓိက လေးမျိုးပဲရှိပါတယ်။ အဲ့ဒါတွေကတော့- * ကယ်လ်စီယမ်ကာဗွန်နိတ်(CaCO3) * ကယ်လ်စီယမ်ဖော့ စဖိတ် [Ca3(PO4)4] * ကယ်လ်စီယမ် စစ်ထရိတ် [Ca3(C6H5O7)2] * ကယ်လ်စီယမ် ဂလူကိုနိတ် [Ca(C6H11O7)2] တို့ဖြစ်ပါတယ်။

 မေး ။ ။ လူတစ်ယောက်မှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ရင် ဘယ်လိုမျိုး ရောဂါတွေ ဖြစ်နိုင်ပါသလဲ ဆရာ။

 ဖြေ ။ ။ အဓိကအနေနဲ့ အရိုးတွေ၊ သွားတွေ ခိုင်ခံ့မှု ထိခိုက်နိုင်ပါတယ်။ သွားတွေ မကြာခင် ပျက်စီးပြီး သွားပဲ့တာ၊ သွားပိုးစားတာတွေ ဖြစ်လွယ်ပါတယ်။ အရိုးတွေ မသန်မာတဲ့အတွက် ကလေးဘဝမှာဆိုရင် အရပ်မထွက်တာ၊ အရိုးပျော့ရောဂါ၊ အရိုးကျိုးလွယ်တာ ဖြစ်ပြီး လူကြီးတွေဆိုရင်လည်း အရိုးပါးအရိုးပွ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ကြွက်သားတွေ သန်မာမှုမရှိဘဲ မကြာခဏ ကြွက်တက်တာတွေ ဖြစ်တတ်ပါတယ်။ အသက်ရှူကျပ်တာ ဖြစ်ပြီး လည်ပင်းကြွက်သားတွေ ကြွက်တက်ရင် (Laryngospasm) အသက်ရှူလို့မရ ဖြစ်တတ်ပါတယ်။ နှလုံး ကြံက်သားတွေ အားနည်းလို့ အမောမခံနိုင် ဖြစ်တတ်ပါတယ်။ အာရုံကြောတွေ အားနည်းတတ်ပါတယ်။

 မေး ။ ။ နေ့စဉ် အစားအစာ မစားနိုင်တဲ့ သူတွေအနေနဲ့ ကယ်လ်စီယမ် ပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲလို့ ရပါသလား ဆရာ။

 ဖြေ ။ ။ ရပါတယ်။ အဓိက အနေနဲ့ ထုတ်လုပ်တဲ့ ဇာစ်မြစ်က အရေးကြီးပါတယ်။ အော်ဂဲနစ်ကယ်လ်စီယမ် ဖြစ်ဖို့လိုပါတယ်။ အင်အော်ဂဲနစ်ကယ်လ်စီယမ်ကနေ ထုတ်တဲ့ ဆေးဝါးဆိုရင်တော့ အကျိုးမပြုနိုင်ပါဘူး။ အပင်ကရတဲ့ ကယ်လ်စီယမ်ဖြစ်စေ၊ တိရစ္ဆာန်ကနေ ရတဲ့ကယ်လ်စီယမ်ဖြစ်စေ ကောင်းပါတယ်။ အကောင်းဆုံးကတော့ ပင်လယ်ရေညှိ တစ်မျိုးဖြစ်တဲ့ Algae Calcareas က ထုတ်လုပ်ထားတဲ့ ကယ်လ်စီယမ် ဖြစ်ပါတယ်။ ဆေးအနေနဲ့ သောက်ရင် ဗီတာမင် D3 ပါ ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ အူနံရံကနေ အလွယ်တကူ စုပ်ယူနိုင်မှာဖြစ်ပါတယ်။

 မေး ။ ။ ကယ်လ်စီယမ် ပါဝင်တဲ့ ဆေးဝါးတွေကို လိုအပ်တာထက်ပိုပြီး စားခဲ့ရင် အန္တရာယ် ပေးနိုင်ပါသလား ဆရာ။

 ဖြေ ။ ။ တန်ဆေးလွန်ဘေး ဆိုတဲ့စကားအတိုင်း ကယ်လ်စီယမ်ပါတဲ့ ဆေးဝါးတွေက လေ့လာ သတ်မှတ်ထားတဲ့ ဆေးညွှန်း အတိုင်းသာ စားရမှာဖြစ်ပါတယ်။ အထူးသဖြင့် အင်အော်ဂဲနစ်ကယ်လ်စီယမ် ဆေးဝါးတွေဆိုရင်တော့ ပိုပြီးသတိပြုဖို့ လိုပါတယ်။ အဓိကအနေနဲ့ သွေးထဲမှာ ကယ်လ်စီယမ်ဓာတ်တွေ များလာမှာပါ။ (Hypercalcemia) အဲ့ဒီရဲ့ နောက်ဆက်တွဲ အနေနဲ့ သွေးကြော နံရံတွေ၊ နှလုံးအဆို့ရှင်လေးတွေ၊ ကြွက်သားနဲ့ တခြား တစ်သျှူးးတွေမှာ ကျောက်တွေတည်ပြီး ကျောက်ကပ် ပျက်စီးတဲ့ အထိ ဖြစ်တတ်ပါတယ်။ အူနံရံကနေ တခြားသတ္တုဓာတ်တွေ စုပ်ယူမှုကို ဟန့်တားတဲ့အတွက် ဥပမာ-သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနိစ်ဓာတ်တွေ ချို့တဲ့လာနိုင်ပါတယ်။ ဒါ့ကြောင့် ကယ်လ်စီယမ်ပါဝင်တဲ့ ဆေးတွေ သောက်ရင် တခြားသတ္တုဓာတ် (ဥပမာ-သံဓာတ်ပါတဲ့အားဆေး) တွေနဲ့ အချိန်ခွဲ သောက်သင့်ပါတယ်။ ကယ်လ်စီယမ်ဆေးပြား ကို အစာစားပြီးမှ သောက်သင့်ပါတယ်။ ဝမ်းချုပ်တာတွေ ဖြစ်တတ်တဲ့အတွက် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ ပိုစားဖို့ လိုလာပါတယ်။

 မေး ။ ။ အခုလို ရှင်းပြပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။ မြဝတီစာဖတ် ပရိသတ်ကို ဘာများ ပြောချင်ပါသလဲ ဆရာ။ ဖြေ ။ ။ ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကို နေ့စဉ်စားပေးကြပါ။ အကယ်၍ မလုံလောက်ရင် ကယ်လ်စီယမ်ပါဝင်တဲ့ ဆေးတွေစားရင်တော့ အော်ဂဲနစ် Source ဖြစ်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

Written by မိုးဦး

 မြဝတီ

  Rest of your post

(ဒေါက်တာခင်မောင်လွင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)