ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 15, 2016

=လူထုကျန်းမာရေး(ကျွဲကောသီးနှင့် ကျန်းမာရေး)=

>
+Public Health+
 နေ့စဉ် စားသုံးနေသော သစ်သီးနှင့် ဟင်းသီးဟင်းရွက် တို့တွင် ကျန်းမာရေး အတွက် အထောက်အကူ ပြုနေသော အာဟာရဓာတ်များ များစွာ ပါဝင်နေပါသည်။ ထိုသစ်သီးနှင့် ဟင်းသီးဟင်းရွက် များထဲမှ ကျွဲကောသီးနှင့် ကျန်းမာရေး အကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (FAME) နှင့် မြဝတီ အဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ရ ပါသည်။

 မေး ။ ။ ပထမဆုံး အနေနဲ့ ကျွဲကောသီးနဲ့ ပတ်သက်လို့ မိတ်ဆက်စကားလေး အရင်ဆုံး ပြောပြ ပေးပါ ဆရာ။

 ဖြေ ။ ။ ကျွဲကောသီး ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ မသိသူ မရှိသလောက် ထင်ပေါ် ကျော်ကြားတဲ့ သဘာဝ သစ်သီးတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်လို ကတော့ Pomelo လို့ခေါ်ပြီး ရုက္ခဗေဒ အမည်ကတော့ Citrus Maxima ဖြစ်ပါတယ်။ ရှေ့က Citrus ဆိုတဲ့ အဓိပ္ပာယ်ကတော့ အရည်ရွှမ်းပြီး ချဉ်တဲ့ အရသာရှိတဲ့ သစ်သီးလို့ အဓိပ္ပာယ် ရပြီး ဥပမာ- Grapefruit ၊ လိမ္မော်သီး၊ သံပရာသီး စသည်တို့ ပါဝင်ပါတယ်။ အဲ့ဒီ အုပ်စုထဲမှာ အရွယ်အစား အနေနဲ့ အကြီးဆုံး ဖြစ်လို့ သူ့ရဲ့ Species နာမည်ကို Maxima လို့ ခေါ်တာ ဖြစ်ပါတယ်။ ကျွဲကောသီးရဲ့ မူရင်း ဒေသကတော့ ဆရာတို့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ မွန်ပြည်နယ်မှာ အဓိက စိုက်ပျိုး ဖြစ်ထွန်းပါတယ်။ ကျွဲကောသီးဟာ အပြင် အခွံထူတဲ့ အတွက် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး တာရှည် အထားခံ ပါတယ်။ အထဲမှာရှိတဲ့ အသားကလည်း အဖြူ၊ အစိမ်းနု၊ အဝါနု၊ ပန်းရောင်၊ နှင်းဆီနီရောင် စသည်ဖြင့် ကွဲပြား ခြားနားသလို အရသာ အားဖြင့်လည်း အချဉ်ဓာတ် အနည်း၊ အများ ကွာခြားမှု ရှိပါတယ်။ ဘယ်လိုပဲ ပြောပြော ကျွဲကောသီး ကတော့ ကျွန်တော်တို့ မြန်မာတွေ ကြိုက်တဲ့ သစ်သီးတစ်ခုလို့ ပြောရင် မမှားပါဘူး။

 မေး ။ ။ ကျွဲကောသီး စားရင် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို သိချင်ပါတယ် ဆရာ။ 

 ဖြေ ။ ။ ရရှိနိုင်တဲ့ အကျိုး ကျေဇူးတွေ ကတော့ - (၁) သွားနဲ့ သွားဖုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးခြင်း၊ (၂) အရိုးပါး၊ အရိုးပွ ရောဂါကို ကာကွယ်ပေးခြင်း၊ (၃) အနာကျက် မြန်စေခြင်း၊ (၄) ခြေသလုံး ကြွက်တက်ခြင်းကို သက်သာစေခြင်း၊ (၅) ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေခြင်း၊ (၆) အသက်ရှည် နုပျိုစေခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေဇူးတွေကို ရရှိစေပါတယ်။

 မေး ။ ။ ကျွဲကောသီးဟာ သွားနဲ့ သွားဖုံးရောဂါတွေ မဖြစ်အောင် ဘယ်လိုများ ကာကွယ် ပေးပါသလဲ ဆရာ။

 ဖြေ ။ ။ သွားနဲ့ သွားဖုံးတွေ ကောင်းဖို့ အဓိက လိုအပ်တဲ့ အာဟာရတွေ ထဲမှာ အရေးပါဆုံး ကတော့ ဗီတာမင် စီပဲ ဖြစ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် သွားဖုံးတွေ ရောင်ပြီး သွေးယိုစီး တတ်ပါတယ်။ သွားတွေလည်း ခိုင်ခံ့မှု မရှိဘဲ နဲ့လာပြီး ကျွတ်လွယ်ပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့အောင် တွယ်ဆက် ထားတဲ့ ကိုလာဂျင် တစ်သျှူးတွေ လုံလောက်စွာ ရှိနေစေဖို့ ဗီတာမင်စီ ကြွယ်ဝတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေ မကြာခဏ စားပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီထဲမှာ ကျွဲကောသီးဟာ အစွမ်းထက်ဆုံး ထဲမှာ ပါဝင် ပါတယ်။ ဒါ့အပြင် အရိုးတွေ ခိုင်စေဖို့လည်း များစွာ အထောက်အကူ ပြုပါတယ်။

 မေး ။ ။ အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ရေး အတွက် ဘယ်လိုများ အထောက်အကူ ပြုပါသလဲ ဆရာ။

 ဖြေ ။ ။ အသက် ၄ဝ ကျော်တဲ့ အမျိုးသမီး တွေနဲ့ အသက် ၅ဝ ကျော်လာတဲ့ အမျိုးသားတွေမှာ အရိုးပါး၊ အရိုးပွရောဂါ စတင် ဖြစ်ပွားပါတယ်။ ပြီးရင် အသက်ကြီး လာလေလေ အရိုးတွေက ပိုမိုပျက်စီး လေလေ ဖြစ်ပါတယ်။ အဲ့ဒီလို မဖြစ်ရလေအောင် အရိုး ခိုင်စေမယ့် အစားအစာတွေကို လုံလုံ လောက်လောက် နေ့စဉ် စားပေးဖို့ လိုပါတယ်။ အဲ့ဒီ အထဲမှာ ကယ်လ်စီယမ်တွေ၊ ဗီတာမင်ဒီတွေ ကတော့ အဓိက လိုအပ်တဲ့ ကုန်ကြမ်းတွေပေါ့။ ဒါ့အပြင် တခြား အနည်းငယ်စီ လိုအပ်တဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင် ဓာတ်တွေဟာ ကျွဲကောသီးမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဗီတာမင်စီ များစွာ ပါဝင်တဲ့ အတွက် အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ရေး အတွက် အထောက်အကူ ပြုပါတယ်။ တကယ်တော့ အရိုးပါးရောဂါ ဆိုတာ "Scurvy of the Bone" လို့ ဆေးပညာရှင်တွေက ပြောလေ့ ရှိပါတယ်။ ဆိုလိုတာ ကတော့ အရိုးမှာ ဗီတာမင်စီ ချို့တဲ့လို့ ဖြစ်တဲ့ရောဂါလို့ ပြောတာပါ။ 

 မေး ။ ။ အနာကျက် မြန်စေတဲ့ အာနိသင်နဲ့ ပတ်သက်လို့ ရှင်းပြပေးပါ။ 

 ဖြေ ။ ။ ကျွဲကောသီးရဲ့ အနာကျက် မြန်စေတဲ့ အာနိသင်ဟာ သူ့မှာ ကြွယ်ဝစွာ ပါဝင်နေတဲ့ ဗီတာမင်စီကြောင့် ဖြစ်ပါတယ်။ ဗီတာမင်စီဟာ အနာရောဂါတွေမှာ ပြန်လည် တည်ဆောက်တဲ့ ကိုလာဂျင်လို့ ခေါ်တဲ့ တစ်သျှူးတွေ တည်ဆောက်ရာမှာ အဓိက လိုအပ်ပါတယ်။ ကျွဲကောသီး ၁ဝဝ ဂရမ်စားရင် ဗီတာမင်စီ (သဘာဝ) ၆၁ မီလီဂရမ်တောင် ရတော့ အတော်လေး များပါတယ်။ ဒါကြောင့် အနာကျက် မြန်ချင်ရင် ကျွဲကောသီး သာမက တခြား Citrus Fruit တွေလည်း စားပေးသင့်ပါတယ်။ ဒါ့အပြင် ကျွဲကောသီးမှာ ပါတဲ့ ဓာတ်ပစ္စည်း တချို့ဟာ အနာကို ဗက်တီးရီးယားတွေ မဝင်အောင်လည်း ဟန့်တားနိုင်စွမ်း ရှိပါတယ်။

 မေး ။ ။ ခြေသလုံး ကြွက်တက်တာ သက်သာစေတဲ့ အာနိသင်ကိုလည်း ရှင်းပြပေးပါ။ 

 ဖြေ ။ ။ ခြေသလုံး ကြွက်တက်ရင် အင်မတန်မှ ခံရ ခက်ပါတယ်။ ကြွက်တက်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး အမျိုးအစား ခွဲခြား ထားပါတယ်။ ဥပမာ-ရေအေးထဲမှာ ရေကူးတဲ့သူတွေ ကြွက်တက်ရင် Swimmer's Cramp လို့ ခေါ်ပါတယ်။ ပူတဲ့ရာသီမှာ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားလို့ ကြွက်တက်ရင် Heatcramp လို့ ခေါ်ပါတယ်။ တစ်ခါတလေ ခြေထောက် နှစ်ချောင်းကို ပုံစံ အနေအထား တစ်ခုခုမှာ အကြာကြီး နေရရင် (ဥပမာ-အကြာကြီး ရပ်နေတာမျိုး၊ ထိုင်နေတာမျိုး)လည်း ခြေသလုံး ကြွက်တက်တာ ဖြစ်တတ်ပါတယ်။ အဓိက အနေနဲ့ ကြွက်သားတွေ ဆီကို သွားတဲ့ သွေးလှည့်မှု လျှော့ နည်းသွားလို့၊ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရလို့ ခြေသလုံး ကြွက်တက်ရခြင်း ဖြစ်ပါတယ်။ ကျွဲကောသီး စားရင် သူ့မှာ ပါဝင်နေတဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကြောင့် ကြွက်မတက်အောင် ကာကွယ် ပေးပါတယ်။ 

 မေး ။ ။ ကျွဲကောသီး စားရင် ဝမ်းမှန်စေတယ် ဆိုတာရော ရှင်းပြပေးပါ။ 

 ဖြေ ။ ။ ဝမ်းမှန်ဖို့ အတွက် အဓိက လိုအပ်တဲ့ အာဟာရဓာတ် နှစ်ခု ကတော့ ရေဓာတ်နဲ့ အမျှင်ဓာတ်တို့ပဲ ဖြစ်ပါတယ်။ ကျွဲကောသီး စားရင် ရေဓာတ်က ၈၉ ရာခိုင်နှုန်း ရရှိပြီး အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်စေပြီး ဝမ်းမချုပ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့်မို့ ဝမ်းချုပ်ရင် ဖြစ်တတ်တဲ့ ရောဂါတွေ ဖြစ်တဲ့ လိပ်ခေါင်း ရောဂါနဲ့ အူမကြီးကင်ဆာ ကာကွယ်ရေးမှာပါ များစွာ အထောက်အကူ ပြုပါတယ်။

 မေး ။ ။ ကျွဲကောသီးဟာ အသက်ရှည် နုပျိုစေတယ်လို့ ဘာ့ကြောင့် ပြောနိုင်တာပါသလဲ ဆရာ။ 

 ဖြေ ။ ။ ကျွဲကောသီးရဲ့ ထူးခြားချက် တစ်ခုကတော့ သူ့ထဲမှာ စပါမီဒင်း (Spermidine) ဆိုတဲ့ ဓာတ်ပစ္စည်း တစ်ခု ပါဝင်ပါတယ်။ စပါမီဒင်းက ဘယ်မှာ အဓိက ပါသလဲ ဆိုရင် အမျိုးသားတွေရဲ့ သုတ်ပိုး (Sperm) မှာ အများဆုံး ပါဝင်ပါတယ်။ သုတ်ပိုးကို မပျက်စီးဘဲ တာရှည်ခံအောင် ပြုလုပ်ပေးတဲ့ ဓာတ်ပစ္စည်း ဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်ပစ္စည်းကြောင့် သုတ်ပိုးတွေဟာ မပျက်စီးဘဲ အမြဲ ရှင်သန်နေတာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ပြင်ပ အစားအစာတွေထဲမှာ စပါမီဒင်း ပါဝင်မှုများတဲ့ သဘာဝ သစ်သီးတွေ အနက် ကျွဲကောသီးက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ နိုင်ငံတကာ သုတေသနတွေ အရ စပါမီဒင်း ပေးလိုက်ရင် သွေးထဲမှာရှိတဲ့ သွေးနီဥ၊ သွေးဖြူဥ (Blood Cells) တွေရဲ့ သက်တမ်းဟာ ပိုမို ကြာရှည်တာ တွေ့ရပါတယ်။ ဒါ့အပြင် ယင်ကောင်၊ ရိစ်ဆဲလ် (Yeast) နဲ့ သန်ကောင် (Worms) တွေရဲ့ သက်တမ်း ဟာလည်း ပိုမိုရှည်ကြာတာ တွေ့ရပါတယ်။ ကြွက်ဖြူ (White Mice) တွေမှာ စမ်းသပ်တဲ့ အခါမှာလည်း စပါမီဒင်းဟာ ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်စွမ်း ရှိတယ် ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် စပါမီဒင်း ပါဝင်တဲ့ ကျွဲကောသီးကို စားရင် ခန္ဓာကိုယ် ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့ အတွက် အသက်ရှည် နုပျို စေတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျွဲကောသီးမှာ ဗီတာမင်စီ အစရှိတဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ် တချို့ဟာ အင်တီအောက်စီဒင့် အာနိသင် ရှိပါတယ်။ ဒါကြောင့် ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီး ပေးနိုင်စွမ်း ရှိပါတယ်။ ဖရီးရယ်ဒီကယ်ဆိုတာ ခန္ဓာကိုယ် ပျက်စီးအောင်၊ အိုမင်းရင့်ရော်အောင် ပြုလုပ်ပေး တာမို့ သူတို့တွေကို ဖျက်ဆီး ပေးခြင်းဟာ နုပျိုခြင်းကို ဖြစ်စေပါတယ်။ ဒီအချက် နှစ်ခုကြောင့် ကျွဲကောသီး ဟာ အသက်ရှည် နုပျိုစေခြင်းကို အားပေးရာ ရောက်ပါတယ်။ ဒါကြောင့် အသက်ရှည် နုပျိုစေချင်ရင် ကျွဲကောသီးတို့၊ Grapefruit တို့ အပါအဝင် သစ်သီး မျိုးစုံ စားပေး သင့်ပါတယ်။ 

 မေး ။ ။ တချို့လူတွေမှာ ကျွဲကောသီး စားရင် မတည့်ဘူးလို့ ပြောကြပါတယ် ဆရာ။ အဲ့ဒါကရော ဖြစ်တတ် ပါသလား။ ဘာကြောင့်ဖြစ်တယ် ဆိုတာလဲ သိပါရစေ။

 ဖြေ ။ ။ ဖရဲသီး အပါအဝင် ချဉ်ပြီး အရည်ရွှမ်းတဲ့ သစ်သီးအများစု (Citrus Fruits) မှာ ပရိုဖိုင်လင် (Profilins) လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ပါဝင် ပါတယ်။ အဲ့ဒီ ပရိုတင်းဟာ လူအများစု အတွက် ဘာမှ ပြဿနာ မဖြစ်ပေမယ့် တချို့သူတွေမှာ ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။ အဲ့ဒီ လူတွေရဲ့ ခုခံအား စနစ် (Immune System) က မှားယွင်းပြီး ပရိုဖိုင်လင်ကို ရန်သူအဖြစ် သတ်မှတ်ပါတယ်။ အဲ့ဒီတော့ အင်တီဘော်ဒီ (Antibo-dies to Profilins) တွေနဲ့ ဟစ်တမင်း (Histamines) တွေ ထွက်လာပါတယ်။ ပြီးရင် ရန်သူလို သတ်မှတ်ထားတဲ့ ပရိုဖိုင်လင်တွေကို တိုက်ခိုက် ချေမှုန်းပါတော့တယ်။ အကျိုးဆက် အနေနဲ့ ကာယကံရှင်ဟာ ကြီးမား ပြင်းထန်တဲ့ ဓာတ်မတည့်မှု (Severe Allergic Reaction to Citrus Fruits) ဖြစ်လာ ပါတယ်။ တချို့ သိပ်ဆိုးရင် သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တခြား ချဉ်ပြီး အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ (Citrus Fruits) မတည့်သူတွေဟာ ကျွဲကောသီးကိုလည်း ရှောင်ရပါမယ်။ 

 မေး ။ ။ ဆရာ့ အနေနဲ့ မြဝတီ စာဖတ်ပရိသတ်ကြီးကို ဘာများ ထပ်ပြောချင်ပါ သေးသလဲ။
 ဖြေ ။ ။ အရေးကြီးတာ တစ်ခု ကျန်နေသေးလို့ ပြောချင်ပါတယ်။ ကျွဲကောသီးက အသည်းမှာ ရှိတဲ့ CYP 450 3A4 အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကို ဟန့်တားနိုင်စွမ်း ရှိပါတယ်။ အဲ့ဒီ အင်ဇိုင်းတွေဟာ အနောက်တိုင်း ဆေးဝါးတချို့ကို ဓာတ်ပြယ် စေအောင် ပြုလုပ် ပေးပါတယ်။ ဒါကြောင့် အဲ့ဒီ ဆေးဝါးတွေဟာ ပုံမှန် ပျက်စီးခြင်း မရှိတော့ဘဲ သွေးထဲမှာ စုပုံ လာပါတယ်။ နေ့စဉ် သောက်ရင်းနဲ့ တစ်နေ့တခြား များလာပြီး သောက်တဲ့သူကို Drug Overdose ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ကျွဲကောသီးဟာ အနောက်တိုင်း ဆေးတချို့နဲ့ အတူတွဲ မစားသင့်ပါဘူး။ အထူး သတိထားဖို့ လိုတဲ့ ဆေးတွေ ကတော့- (က) စိတ်ရောဂါအတွက် အသုံးပြုတဲ့ဆေးတွေ (Psychotropics and Antidepressants) ဥပမာ- Diazepam (ခ) အဆီကျဆေးတွေ (Anti-cholesterol) ဥပမာ- Lvastatin, Crivastatin (ဂ) သွေးတိုးကျဆေးတွေ Antihypertensives) ဥပမာ- Amiodarone (Cordarone), Losar- tan, Nifedipine (ဃ) ပဋိဇီဝဆေးတချို့ (Antimicrobials) ဥပမာ- Erythromycin, Quinine, Itra-conazole အဲ့ဒါကြောင့် အနောက်တိုင်း ဆေးတွေ သောက်နေသူ တွေဟာ ကျွဲကောသီးကို စားရင် ဆေးနဲ့ ၆ နာရီလောက် ခြားပြီးမှသာ စားသင့်ပါတယ်။ တစ်နေ့ ဆေး လေးကြိမ် သောက်နေရတဲ့ အခြေအနေမှာ မစားသင့်ဘူးလို့ သတိပေး ပြောကြား ချင်ပါတယ်။ ထို့ကြောင့် သဘာဝ ဆေးဖက်ဝင် ကျွဲကောသီးကို စားသုံးခြင်းဖြင့် ကျန်းမာ ရွှင်လန်း နေထိုင်ကြပါစို့ဟု မြဝတီက တိုက်တွန်း လိုက်ရ ပါသည်။ ။

 Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)