ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 2, 2016

=လူထုကျန်းမာရေး(ဒူးရင်းသီးနှင့် ကျန်းမာရေး)=

>
+Public Health+
 နေ့စဉ် စားသုံးနေသော သစ်သီးနှင့် ဟင်းသီးဟင်းရွက် တို့တွင် ကျန်းမာရေး အတွက် အထောက်အကူ ပြုနေသော အာဟာရဓာတ်များ များစွာ ပါဝင်နေပါသည်။ ထိုသစ်သီးနှင့် ဟင်းသီးဟင်းရွက် များထဲမှ ဒူးရင်းသီးနှင့် ကျန်းမာရေး အကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (Fame) နှင့် မြဝတီအဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ရ ပါသည်။

 မေး။ ။ ပထမဆုံး အနေနဲ့ ဒူးရင်းသီးရဲ့ မူရင်းဒေသဟာ ဘယ်နိုင်ငံ ဘယ်ဒေသတွေ ဖြစ်သလဲ ဆိုတာ အရင်ဆုံး ပြောပြ ပေးစေချင် ပါတယ်။

 ဖြေ။ ။ ဒူးရင်းသီးပင်ရဲ့ မူရင်းဒေသ ကတော့ ဆရာတို့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှဒေသ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ တွေမှာ အဓိက ပေါက်ရောက်ပါတယ်။ အဲ့ဒီကနေ တစ်ဆင့် တခြား အရှေ့တောင်အာရှ နိုင်ငံတွေကို ပျံ့နှံ့ ရောက်ရှိပါတယ်။ အနောက်နိုင်ငံ တွေကိုတော့ လွန်ခဲ့တဲ့ နှစ် ၆ဝဝ လောက် ကတည်းက စတင် ပျံ့နှံ့ ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ သမိုင်း အထောက်အထားတွေ အရ သိရှိရ ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း မလေးရှား ဘက်ကနေ တစ်ဆင့် ဝင်တာ ဆိုတော့ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး တွေမှာ အများဆုံး စိုက်ပျိုး ဖြစ်ထွန်း ပါတယ်။

  မေး။ ။ ဒူးရင်းသီး ဘယ်နှမျိုးလောက် ရှိပါသလဲဆရာ..တချို့ကျတော့ အရွယ် သေးသေးလေး ဖြစ်ပြီး တချို့ကျတော့ အရွယ်အစား ကြီးတော့ ဘယ်နှမျိုးလောက် ရှိသလဲ ဆိုတာ သိချင်ပါတယ်။

 ဖြေ။ ။ ဒူးရင်းသီးကို ရုက္ခဗေဒအရ အမျိုးအစား ခွဲခြားထားတာ ရှိပါတယ်။ မျိုးရင်း (Family) အနေနဲ့ Malvaceae မှာ ပါဝင်ပြီး မျိုးစု (Genus) ကတော့ Durio ဖြစ်ပါတယ်။ အဲ့ဒီ မျိုးစုထဲမှာမှ မျိုးစိတ် (Species) ၃ဝ လောက် ရှိပါတယ်။ ဒါပေမဲ့ လူတွေ စားလို့ရတဲ့ မျိုးစိတ်ကတော့ ကိုးခုပဲ ရှိပါတယ်။ အဲ့ဒီ ကိုးခု ထဲမှာမှ နိုင်ငံတကာ ဈေးကွက်ဝင်တဲ့ မျိုးကတော့ Durio Zibethinus ဖြစ်ပါတယ်။ ကျန်တဲ့ မျိုးစိတ်တွေ ကတော့ ဒေသ တစ်ခုနဲ့တစ်ခု ကွဲပြား ပါတယ်။ မြန်မာနိုင်ငံမှာတော့ လေးမျိုးလောက် တွေ့ရပါတယ်။ မျိုးစိတ်ပေါ် မူတည်ပြီး အထဲမှာ ရှိတဲ့ အသားရဲ့ အရောင်အဆင်း၊ အနံ့ အရသာ၊ အရွယ်အစား ကွာခြားသွားတာ ဖြစ်ပါတယ်။ 

 မေး။ ။ ဒူးရင်းသီးဟာ အနံ့ပြင်းတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လိုကြောင့် အနံ့ပြင်းရသလဲ ဆိုတာ သိချင် ပါတယ်ဆရာ။ 

 ဖြေ။ ။ မှန်ပါတယ်။ သစ်သီးတွေ အားလုံးထဲမှာတော့ ဒူးရင်းသီးရဲ့ အနံ့ဟာ အပြင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် "the world's smelliest fruit" လို့တောင် ခေါ်ဆို ကြပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ အနံ့ကို ပေးတဲ့ ဓာတ်ပစ္စည်းကို ရှာဖွေရာမှာ တစ်မျိုးတည်း မဟုတ်ကြောင်း တွေ့ရပါတယ်။ အနံ့ရှိတဲ့ ဓာတုပစ္စည်း မျိုးစုံ ပေါင်းစပ်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆာလဖာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကြောင့် ဖြစ်ကြောင်း သိရပါတယ်။ အဓိက ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ ကတော့ ဟိုက်ဒရိုဂျင် ဆာလဖိုက်၊ အီသိုင်းဟိုက်ဒရို ဆာလဖိုက်နဲ့ ဒိုင်အီသိုင်း ဟိုက်ဒရိုဆာလဖိုက်တို့ ဖြစ်ပါတယ်။ ဒီလိုမျိုး ဓာတ်ပစ္စည်းတွေ ပေါင်းစပ် ထွက်ပေါ် လာတဲ့ အနံ့ဟာ ပြင်းလွန်းလို့ တချို့ နိုင်ငံတွေမှာ ဒူးရင်းသီးကို ယူဆောင်တာ ဥပဒေနဲ့ကို တားမြစ်ထားတာ ရှိပါတယ်။ ဥပမာ စင်ကာပူမှာ ဆိုရင် လူအများ စီးနင်းတဲ့ ဘတ်စ်ကားတွေ၊ မီးရထားတွေပေါ်မှာ ဒူးရင်းသီး သယ်ယူခွင့် မပြုပါဘူး။ တွေ့ရင် စင်ကာပူဒေါ်လာ ၅ဝဝ ဒဏ်တပ်ခံရမယ် ဆိုပြီး တရားဝင် ကြော်ငြာ ကပ်ထားတာ တွေ့ရပါတယ်။ အလားတူပါပဲ တချို့နိုင်ငံတွေရဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်ကြီးတွေမှာ ဆိုရင် ဒူးရင်းသီးကို ယူဆောင်ခွင့် မပြုတာ တွေ့ရှိရ ပါတယ်။ 

 မေး။ ။ အခုလို အာဟာရဓာတ်တွေ ပါဝင်တော့ ကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူ ပြုပါသလဲ ဆရာ။ 

 ဖြေ။ ။ ဒူးရင်းသီး စားရင် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့-
 (၁) ဆာလောင်မှုကို ပြေပျောက်စေပြီး အားအင် တိုးစေပါတယ်။
 (၂) စိတ်ဖိစီးမှုကို သက်သာစေပြီး ညအိပ် ပျော်စေပါတယ်။
 (၃) ခန္ဓာကိုယ် ခုခံအားစနစ်ကို အထောက် အကူ ပြုပါတယ်။ 
(၄) သွေးပေါင်ချိန်ကို မှန်ကန်စေပြီး သွေးတိုးရောဂါသည်များ သွေးပေါင်ကျဖို့ အထောက်အကူ ပြုပါတယ်။ (၅) အရေပြား ချောမော လှပ စေပါတယ်။ 

 မေး။ ။ ဒူးရင်းသီးဟာ အသက်အရွယ်မရွေး လူတိုင်း စားလို့ရတဲ့ အသီးတစ်ခု ဟုတ်၊ မဟုတ် ဆိုတာရယ်၊ ဘယ်လို လူမျိုးတွေ ကျရင်တော့ သတိထား ရှောင်ကြဉ်ရမယ် ဆိုတာလည်း သိပါရစေ။

 ဖြေ။ ။မှန်ပါတယ်။ ဒါ အင်မတန်မှ အရေးကြီး ပါတယ်။ ဒူးရင်းသီးဟာ လူအများစု စားနိုင်ပေမယ့် တချို့ သူတွေမှာ အခြေအနေနဲ့ အချိန်အခါ အရ ရှောင်ကြဉ်သင့်တဲ့ အခြေအနေလေးတွေ ကိုလည်း ပြောပြ ချင်ပါတယ်။ (က) ဆီးချို သွေးချို ဝေဒနာရှင်တွေ (ခ) ကျောက်ကပ် အားနည်းသူတွေ (ဂ) ကိုယ်ဝန်ဆောင် မိခင်တွေ (ဃ) အရက် သောက်လေ့ သောက်ထ ရှိသူတွေကတော့ သတိထားပြီး စားရပါမယ်။ လိုအပ်ရင် ရှောင်ရ ပါမယ်။ 

 မေး။ ။ ဆီးချို သွေးချို ရောဂါ ရှိသူတွေ အနေနဲ့ ဒူးရင်းသီး စားလို့ ရ၊ မရ သိချင်ပါတယ် ဆရာ။ 

 ဖြေ။ ။ ဆီးချို သွေးချို ဝေဒနာသည်တွေဟာ သစ်သီး စားရင်အုပ်စု (၃)စု ခွဲပြီးမှ စားရပါတယ်။ (က) ပထမ အုပ်စုကတော့ အချဉ်ဓာတ် များတဲ့ သစ်သီးတွေ ဖြစ်တဲ့ ရှောက်သီး၊ သံပရာသီး စတဲ့ အသီးတွေကို လွတ်လပ်စွာ စားနိုင်ပါတယ်။ (ခ) အချဉ်ဓာတ်နဲ့ အချိုဓာတ် မျှတစွာပါဝင်တဲ့ အသီးတွေ ဖြစ်တဲ့ လိမ္မော်သီး၊ ပန်းသီး၊ နာနတ်သီး၊ ကျွဲကောသီး စတဲ့ အသီးတွေကိုတော့ အတော်အသင့် စားနိုင်ပါတယ်။ 

ဂ) အချိုဓာတ်များတဲ့ အသီးတွေ ဖြစ်တဲ့ ဒူးရင်းသီး၊ သြဇာသီး၊ သရက်သီး အမှည့်၊ ဖရဲသီး စတာတွေ ကိုတော့ အတတ်နိုင်ဆုံး ရှောင်ကြဉ် ရပါမယ်။ ဒါကြောင့် ဒူးရင်းသီးဟာ အချိုဓာတ် များတဲ့ အထဲမှာ ပါဝင်လို့ ဆီးချို တက်နေတဲ့သူတွေ မစားရပါဘူး။ သိပ္ပံနည်းကျ ပြောရရင် High Glycemic Index လို့ ခေါ်တဲ့ သွေးတွင်း သကြားဓာတ် တက်စေသော ညွှန်းကိန်း မြင့်မားတဲ့အတွက် ဆီးချို တက်စေပါတယ်။ ဆီးချို ကျနေရင်တော့ နည်းနည်းပါးပါး ချင့်ချိန် စားနိုင်ပါတယ်။

 မေး။ ။ ကျောက်ကပ် အားနည်းသူတွေကရော ဘာ့ကြောင့် ဒူးရင်းသီးကို ရှောင်ဖို့ လိုတာပါလဲ ဆရာ။ 

 ဖြေ။ ။ ဒူးရင်းသီးမှာ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ 100 g မှာ 436 mg တောင် ပါပါတယ်။ ပိုတက်စီယမ် ဆိုတာ သွေးထဲမှာ လိုအပ်သလောက်သာ ရှိရပါမယ်။ ပိုနေရင် ကျောက်ကပ်ကနေ၊ ဆီးကနေ တစ်ဆင့် အပြင်ကို စွန့်ထုတ် ရပါတယ်။ ကျောက်ကပ် အားနည်းနေတဲ့ သူတွေ ကျတော့ ပိုတက်စီယမ် တွေကို အပြင်ကို ကောင်းကောင်း မစွန့်ထုတ်နိုင်လို့ သွေးထဲမှာ ပိုတက်စီယမ်တွေ များလာပါတယ်။ အဲ့ဒီအခါမှာ ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအစာတွေ အထူးသဖြင့် သစ်သီးတွေ ရှောင်ဖို့ လိုအပ် လာပါတယ်။ အဲ့ဒီထဲမှာ ဒူးရင်းသီးလည်း ပါပါတယ်။ ကျောက်ကပ် ပြန်ကောင်း လာရင်တော့ (ပိုတက်စီယမ် ကျလာရင်တော့) နည်းနည်းချင်း ပြန်စား နိုင်ပါတယ်။

 မေး။ ။ ကိုယ်ဝန်ဆောင် မိခင်တွေ ဒူးရင်းသီးကို သတိထားပြီး စားပါ ဆိုတာကရော ဘာကြောင့်ပါလဲ ဆရာ။ 

 ဖြေ။ ။ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဒူးရင်းသီး မစားရဘူးလို့ မဆိုလို ပါဘူး။ သတိထားပြီး အနည်းငယ်သာ စားဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒူးရင်းသီးဟာ အပူစာလို့ မြန်မာတွေ သိထားသလို ကယ်လိုရီ စွမ်းအင်များစွာ ပေးတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အပူတွေ ထွက်စေပါတယ်။ ကိုယ်ဝန်ဆောင် ဆိုတာ နဂိုကတည်းက အပူတွေ ထွက်နေတဲ့ သဘော ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မှာ ဆီးချို သွေးချိုဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ ဒါကြောင့် စားရင် နည်းနည်းပဲ စားစေ ချင်ပါတယ်။ ချွေးပိုထွက်စေတာ ကလည်း နောက်တစ်ချက် ဖြစ်ပါတယ်။

 မေး။ ။ ဒူးရင်းသီးနဲ့ အရက်နဲ့ မတည့်ဘူးလို့ ကြားဖူးပါတယ်။ အဲ့ဒါရော ဟုတ်ပါသလား ဆရာ။ 

 ဖြေ။ ။မှန်ပါတယ်။ အရက်ဆိုရာမှာ ဘီယာ၊ ဝိုင်၊ ဝီစကီ၊ ရမ် အားလုံးမှာ အယ်လ်ကိုဟော ပါဝင် ပါတယ်။ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ထဲ ရောက်တာနဲ့ အူနဲ့ အစာလမ်းကြောင်းကနေ စုပ်ယူပြီး အသည်းကို ရောက်ပါတယ်။ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်မှာ အဆိပ်အတောက် ဖြစ်စေတဲ့အတွက် အသည်းကနေ အင်ဇိုင်းတစ်မျိုး အသုံးပြုပြီး အဆိပ်အတောက် မရှိတဲ့ ဓာတ်ပစ္စည်း အဖြစ် ပြောင်းပေး ရပါတယ်။ အဲ့ဒီ အင်ဇိုင်းကို အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ် လို့ ခေါ်ပါတယ်။ ၂ဝဝ၉ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြချက်အရ ဒူးရင်းသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ် အင်ဇိုင်းရဲ့ လုပ်ဆောင်ချက်တွေကို ဟန့်တား ပိတ်ပင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားပြီး အရက်သောက်လို့ပဲ ဖြစ်ဖြစ်၊ အရက်သောက်ပြီးမှ ဒူးရင်းသီး စားလို့ပဲ ဖြစ်ဖြစ် အရက်မှာ ပါဝင်တဲ့ အယ်လ်ကိုဟောတွေဟာ ဓာတ်ပြယ်ခြင်း မရှိဘဲ သွေးထဲမှာ အများကြီး ဖြစ်လာပြီး သေဆုံး နိုင်ပါတယ်။ ဒါ့ကြောင့် ဒူးရင်းသီးနဲ့ အရက်ဟာ တွဲမစားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။ တကယ်လို့ အမှတ်တမဲ့နဲ့ နှစ်မျိုးကို ၁၂ နာရီအတွင်းမှာ စားခဲ့ရင် ခန္ဓာကိုယ်မှာ ပူလောင်မှုကို ခံစားရ ပါတယ်။ အရက်ရော၊ ဒူးရင်းသီးရော အပူစာတွေ ဖြစ်လို့ပါ။ ပြီးရင် ပါးစပ်က အမြှုပ်တွေ ထွက်ပြီး သတိလစ် သလို ဖြစ်လာတတ် ပါတယ်။ ပိုဆိုးတဲ့ သူတွေမှာ သွေးစတွေပါ တံတွေးထဲမှာ ပါလာ တတ်ပါတယ်။ ဒါဆိုရင် ဆေးရုံကို အရေးပေါ်ပို့ဖို့ လိုပါမယ်။ နဂိုကတည်းက ဆီးချို သွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ အဝလွန်ရောဂါ ရှိသူတွေမှာ ဖြစ်ရင် ပိုဆိုးလေ့ ရှိတော့ အဲ့လို လူမျိုးတွေက ပိုဂရုပြုရ ပါမယ်။ အခုလို ဒူးရင်းသီးနဲ့ ပတ်သက်လို့ ပါဝင်တဲ့ အာဟာရ ဓာတ်တွေ၊ ကျန်းမာရေး အတွက်အထောက်အကူ ပြုမှုတွေ အပြင် သတိထား ရှောင်ကြဉ်သင့်တဲ့ အချက်တွေကိုပါ ပြည့်ပြည့်စုံစုံ ရှင်းပြပေးတဲ့ ဆရာ့ကို ကျေးဇူး တင်ပါတယ်။ ။ 

 Written by ရွှေတည်

 မြ၀တီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)