ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 1, 2016

=လက်ကိုင်ဖုန်းထဲက မင်းသမီး=

>
ကျမ အိပ်ရာကနိုးလာတော့ အတော်နေမြင့်နေပြီ။ နေမြင့်ပြီသာ ပြောတာ နေလုံးဟာ ဘယ်နားရောက်လို့ ဘယ်လောက်အမြင့်ဆီ ရောက်နေတယ်ဆိုတာ ဘယ်သူကများ သေသေချာချာ သိမှာလဲ။ ဒီလိုပဲ ပြောရိုးပြောစဉ် စကားတစ်ခွန်းအနေနဲ့ နေမြင့်ပြီ နေမြင့်ပြီ ဆို ပြောနေကြတာ။ စဉ်းစားကြည့်ရင် အတော်တော့ ရယ်စရာ ကောင်းတယ်။ ထားပါလေ... အခု နေမြင့်ပြီ ဆိုပါစို့။ နေမြင့်တော့ တစ်နေ့တာ အလုပ်မစခင် မနက်စာ စားဖို့ လိုအပ်နေတယ်။ ဒါနဲ့ စားစရာ ဆိုင်တန်းတွေဖက်ကို လျှောက်လာခဲ့တယ်။ အဲဒီစားသောက်ဆိုင်တန်းမှာ ဆိုင်ခန်းပေါင်း ဆယ့်တစ်ခုရှိတယ်။ မနေ့ညက အလုပ်ကပြန်တော့ အတော်လေး မိုးချုပ်နေပြီ။ နာရီတော့ မကြည့်ဖြစ်ဘူး။ အလွယ်တကူ ကြည့်ရအောင်ကလည်းကျမလက်ထဲမှာ နာရီမရှိဘူး။ နာရီဆိုတာ ကြည့်လည်း ဒီအချိန်ပဲ မကြည့်လဲ ဒီအချိန်ပဲ ဆိုတော့ နာရီကြည့်တဲ့အလုပ်ဟာ အပိုအလုပ်လို့ ခံယူထားတာကြာပြီ။ ဒါက စကားကြုံလို့ ပြောပြတာပါ။ ဒီလိုနဲ့ အိမ်အပြန်လမ်းမှာ မျက်စိရှေ့ တွေ့သမျှ ကားနံပါတ်က ဂဏန်းတွေကို လိုက်ပေါင်းတယ်။ အဲဒီအကျင့်က ကျောင်းအတူသွားဖေါ် ကျမရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဆီက ရလာတာ။ ငယ်ငယ်က သူနဲ့အတူ ကျောင်းကို လမ်းလျှောက်သွားရင်း လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကားတွေရဲ့ နံပါတ်တွေကို သူ့ထက်ငါ မြန်မြန်အဖြေရအောင် ပြိုင်ပေါင်းကြတယ်။
 ပေါင်းတဲ့အခါမှာလည်း မြန်မြန်အဖြေထွက်အောင်
 ပေါင်းတတ်ဖို့ ပညာက လိုသေးတယ်။ အဲဒါကဘာလဲဆိုတော့ ကိုး တွေကို ဖယ်ထုတ်ပြီး ပေါင်းတဲ့ နည်းပဲ။ နံပါတ်မှာ ကိုး မပါရင်လည်း ရှိနေတဲ့ ဂဏန်းလုံးတွေထဲက ကိုး ဖြစ်နိုင်မယ့် ဂဏန်းတွေကို ရှာ၊ အဲဒါတွေကို ဖယ်ထုတ်ပြီး ကျန်တာတွေကို ပေါင်းတဲ့နည်း။ ဒီနေရာမှာ ကိုး ဆိုတဲ့ ဂဏန်းရဲ့ ဂုဏ်သတ္တိဟာ အင်မတန် ထူးဆန်းတယ်ဆိုတာလေးတော့ တဆိတ် မှတ်ထားကြစေချင်တယ်။ အဲဒီလို လမ်းသွားရင်း ကားနံပါတ်တွေ ပေါင်းတဲ့နည်းက ကလေးတွေကို စိတ်တွက် တွက်တတ်အောင် သင်ပေးတဲ့နေရာမှာ သိပ်အသုံးဝင်တယ် လို့ ကျမသူငယ်ချင်းက ဆိုတယ်။ တကယ်လို့များ ရှင်တို့ အနီးအနားမှာ ကလေးတစ်ယောက်တလေ ရှိနေခဲ့ရင် ဒီနည်းကို စမ်းကြည့်ကြပါလို့ တိုက်တွန်းချင်တယ်။ အဲဒီလို ကားနံပါတ်တွေ ပေါင်းနေရင်း ညက တဖြည်းဖြည်း ပိုမှောင်မိုက်လာတယ်။ ညနက်တော့ လမ်းပေါ်မှာ ကား အသွားအလာ ကျဲသွားတာကနေ ကားတစီးတလေမှ မရှိတော့တဲ့အခါ လူက အလုပ်မရှိတော့သလို ဖြစ်သွားတယ်။ အဲဒီတော့ လမ်းဘေးက တိုက်တန်းလျားတွရဲ့ ပြတင်းတံခါးတွေကို ရေတွက်တယ်။ ဖွင့်ထားတဲ့ ပြတင်းတံခါး ဘယ်နှစ်ခု၊ ပိတ်ထားတဲ့ ပြတင်းတံခါး ဘယ်နှစ်ခု သီးခြား မှတ်သားရေတွက်ရင်း ခဏကြာတော့ အကုန်ရောသွားတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ပိတ်ထားတဲ့ ပြတင်းတံခါးတွေနဲ့ ဖွင့်ထားတဲ့ ပြတင်းတံခါးတွေရဲ့ အရေအတွက်ကို ပေါင်းပစ်လိုက်တယ်။ တကယ်လည်း ထူးတော့ မထူးပါဘူး ပြတင်းတံခါးဟာ ပိတ်ထားထား ဖွင့်ထားထား ပြတင်းတံခါးတွေပဲ မဟုတ်လား။ ကိုယ့်အတွေးကို ကိုယ် သဘောကျရင်း ဟက် ဆို တချက် ရယ်လိုက်တယ်။ အဲဒီအချိန်မှာမီးရောင် လင်းလင်းနဲ့ ညလုံးပေါက်ဖွင့်တယ်လို့ ထင်ရတဲ့ စားသောက်ဆိုင်တန်းဟာ ကျမရဲ့ မျက်စိရှေ့ကို ရွေ့လျားလာခဲ့တာပဲ။ ဒါနဲ့ ဆိုင်ခန်းတွေရဲ့ နာမည်ကို စာလုံးပေါင်း ဖတ်ရင်း တစ်ခန်း နှစ်ခန်း သုံးခန်း... ရေတွက်ကြည့်လိုက်မိတာပါ။

 ဟော... ပြောရင်းဆိုရင်းမှာ ညကရေတွက်ခဲ့တဲ့ စားသောက်ဆိုင်တန်းတွေနားကို ရောက်လာခဲ့ပြီ။ ပြောခဲ့သလိုပဲ၊ အဲဒီစားသောက်ဆိုင်တန်းမှာ ဆိုင်ခန်းပေါင်း ဆယ့်တစ်ခုရှိတယ်။ ဒါပေမဲ့ အခု လောလောဆယ် (မနက်ပိုင်းမှာ) ဖွင့်နေတာက နှစ်ဆိုင်ထဲရယ်။ ကော်ဖီ လဖက်ရည် အအေး ရောင်းတဲ့ ဆိုင်ရယ်၊ ခေါက်ဆွဲကြော် ကြာဆံကြော်တွေကို ကြက်ဥကြော်၊ အသားပြားကြော်၊ ကြက်တောင်ပံကြော်တွေနဲ့ တွဲ ရောင်းတဲ့ ဆိုင်ရယ်... အဲဒီ နှစ်ဆိုင်ပဲ ဖွင့်ထားတယ်။ ခေါက်ဆွဲကြော်ဆိုင်မှာ တန်းစီနေကြတဲ့ လူတန်းရှည်ကြီးကို တချက် လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူတို့အားလုံးရဲ့ အနောက်မှာ ကျမ ဝင်ရပ်လိုက်တယ်။ ရှေ့မှာ တန်းစီနေတဲ့လူ အားလုံးလိုလိုက လက်ကိုင်ဖုန်းတွေကို ငုံ့ကြည့်နေကြတယ်။ ဒါနဲ့ ကျမလည်း ရောယောင်ပြီး အိတ်ထဲမှာ ပါလာတဲ့ လက်ကိုင်ဖုန်းကို ထုတ်လိုက်တယ်။ သူများနည်းတူ လက်ကိုင်ဖုန်းကိုသာ ထုတ်ယူလိုက်တာ၊ လက်ကိုင်ဖုန်းကိုသုံးပြီး ဘာလုပ်ရမယ်ဆိုတာ တကယ် မသိဘူး။ ပြောရရင်ကျမအတွက် လက်ကိုင်ဖုန်းက အသုံးမတည့်တာ ကြာပြီ။ လက်ကိုင်ဖုန်းကနေ အချိန်မှန် (မပျက်မကွက်) ခေါ်ရ ပြောရမယ့်သူလည်း မရှိတာ ကြာပြီ ဆိုရင် ပိုမှန်မယ်။ အဲဒီကိစ္စကိုတော့ အကျယ်ချဲ့ပြီး မပြောချင်တော့ဘူး။ စိတ်သဘောထားချင်းမတိုက်ဆိုင်သောကြောင့် ဆိုတဲ့ စကားကို ရှင်တို့ ကြားဖူးကြမှာပေါ့။ အဲဒီစကားအတိုင်းပါပဲ။ သတင်းစာထဲမှာလည်း အဲဒီလိုပဲ ထည့်ရေးလိုက်ရတယ်။ တခြားလည်း ရှည်ရှည်ဝေးဝေး ရှင်းနေ ပြောနေစရာမှ မလိုတာ။ ပြီးတော့ ထုံးစံအရ စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဆိုတာကလည်း ထည့်ရေးလိုက်ရသေးတယ်။ လူတွေရဲ့သဘောကလည်း ခက်သားလား။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဆိုကာမှ ပိုသိချင် မေးချင်မြန်းချင်ကြတာမျိုး။ ဒါပေမဲ့ အဲဒီကြော်ငြာ သတင်းစာထဲ ပါလာတဲ့နေ့က ကျမလက်ကိုင်ဖုန်းကို ပိတ်ပြီး မြစ်ကမ်းစပ်တစ်ခုမှာ သွားထိုင်နေခဲ့တယ်။ အဲဒီညနေက လေတွေကလည်း တိုက်လိုက်တာ လွန်ပါရော။ လည်ပင်းမှာ စီးလာတဲ့ လည်စည်းပုဝါတောင် လေထဲ လွင့်ပါပြီး ရေထဲ မျောသွားတဲ့ အထိပဲ။ ပုဝါ လွင့်သွားသွားချင်း ရေစပ်ကို ဆင်းပြီး ပြန်ကောက်ဖို့ ကျမ မကြိုးစားခဲ့ဘူး၊ ရေထဲကို ဆင်းပြီးရင် ပြန်တက်လာချင်စိတ် ရှိ မရှိ ကျမ မသေချာလို့။ ခဏနေတော့ ရှေ့မှာ တန်းစီနေတဲ့ လူတွေ နည်းနည်းရွေ့သွားတယ်။ ဒါနဲ့ သူတို့ရဲ့ လမ်းကြောင်းအတိုင်း အရှေ့ကို လိုက်ရွှေ့ရတယ်။ ပြီးတော့ လက်ထဲမှာကိုင်ထားတဲ့ လက်ကိုင်ဖုန်းရဲ့ အနက်ရောင်မျက်နှာပြင်ကို ငုံ့ကြည့်မိတယ်။ ဒီလိုနေလို့တော့ မဖြစ်သေးပါဘူး။ လူတန်းရှည်ကြီး နောက်တည့်တည့်မှာ ရပ်နေရာက ကိုယ်ကို ဘေးဖက်ကို နည်းနည်းထွက်ပြီး လက်ကိုင်ဖုန်းကို သူတို့ ဘယ်လို အသုံးချနေသလဲ အကဲခတ်ရတယ်။ တော်တော်များများက လက်ကိုင်ဖုန်းနဲ့ သူတို့ရဲ့ နားရွက်တွေကို ကြိုးတစ်ချောင်းနဲ့ သွယ်တန်းထားကြတယ်။ ကျမ
မှာ အဲဒီကြိုး ပါမလာဘူး။ ပါမလာဘူးဆိုတာကလည်း အစတည်းက ရှိမနေလို့ပါ။ အမှန်အတိုင်းပြောရရင် ကျမဆီမှာ ဘာကြိုးမှ မရှိပါဘူး။ တခါတခါတော့လည်း ကြိုးတစ်ချောင်းတလေ လိုချင်မိတယ်။ ပြီးတော့ ကျမ စဉ်းစားတယ်။ တကယ်လို့များ ကျမမှာ ကြိုး နှစ်ချောင်းရှိမယ်ဆို တစ်ချောင်းကို ပထမကြိုး နဲ့ နောက်တစ်ချောင်းကို ဒုတိယကြိုးလို့ အမည်ပေးဖို့ပါ။ ဒုတိယကြိုးဟာ ခိုးခိုးခစ်ခစ်ရယ်မောတတ်တဲ့ ပန်းနုရောင် ဂါဝန်ဝတ် သမီးလေးတစ်ယောက်ဖြစ်နိုင်သလို ပါဝါရိန်းဂျားဝတ်စုံနဲ့ ဒါးကိုင်ပြီး ဟန်ရေးပြင်နေတဲ့ သားကလေးတစ်ယောက်လည်း ဖြစ်နိုင်မယ် မဟုတ်လား။ ဒါပေမဲ့ ပထမကြိုးတစ်ချောင်းဟာ မထင်မှတ်ပဲ ပြတ်တောက်သွားခဲ့တယ်။ ဒီတော့ ကျမအတွက် ဒုတိယကြိုးဆိုတာ လေထဲမှာဆောက်ခဲ့တဲ့ အိမ်ကလေးပါပဲ။ ဘယ်တော့မှ ရှိမလာနိုင်တော့မယ့် ဒုတိယကြိုးပါ။ အဲဒီလိုတွေ တွေးမိတဲ့အချိန်မျိုးမှာကျမ(စိတ်ညစ်ညစ်နဲ့) ခေါက်ဆွဲကြော် စားလေ့ရှိတယ်။ ဝါဖန့်ဖန့် သို့မဟုတ် ညိုညစ်ညစ် ခေါက်ဆွဲမျှင်တွေဟာ ကြိုးတွေလို့ လှည့်စားလို့ အကောင်းဆုံးပစ္စည်း မဟုတ်လား။ကျမနဲ့ တစ်ယောက်ကျော်မှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်က အတော်လေး ကြီးတယ်။ ကြီးဆို ကျောင်းသုံးဗလာစာအုပ်တစ်အုပ်လောက်ကို ကြီးတာ။ ဒီတော့ သူ့ရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်ကို ကျမ ကောင်းကောင်းမြင်လို့ရတယ်။ သူ ကြည့်နေတာ ရုပ်ရှင်လား၊ သီချင်းလား တစ်ခုခုပဲ။ အလှပြင်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို အကြီးကြီး မြင်ရတယ်။ အဲဒီမျက်နှာကို ကျမ မြင်ဖူးတယ်။ ဒါပေမဲ့ နာမည်တော့ မမှတ်မိတော့ဘူး။ စိတ်သဘောထားခြင်း တိုက်ဆိုင်တဲ့ အချိန်တုန်းက တီဗွီရှေ့မှာ ကျမနဲ့ ကျမရဲ့ ပထမကြိုးတို့ အတူတူ ထိုင်ဖူးခဲ့တယ်။ ပြီးတော့ တီဗီဖန်သားပြင်မှာ ပေါ်လာသမျှ အရုပ်တွေကို ကြည့်ရင်း နေ့နေ့ ညည (အကြောင်းမဲ့) ရယ်မောခဲ့ဖူးတယ်။ အဲဒီတုန်းက မြင်ဖူးခဲ့တဲ့ မျက်နှာတွေထဲက တစ်ခုပဲ။ လှတော့တော်တော်လှတဲ့ မျက်နှာ။ အဲဒီလက်ကိုင်ဖုန်းအကြီးစားကို လှမ်းအကဲခတ်ရင်း တန်းစီနေတဲ့ လူတန်းရဲ့ အရွေ့အတိုင်း ကျမလိုက်ရွှေ့ရသေးတယ်။ အခုဆိုရင် ကျမရဲ့ အနောက်မှာ တန်းစီနေတဲ့သူတွေတောင် ရှိနေပြီ။ နောက်ကျော နည်းနည်း လုံသွားတာပေါ့လို့ တွေးရင်း အရှေ့က လက်ကိုင်ဖုန်းအကြီးစားကို ဆက်ပြီး အကဲခတ်ရတယ်။ အခုနက မင်းသမီးလား အဆိုတော်လား မသဲကွဲတဲ့ အမျိုးသမီးရဲ့ မျက်နှာလှလှကို နောက်တကြိမ် ထပ်တွေ့ရပြန်တယ်။ စိတ်ထဲမှာ နည်းနည်းတော့ စနိုးစနောင့်ဖြစ်နေတယ်။ ဘယ်သူ ဘယ်ဝါ ကွဲကွဲပြားပြား သိလိုစိတ်နဲ့အတူ လူက ရီဝေဝေ မူးရိပ်ရိပ်ဖြစ်လာတယ်။ ဟိုက်ပိုဂလိုက်ဆီးမီးယား ဆိုတဲ့ သွေးထဲမှာ အချိုဓါတ်နည်းနေတာမျိုး၊ အဲဒီလိုမျိုးကျမ မကြာခဏ ဖြစ်ဖူးတယ်။ အဲဒီအချိန်မှာ သကြားလုံးတစ်လုံးလောက် ဝါးစားလိုက်ရင် ကောင်းသွားတတ်တယ်။ ဖြစ်ချင်တော့ အိတ်ထဲမှာ သကြားလုံး တစ်လုံးမှ ရှိမနေဘူး။ နားထင်ကို လက်နဲ့ထောက်ထားရင်းမှာ ကျမအရှေ့ ကပ်ရက်ကလူက ကျွတ် ဆို အသံပြုပြီး ထွက်သွားတယ်။ ကြည့်ရတာ စောင့်ရတာ ကြာလို့ စိတ်မရှည်ပုံမျိုး။ စောင့်ရတာ ကြာလို့ စိတ်မရှည်ရင် ရှင် ခေါက်ဆွဲ မစားရရုံပဲ ရှိမှာပေါ့ အတော်ညံ့တဲ့လူပဲ လို့ စိတ်ထဲက ပြောလိုက်တယ်။ သူ ဘယ်ကြားမလဲ။ အဲဒီလူထွက်သွားတော့ အခုနက လက်ကိုင်ဖုန်းအကြီးစားဟာ ကျမနဲ့ လက်တကမ်းအကွာကို ရောက်လာတော့တာပေါ့။ အခန့်သင့်လိုက်လေ။ လူတန်းဟာ အရှေ့ကို နည်းနည်း ဆက်ရွေ့သွားတယ်။ နီးနေပါပြီ။ ခေါက်ဆွဲစားရဖို့ တနည်းအားဖြင့် ကြိုးမျှင်တွေ ပိုင်ဆိုင်ရဖို့ နီးလာနေပါပြီ။ နည်းနည်းတော့ စိတ်လှုပ်ရှားမိသားရှင့်။ စိတ်ထဲကသာ အတွေးပေါင်းစုံတွေးနေတာ မျက်လုံးကတော့ အရှေ့က အမျိုးသမီးရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်ကို မခွာမိဘူး။ ကြည့်နေရင်းမှာ အဲဒီမျက်နှာပြင်ဟာ တဖြည်းဖြည်း ကြီးလာတာ အိမ်ရှေ့ ဧည့်ခန်းက လက်မ လေးဆယ် တီဗွီလောက်ကို ကြီးလာသလိုပဲ။ ဖန်သားပြင်ပေါ်က မိတ်ကပ်နှုတ်ခမ်းနီ ခြယ်သထားတဲ့ အမျိုးသမီးရဲ့ မျက်နှာလှလှဟာလည်း နီးလာလိုက် ဝေးသွားလိုက်၊ ကြီးလာလိုက် သေးသွားလိုက်၊ ပြုံးလာလိုက် မဲ့သွားလိုက်။ အတော်အတန် ရင်းနှီးနေတဲ့ မျက်နှာလိုပဲလို့ တွေးရင်းကျမလက်ထဲမှာ ခလုတ်မဖွင့်ရသေးတဲ့ လက်ကိုင်ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိတယ်။ အဲဒီအချိန်မှာကျမ....ကျမရဲ့ ခေါင်းထဲကို တစုံတရာ ဆောင့်တွန်းထည့်လိုက်တဲ့အသံ… ဒုန်း ကနဲ တချက် ကြားရတယ်။ စောစောက ချောင်ချောင်လည်လည်ဖြစ်နေတဲ့ ခေါင်းဟာ ပစ္စည်းတွေနဲ့ ရုတ်ချည်း ပြည့်သိပ်သွားသလို ခံစားရတယ်။ မနက်ခင်းရဲ့ လန်းဆန်းတဲ့ နေရောင်တွေနဲ့အတူ ဦးနှောက်တွေ နေသားတကျ ပြန်လည် နိုးထ ဖွံ့ဖြိုးလာတာ ထင်ရဲ့နော်။ တဆိတ်တော့ ဆန်းကြယ်သား။ ရှင်တို့လည်း တနေ့နေ့ တချိန်ချိန်မှာ အဲဒီလိုအဖြစ်မျိုး ကြုံဖူးကြမှာပါ။ တဆက်တည်းမှာပဲ ခေါင်းထဲကနေ မြင်ကွင်းတချို့ တဖျတ်ဖျတ်နဲ့ ခုန်ဆင်းလာကြတယ်။ မြို့လည်ခေါင်မှာရှိတဲ့ ပြဇာတ်ရုံအရှေ့က ရေပန်းနားမှာ ရုတ်တရက်တွေ့လိုက်ရတဲ့ ပူးပူးကပ်ကပ် ခန္ဓာကိုယ်နှစ်ခု၊ ကျမတစ်ယောက်တည်းသာ မြင်နိုင်တဲ့ကြိုးမျှင်တွေက သူတို့ကိုယ်တွေကို ပူးချည်ထားသလိုပဲ။ ပြီးတော့ အရှေ့က လက်ကိုင်ဖုန်းထဲက မင်းသမီးရဲ့ မျက်နှာ၊ စိတ်သဘောထားချင်း မတိုက်ဆိုင်ပါသဖြင့် ဆိုတဲ့ သတင်းစာကြော်ငြာ၊ ရေစီးထဲမှာ လွင့်ကျ မျောပါသွားတဲ့ ပုဝါစ။ လူတန်းရှည်ဟာ နောက်တကြိမ် ရွေ့လျားသွားပြန်တယ်။ ခေါက်ဆွဲဆိုင်နားကို ရောက်ခါနီးနေပြီ။ ကျမအရှေ့မှာ တန်းစီနေတဲ့သူ သုံးယောက်ပဲ ရှိတော့တယ်။ ခေါက်ဆွဲဝယ်ပြီးရင် ခေါက်ဆွဲဗန်းကို သယ်စရာ လက်နှစ်ဖက်စလုံး အားသွားအောင် ခုနက ဆုတ်ထားတဲ့ လက်ကိုင်ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်တယ်။ကျမ နည်းနည်း ပိုမူးလာတယ်လို့ ထင်တယ်။ သကြားလုံး မရှိတာ ခက်တယ်။ မူးနေရက်က စဉ်းစားမိတာကတော့ ကြိုးတွေနဲ့တူတဲ့ ခေါက်ဆွဲကို ကျမ တကယ် စားချင်သေးရဲ့လား ဆိုတာပဲ။ ကျမအရှေ့က မိန်းမက သူ့လက်ကိုင်ဖုန်း ဖန်သားပြင်ကို သည်းသည်းမည်းမည်း ကြည့်နေဆဲ။ မင်းသမီး... မင်းသမီး... ပြဇာတ်ရုံရှေ့က မင်းသမီး...။ ဗြုန်းဆို ကျမ အဲဒီမိန်းမရှေ့မှာ သွားရပ်ပြီး သူ့ကြည့်နေတဲ့ လက်ကိုင်ဖုန်းကို လူယူလိုက်တယ်။ ထင်မထားဘူး၊ အကြီးစားလက်ကိုင်ဖုန်းဟာ ကျမလက်ထဲကို အဲဒီလောက် လွယ်လင့်တကူ ပါလာလိမ့်မယ်လို့ ကျမတကယ်ပဲ ထင်မထားဘူး။ ပြီးတော့ ခေါက်ဆွဲဆိုင်ဖက်ကို လျှောက်သွားပြီး အဲဒီလက်ကိုင်ဖုန်းကို ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးထဲကို ခပ်ဖြည်းဖြည်း ထည့်ချလိုက်တယ်။ လှလှလေး ပြုံးနေတဲ့ မင်းသမီးရဲ့ မျက်နှာ ဟင်းချိုပူပူထဲ တအိအိနဲ့ နစ်ဝင်သွားတာကို ကြည့်ရင်း တချက်ပြုံးပြီး ခေါက်ဆွဲဆိုင်ကို ကျောခိုင်းလိုက်တယ်။ အနောက်မှာ ဘာတွေဖြစ် ကျန်ခဲ့တယ်ဆိုတာ ကျမမသိချင်တော့ဘူး။ မသဲမကွဲ အော်ဟစ်သံ တချို့နဲ့ တဖျတ်ဖျတ်မြည်နေတဲ့ ဖိနပ်သံတချို့ကိုတော့ ကျမ ကြားလိုက်ရတယ်။ ဒါပေမဲ့ လှည့်မကြည့်ဖြစ်တော့ဘူး။ မျက်စိရှေ့က ဖြတ်သွားတဲ့ ကားတစင်းရဲ့နံပါတ်ပြားထဲက ကိုး ဖြစ်စေမယ့် ဂဏန်းတွေကို စိတ်ထဲကနေ ရွေးချယ် ဖယ်ထုတ်နေလိုက်တယ်။ 

..................................................

 +သက်ဝေ+ (၂၉ ဧပြီ ၂၀၁၆) +

 နှင်းဆီဖြူ အတွဲ ၂ အမှတ် ၁၀ ၊ ဇူလိုင် ၂၀၁၆ တွင် ဖေါ်ပြပြီး ဖြစ်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)