ပြည့်ဝအဆီလိုဟာမျိုး လုံးဝကင်းရှင်းတဲ့ ဖရဲသီးမှာ ကျန်းမာရေးအကျိုးကျေးဇူး
မျိုးစုံရှိပါတယ်။ ဖရဲသီးဟာ အာဟာရဓာတ်ပေါကြွယ်ဝပြီး ကယ်လိုရီလည်း နည်းပါးတော့ ကိုယ်အလေးချိန်လျှော့ ချခြင်းအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးတော့ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ဆဲလ်ကြံ့ခိုင်မှုလည်း အားပေးပါတယ်။
လူအများစု ဖရဲသီးအစေ့ကို လွှင့်ပစ်ကြပေမယ့် အစေ့မှာ ကျန်းမာရေးအတွက်
တကယ်ကောင်းမွန်ပြီး ကင်ဆာရောဂါအပြင် တခြားရောဂါပြသနာတွေလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက် သွေးတိုးလည်း သက်သာစေနိုင်ပါတယ်။
ဒါပေမယ့် ဖရဲသီးမှာ အထူးသတိပြုရမယ့် အချက်တစ်ခု ရှိပါတယ်။

ဖရဲသီးခွဲအခါပုံမှန်မြင်တွေ့တဲ့အတိုင်း အတွင်းဘက်မှာ အခေါင်းပေါက်ဖြစ်နေတာတွေ
သတိထားမိပါက ချက်ချင်းလွှင့်ပစ်သင့်ပါတယ်။ ဒါဟာ သဘာဝအတိုင်း
စိုက်ပျိုးခဲ့ခြင်းမဟုတ်ဘဲ ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာစေတဲ့ လက္ခဏာ
တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ဒီဖရဲသီးတွေ စားမယ်ဆိုရင် အကြိတ်ဖြစ်ပွားပြီး ဦးနှောက်အာရုံကြောပြသနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒီတော့ ဒီအချက်တွေ
သိပြီဆိုတော့ နောက် ဖရဲသီးဝယ်တဲ့အခါ သတိထားနိုင်ကြပါစေ။
Credit : Trend Myanmar
Shwe Chit Thu
+Public Health+

No comments:
Post a Comment