အမျိုးအစား-၂ ဆီးချို ရောဂါသ ည် ၃၁၈,၀၀၀ ၏ ဆေး မှတ်တမ်း များကို
အခြေခံ၍ လေ့လာရာတွင် ဆေး မသောက်ဘဲနေသော ရောဂါသည်
များသည် ခြေလက်ဖြတ်တောက်ရခြင်း၊ မျက်စိကွယ်ခြင်း နှင့်
အသက်သေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာတွေ့ရှိသည်။
အမျိုးအစား-၂ ဆီးချို ရောဂါသည် များ၏ ၃၇ ဒသမ ၈ ရာခိုင် နှုန်းသည်
ဆေး မသောက်ဘဲနေပြီး တစ်ရက်စီအတွက် သတ်မှတ်ထားသော ဆေး ကို
သောက်ရန် မည်သည့် ဆေး ကို သောက်ရမှန်းမသိ ဖြစ်နေကြောင်း
သုတေသီ များကပြောသည်။
အမျိုးအစား-၂ ဆီးချို ရောဂါ သည်အန္တရာယ် မရှိဟု မကြာ ခဏ
ထင်မှတ်နေကြသော်လည်း ယင်းရောဂါသည်
ငုပ်လျှိုးနေ သော လူသတ်ကောင်ရောဂါဖြစ်ကြောင်း ပညာရှင် များက
သတိ ပေးထားသည်။ ဆီးချို ရောဂါသည် များ ဆေးဝါး သောက်သုံးရန်
ပျက်ကွက်မှု ကြောင့် ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ
ဖြစ်ပေါ်လာနိုင်သည်။ ဆေးကုသမှုမခံယူသော ဆီးချို ရောဂါသည် များသည်
မျက်စိ ကွယ်ခြင်း ကျောက်ကပ် ရောဂါ ဖြစ်ခြင်း၊ ခြေနှင့်လက်တို့ ဖြတ် တောက်
ပစ်ရခြင်းတို့ ကြုံတွေ့နိုင်သည့်အန္တရာယ်ရှိသည်။ သွေးထဲ တွင်ပါဝင်သော
သကြားဓာတ် ပမာဏ ကို ခန္ဓာကိုယ် က မထိန်းချုပ်နိုင်ဖြစ်သော အခြေအနေကို
အမျိုးအစား-၂ ဆီးချို ရောဂါဟုခေါ်သည်။ ထို့အပြင် သွေးထဲ ရှိ
သကြားဓာတ် ပမာဏ ပုံမှန်မလုပ်သော် လည်း ဆီးချို ရောဂါ
ဖြစ်ရလောက်အောင် မမြင့်မားသေးသော အခြေအနေကို ဆီးချို ရောဂါ
အကြိုလက္ခဏာအဖြစ် သတ်မှတ်သည်။ အမျိုးအစား-၂ ဆီးချို ရောဂါသည်
များ၏ သရက်ရွက်မှအင်ဆူလင်ဟုခေါ်သော ဟော်မုန်း ကို ထုတ်လုပ်
သော်လည်း ဆဲလ်များ အသုံးပြုသင့်သလောက် မသုံးနိုင်သောကြောင့်
သွေးထဲ တွင် သကြားဓာတ် ပိုများလာရသည်။
—Ref: Daily Mail Credit :
7day daily
+Public Health+

No comments:
Post a Comment