ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 12, 2017

=လူထုကျန်းမာရေး (ဆီးချို ရောဂါ လက္ခဏာရပ် တွေအကြောင်းသိကောင်းစရာ)=

>
+Public Health+ 
ဆီးချို ရောဂါ ရဲ့ အစောဆုံး လက္ခဏာရပ် တွေကသွေးတွင်း သကြားဓာတ်
 တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ် ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်
ပါတယ်။ ဆီးချို ရောဂါ ဖြစ်ကာစ လက္ခဏာ တွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင်
အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ် မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာ
တဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။
အမျိုးအစား-၁ ဆီးချို ရောဂါ မှာတော့ လက္ခဏာရ ပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီးတော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။
 ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ် အနည်းငယ်အတွင်းမှာ
 ရောဂါ လက္ခဏာ တွေ ကိုသိရတာမျိုးတွေလည်းရှိပါတယ်။

 အမျိုးအစား-၁ ဆီးချို ရောဂါ ခံစားနေရသူအများစုဟာ ကလေး အရွယ် နဲ့
အရွယ် ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီး
 ရောဂါ လက္ခဏာ တွေက အရွယ်သုံးပါးစလုံးမှာအတူတူပဲဖြစ်ပါတယ်။
 အရွယ် ရောက်ပြီးသူတွေမှာတော့ ကလေးငယ်တွေလိုမျိုးရောဂါခံစားနေရမှု
ကိုမြန်မြန်ဆန်ဆန် အတည်မပြုနိုင်ပါဘူး။  

**အတွေ့များတဲ့ ရောဂါ လက္ခဏာရပ်တွေ**

 ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါ ခံစားနေရတယ်လို့
သိရှိနိုင်တဲ့အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။

 -ဆာလောင်ခြင်း နဲ့ပင်ပန်းနွမ်းလျခြင်း –

ခန္ဓာကိုယ် က စားသုံးလိုက်တဲ့ အစားအသောက် တွေကို 
ဆဲလ် တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ် တွေ
အဖြစ်ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓာကိုယ် က အင်ဆူလင်ပမာဏကိုလုံလောက်အောင်မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ် 
ဆဲလ်တွေက ခန္ဓာကိုယ် ကထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့
အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကို
မရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။ 
အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်၊လို
့ခံစား ရမှာ ဖြစ်ပါတယ်။ ဆီးချို ဝေဒနာ ခံစားနေရသူတွေအတွက်
ည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက ဆာလောင်မှုကို
 လျော့ ပါးသက်သာစေဖို့အတွက်နဲ့ သွေးတွင်း ဂလူးကို့စ် ပမာဏကို
ထိန်းညှိရာမှာ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားလေ့
ရှိပါတယ်။ 

-ဆီးခဏခဏသွားခြင်းနဲ့ပုံမှန်ထက်ရေပိုငတ်ခြင်း-

 လူတစ်ယောက်ဟာပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ဆီးကို ၄ ကြိမ်ကနေ
 ၇ ကြိမ်အထိသွားလေ့ရှိတယ်ဆိုပေမယ့် ဆီးချိုဝေဒနာခံစားနေရသူတွေ
ကတော့ ဆီးသွားတဲ့အကြိမ်ရေ ကပိုများနေနိုင်ပါတယ်။ 

-ခံတွင်းခြောက်ခြင်းနဲ့အရေပြားယားယံခြင်း – 

ဆီးခဏခဏသွားရတဲ့အခါ ခန္ဓာကိုယ်ရဲ့အခြားကဏ္ဍတွေအတွက်
 အစိုဓာတ်လျော့ နည်းသွားပြီး ရေဓာတ်ခမ်းခြောက်တာနဲ့ ခံတွင်းခြောက်
တာမျိုးတွေကိုခံစားရနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာက
ယားယံခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။

-အမြင်အာရုံဝေဝါးခြင်း – 

ခန္ဓာကိုယ်ထဲကအရည်ပမာဏပြောင်းလဲမှုက မျက်လုံးအိမ်အတွင်းမှာရှိတဲ့
 မှန်ဘီလူးကို ရောင်ကိုင်းစေပြီး ပုံရိပ်ရဲ့အရွယ်အစားကိုပြောင်းလဲစေနိုင်
သလို အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ ကျစေနိုင်ပါတယ်။ 

+အမျိုးအစား-၂ ဆီးချိုရောဂါရဲ့လက္ခဏာရပ်များ +

 သွေးတွင်း ဂလူးကို့စ်ပမာဏအချိန်ကြာမြင့်စွာမြင့်တက်နေတဲ့အခါ
အောက်ပါရောဂါလက္ခဏာရပ်တွေ ခံစားရနိုင် ပါတယ်။ မှိုပိုးကူးစက်ခြင်း
 (Yeast infections) – ဆီးချို ဝေဒနာ ခံစားနေရတဲ့ အမျိုးသားရော၊
အမျိုးသမီးမှာပါ မှိုပိုးကူးစက်မှု ကို ခံစားရနိုင်ပါတယ်။ မှိုပိုးကူးစက်မှုက လက်ချောင်းခြေချောင်းတွေကြား၊ရင်သားအောက်ဘက်နဲ့ လိင်အင်္ဂါ အတွင်းနဲ့ လိင်အင်္ဂါတဝိုက်မှာအဖြစ်များပါတယ်။ 

**အနာကျက်နှေးခြင်း-**

 သွေးတွင်းသကြားဓာတ်မြင့်မားနေမှုက သွေးစီးဆင်းမှုကိုထိခိုက်စေပြီး 
အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အနာကျက်နှေးစေ
တာဖြစ်ပါတယ်။ 

+အမျိုးအစား-၁ ဆီးချို ရောဂါ လက္ခဏာရပ် များ +

အကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန်ကျဆင်းနေခြင်း- ခန္ဓာကိုယ် က အစားအစာတွေကနေစွမ်းအင်ကိုမရရှိတဲ့ အခါစွမ်းအင်အတွက် ကြွက်သားနဲ့
အဆီတွေကို စတင်လောင်ကျွမ်းစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစားအသောက်ပုံစံပြောင်းလဲတာမျိုးမရှိဘဲကိုယ်အလေးချိန်ကျဆင်းတာ
မျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။ 

 -မအီမသာဖြစ်ခြင်းနဲ့ပျို့အန်ခြင်း –

ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှုအပေါ်မှာပဲ အားပြုထားရတဲ့အခါ
 ketones လို့ခေါ်တဲ့ သွေးတွင်းအက်ဆစ်ထုတ်လွှတ်မှုကိုဖြစ်ပေါ်စေပါတယ်။
 သွေးထဲမှာ ketones ပမာဏက အန္တရာယ် ဖြစ်စေနိုင်တဲ့အတိုင်းအတာအထိ
မြင့်တက်လာတဲ့အခါ diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချို ရောဂါ ရဲ့ 
 ပြင်းထန်တဲ့နောက်ဆက်တွဲ ရောဂါ ကိုခံစားရစေပါတယ်။ 

 ရေးသားသူ Poe Ei Win

 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing 

 လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)