''နမောတဿ ဘဂ၀တော အရဟတော သမ္မာသံဗုဒ္ဓသ ဘုရားရတနာ တရားရတနာ သံဃာရတနာ'' ရတနာမြတ်သုံး ပါးကို အပာံအကျွန်ုပ်သည်ရိုသေမြတ်နိုးလက်စုံမိုး၍ ဦးစွာပထမ ရှိခိုးကန်တော့ အပ်ပါသည်။ ထိုမှတဖန်အကျွန်ပ်ရင်တွင်းမှ ၀ိညာဉ် နာမ်ရုပ် ဖဿ ပာူသော ပရိစ္စသမ္မုပ္မတ်စက်ဝိုင်းအား ကျော်လွန်၍ ရိုသေ လေးမြတ်စွာစာရေးအစီအရင်ခံလိုက်ပါသည် ချစ်နှမ။ ချစ်နှမ၏ မျက်နှာကို မြင်ရသည့်နေ့မှစ၍....
မောင့်မှာ နှမ၏ လှပသော ယူပါရုံကြောင့် အူတွေဘာတွေခုန်ကာမနေနိုင်မထိုင်နိုင် မျောက်မီးခဲကိုင်မိသလို ကျွမ်းပြန်နေရပါပြီ။နှမအပေါ်တွင် မောင့်မှာမေတ္တာစိတ်များ တစ်နေ့ တစ်ခြား ပွားများလာကာအတ္တလန္တိတ် သမုဒ္ဒရာကြီးထဲက လှိုင်းတန်ပိုးများကဲ့သို့ တလုံးပြီး တလုံးထကြွလာပါတော့သည်။ နှမစိတ်ကြောင့် မောင့်မှာ အခွေ့ခံရပါပြီ။မောင့်ကိုသနားရင်ချစ်ပါ။ နှမက ချစ်မယ်ဆိုရင် မောင်ကအုန်းသီးပေးမယ်။နှမ၏မျက်နှာကလေး ကို မြင်ရတိုင်းမောင့်စိတ်ထဲမှာ ဖရဏာ ပီတိ ဂွမ်းဆီထိသလိုအကြိမ်ကြိမ် ဖြစ်မိပါပြီ။ မောင့်မှာ နှမအတွက် ပင့်သက်ကို အနိုင်နိုင် ရှူနေရပါသည်။ သနားတော်မူပါ အိုချစ်နှမ။မောင့်မှာ ကံမ္မ၀ဋ်စရ ကုသိုလ်ကံကြောင့် ဆိုက်ကားနင်းနေရသော်လည်းမောင်တို့အမျိုးပာာ မညံ့ခဲ့ပါ။ မောင့်အမျိုးဟာ ကုန်းဘောင်အဆက်ပါ။
ဧရာဝတီမှာ သဘောင်္ကုန်းဘောင်ဆက်သော ခေါ်တောကုလားဟာ မောင့်ဦးလေးပါ။မောင်တို့အမျိုးပာာ ဆိုရင် ယနေ့ယခု သြကာသလောကတိုင်အောင်ဘုရားအထူးခံနေရဆဲပါ။ မောင့်ဘိုးအေဟာ ကျောင်းထိုင်ဆရာ တော်ကြီးဦးသောဘိတပါ။ မောင်ဟာအင်္ဂလိပ်စာမတတ်သော်လည်း သပိတ်မှောက် ကျောင်းသားအစစ်ပါ။ ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားလုပ်နေစဉ်အခါတုံးကသူ့သပိတ်ကို သယ်ပေးရင်းက သပိတ် မှောက်ကျခဲ့တာပါ။ ဒါကြောင့် သုံးဆယ်ရှစ်ဖြာတစ်ရားတော်နဲ့အညီ လူတဖက်သားအား မေတ္တာတော် ပွားများ၍ ချိုသည် ခါးသည် ဤနှစ်လီကို စာပြန်ပေးတော်မူပါ ချစ်နှမ၊ချစ်နှမအတွက် သောက ပဋိဒေ၀ ဒုက္ခဒေါမဏဿမီး တောက်လောင်နေသူ မောင်မောင်...
ပေးပို့ သူ.... သက်နိုင်
မှတ်ချက်။ ။ လူ့ လောကတွင် ဖြစ်တတ်သော၊ဖြစ်နေဆဲ ရှိသောသဘာဝ ကိုရှင်မဟာရဌသာရ တို့ ခေတ်၊
ဗန်းမော်ဆရာတော် တို့ ခေတ်စသည်တို့ တွင်လည်း ဤပုံ ဤနည်း ဖြစ်ခဲ့ဘူးကြောင်းစာပေ၊အထောက်အထား
ရှိပါသည်။ဤစာကို ဟာဒယ နှလုံး ရွှင်ပျော်ပြုံးစေရန်အတွက် သက်သက်မျှသာ သဘောထားစေလို ပါသည်။
(အယ်ဒီတာ)
**(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment