ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 26, 2009

သြဂုတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ

> *** ဗီယက်နမ် လူသတ်ပွဲအတွက် ၀မ်းနည်းကြောင်း အမေရိကန်ကြည်းတပ် အရာရှိဟောင်း တောင်းပန်…
(၀ါရှင်တန်၊ သြဂုတ်လ ၂၃-ရက်)
ဗီယက်နမ်စစ်ပွဲ ကာလအတွင်းတွင် မကောင်းမှုဖြင့် ကျော်ကြားခဲ့သော “မိုင်လေ-လူသတ်ပွဲ”၌ ပါဝင်ကျူးလွန်ခဲ့သော အမေရိကန်ကြည်းတပ် အရာရှိတစ်ဦးက လူသိရှင်ကြား တောင်းပန်လိုက်ကြောင်း အမေရိကန် သတင်းတစ်ပုဒ်မှာ ဖော်ပြသည်။ ဗီယက်နမ်နိုင်ငံတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများအပါအ၀င် လူ ၅၀၀-ကို ၁၉၆၈-ခုနှစ်က သတ်ပစ်ခဲ့ခြင်းကြောင့် လူသတ်မှု ၂၂-မှုကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်ကြည်းတပ်၊ တပ်စုမှူးဟောင်း (ဗိုလ်ကာလေး)ကို

စွပ်စွဲထားခဲ့သည်။ “အသတ်ခံရသော ဗီယက်နမ်ပြည်သူများနှင့် ၄င်းတို့၏ မိသားစုများအတွက် ကျနော်နောင်တရပါသည်။ ပါဝင်ခဲ့ကြသော အမေရိကန်တပ်ဖွဲ့ဝင်များ၊ ၄င်းတို့၏ မိသားစုများအတွက်ပါ ကျနော် ၀မ်းနည်းပါသည်”ဟု တပ်စုမှူးဟောင်း ကာလေးက သြဂုတ်လ ၁၉-ရက်နေ့မှာ ဂျော်ဂျီယာပြည်နယ်၊ ကိုလံဘတ်မြို့ရှိ လူမျိုးနွယ်စုကလပ်တစ်တစ်ခု၌ ပရိသတ်အနည်းငယ်ရှေ့တွင် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။ ဗိုလ်ကာလေးအား ၁၉၇၀-ခုနှစ်က ရုံးတင်စစ်ဆေးခဲ့ဖူးရာ ထိုသတ်ဖြတ်ပွဲတွင် သူပါဝင်ခဲ့သော အခန်းကဏ္ဍအတွက် “ထောက်ဒဏ် တစ်သက်တစ်ကျွန်း”ချမှတ်ခဲ့သော်လည်း ထိုစဉ်က အမေရိကန်သမ္မတဖြစ်သူ ရစ်ချက်နစ်ဆင်က ၃-နှစ်သာ အကျယ်ချုပ်ထားကာ လျော့ပေါ့ပေးခဲ့သည်။ ၁၉၆၈-ခုနှစ်တုန်းက ဗီယက်ကောင်းတို့၏ နယ်မြေတွင် ကွန်မြူနစ်များကို လိုက်လံ တိုက်ခိုက်နေချိန်ဖြစ်သည်။ မိုင်လေကျေးရွာကို ၀ိုင်းထားသော အမေရိကန်တပ်ဖွဲ့များသည် ရန်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသော်လည်း လက်နက်မပါသည့် ရွာသူ၊ ရွာသားများကို ပစ်သတ်ခဲ့သော ဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

*** ပါကစ္စတန်နိုင်ငံတွင် ရေလွှမ်းမှုထပ်မံ ဖြစ်ပွား၊ ကလေး ၁၈-ဦးရေနစ်သေဆုံး…
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဒေသများ၊ ပက်ရှ်ဝါနှင့် ခေဘာလူမျိုးစုဒေသ အများအပြားတွင် သြဂုတ်လ ၂၁-ရက် မွန်းတည့်က လေပြင်းတိုက်ခတ်ပြီး အဆက်မပြတ်မိုးရွာသွန်းမှုနှင့် ကြုံတွေ့နေရသကဲ့သို့ နိုင်ငံအနောက်မြောက်ဘက်ရှိ ဘာရာမြစ် ရေလျှံမှုကြောင့်လည်း ကလေး ၁၈-ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အေပီပီသတင်းဌာနက ဖော်ပြသည်။

*** တရုတ်နိုင်ငံတွင် ယခုနှစ်ကုန်၌ ကမ္ဘာ့လူတုပ်ကွေး ရောဂါကာကွယ်ဆေး ထုတ်လုပ်မည်…
တရုတ်နိုင်ငံတွင် ယခုနှစ်ကုန်၌ လူ ၆၅-သန်းအတွက် ကမ္ဘာ့လူတုပ်ကွေးရောဂါကာကွယ်ဆေး အလုံအလောက်ထုတ်လုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီး (ချန်ခူ)က သြဂုတ်လ ၂၁-ရက်နေ့မှာ ပြောကြားသည်။

*** ဂရိနိုင်ငံတွင် တောမီးများ ဆက်တိုက်လောင်ကျွမ်း…
(အေသင်၊ သြဂုတ်လ ၂၃-ရက်)
ဂရိနိုင်ငံ၊ အေသင်မြို့တော် အရှေ့မြောက်ဘက်တွင် တောမီးများ အဆက်မပြတ် လောင်ကျွမ်းနေကြောင်း သြဂုတ်လ ၂၃-ရက်နေ့မှာ တာဝန်ရှိသူများက ပြောကြားသည်။ လွန်ခဲ့သော ၂၄-နာရီအတွင်း ဂရိနိုင်ငံ၌ တောမီးလောင်မှုအဖြစ် အကြိမ် ၆၀-ကျော် ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဌာနက ပြောကြားသည်။ သြဂုတ်လ ၂၂-ရက်နေ့က ဂရိနိုင်ငံ၏ မြို့တော်(အေသင်)နှင့် နီးကပ်စွာ ရှိသော မာရသွန်ဒေသတွင် တောမီးများအကြီးအကျယ်လောင်ခဲ့ပြီး အနီးအနားရှိ ကျေးရွာများနှင့် ပင်တီလီတောင်သို့ ကူးစက်မည်ကို စိုးရိမ်ရသည်ဟု ဆိုသည်။ မာရသွန်ဒေသတွင် တောမီးကို မီးသတ်ကား ၅၃-စီး၊ ရေကား ၂၄-စီး၊ မီးသတ်လေယာဉ် ၁၉-စင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၃၀၀-ကျော်တို့က ငြိမ်းသတ်နေကြောင်း သိရသည်။

(အင်တာနက်) ဘာသာပြန်-စိုးစိုးနိုင်

*** ဗီယက်နမ် လူသတ်ပွဲအတွက် ၀မ်းနည်းကြောင်း အမေရိကန်ကြည်းတပ် အရာရှိဟောင်း တောင်းပန်…

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)