(ပေကျင်း၊ စက်တင်ဘာလ ၂၁-ရက်)
ကမ္ဘာလုံးဆိုင်ရာ အနုပညာကျောင်းများ မဟာမိတ်အဖွဲ့က ပူးပေါင်းတင်ဆက်ကပြသော “ပထမဆုံးအကြိမ် နိုင်ငံတကာ ပြဇာတ်ပွဲတော်”ကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ ၂၀-ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါပွဲတော်ကို ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ၀ီလျံရှိတ်စပီးယား ၏ အပြောင်မြောက်ဆုံး ပြဇာတ်လက်ရာများကို နိုင်ငံ (၈)နိုင်ငံမှ အနုပညာကျောင်း (၉)ကျောင်းက တင်ဆက်ဖျော်ဖြေကပြမည်ဖြစ်သည်။ (၁၁)ရက်ကြာ ကျင်းပမည့် ပြဇာတ်ပွဲတော်တွင်
အနုပညာကျောင်းသားများက ရှိတ်စပီးယား၏ လက်ရာပြဇာတ်တစ်ခုနှင့် စိတ်ကြိုက်ပြဇာတ်တစ်ခုကို တင်ဆက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု တရုတ်အနုပညာအကယ်ဒမီမှ ဥက္ကဌ ကျူးကျန့်က ပြောကြားသည်။ အဆိုပါပြဇာတ်ပွဲတော်တွင် ဆု(၂)မျိုးချီးမြှင့်မည်ဖြစ်သည်။ နိုင်ငံခြားကျောင်းများအနက် ဆုရရှိသူများအနေဖြင့် တရုတ်အနုပညာအကယ်ဒမီသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ (အင်တာနက်)
*** ပနားမားတူးမြောင်း ချဲ့ထွင်ရေးအတွက် ကန်ဒေါ်လာ ၇၉၂-သန်း အသုံးပြုမည်**…
(ပနားမားစီးတီး၊ စက်တင်ဘာလ ၂၁-ရက်)
ပနားမားတူးမြောင်း ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့အနေဖြင့် (၂၀၁၀)ပြည့်နှစ်အတွင်း ထူးမြောင်းထိန်းသိမ်းရေးအတွက် အမေရိကန် ဒေါ်လာ (၇၉၂)သန်းကို ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြသည်။ ၂၀၀၉-ခုနှစ် အောက်တိုဘာလ ၁-ရက်နေ့မှ ၂၀၁၀-ပြည့်နှစ် စက်တင်ဘာလ ၃၀-ရက်နေ့ ကာလအတွင်း ပနားမားတူးမြောင်းကို ပိုမိုခေတ်မီစေရန်နှင့် တူးမြောင်းချဲ့ထွင်ရေး လုပ်ငန်းများတွင် အဆိုပါငွေကြေးများအား အသုံးပြုသွားမည်ဟု ပနားမားတူးမြောင်း ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့(ADP)ဥပက္ကဌ-ရိုမူလိုရို့စ်က ပြောကြားသည်။ ၂၀၁၀-ပြည့်နှစ် အရောက်တွင် ပနားမားတူးမြောင်းမှ သင်္ဘော(၂၄၂၅၉)စင်း ဖြတ်သန်းမောင်းနှင်ပြီး အမေရိကန်ဒေါ်လာ (၁.၅၂၅-ဘီလီယံ)ရရှိရန် ADPအဖွဲ့က မျှော်မှန်းထားသည်။ (အင်တာနက်)
*** ၂၀၁၀-ပြည့်နှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်အား တန်ဇန်းနီးယားနိုင်ငံတွင် ကျင်းပမည်**…
၂၀၁၀-ပြည့်နှစ် ကမ္ဘာ့စီးပွားရေး ဖိုရမ်အား အာဖရိကတိုက်ရှိ တန်ဇန်းနီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စက်တင်ဘာလ ၂၁-ရက်နေ့က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ အာဖရိကတိုက်တွင် ပထမဦးဆုံး အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရရှိသော နိုင်ငံဖြစ်ကြောင်း တန်ဇန်းနီးယား သမ္မတ-ကစ်ဝီတီက ပြောကြားသည်။ (အင်တာနက်)
*** နိုင်ငံတကာ အာကာသယာဉ်စခန်းမှ ခေတ်မမီတော့သည့် ယာဉ်အား ဖယ်ရှားခဲ့**…
နိုင်ငံတကာ အာကာသစခန်းရှိ ခေတ်မမီတော့သည့် ထိန်းချုပ်ရေးစနစ်ပါရှိသော ရုရှား ယာဉ်အား နိုင်ငံတကာ အာကာသယာဉ်စခန်းမှ စက်တင်ဘာလ ၂၁-ရက်နေ့က အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားမြေပြင်အာကာသစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
*** ဆီးရီးယားနိုင်ငံ အဝေးပြေးလမ်းမပေါ်တွင် ဘတ်စ်ကားနှစ်စီး၊ မျက်နှာချင်းဆိုင်တိုက်မိ***…
(ဒမတ်စကတ်၊ စက်တင်ဘာလ ၂၁-ရက်)
ီဆီးရီးယားနိုင်ငံ၊ အလီပိုမြို့နှင့် အာဒန်မြို့တို့အကြား အဝေးပြေးလမ်းပေါ်တွင် စက်တင်ဘာလ ၂၁-ရက်နေ့က မီနီဘတ်စ်ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ၂-ဦး သေဆုံးပြီး ၉-ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် အလီပိုမြို့မှ မောင်းနှင်လာသော မီနီဘတ်စ်ကားနှင့် အာဒန်မြို့မှ မောင်းနှင်လာသော မီနီဘတ်စ်ကား တို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံသို့တင်ပို့ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** နိုင်ငံတကာ ပြဇာတ်ပွဲတော်အား ပေကျင်းတွင် ဖွင့်လှစ်**…

No comments:
Post a Comment