*** သံပရာသီးကို ပုံမှန်စားသုံးပါလျှင် ရုတ်တရက်လေဖြတ်ခြင်းအား ကာကွယ်ပေးနိုင်ဟုဆို….
သံပုရာသီးသည် ဗီတာမင်-စီဓာတ်ပေါင်းများစွာ ပါဝင်သောအသီးဖြစ်သည်။ ဓာတ်တိုးပစ္စည်းချေဖျက်မှုနှင့် အန္တရာယ်ကြီးသော ဗိုင်းရပ်စ်များကို ချေဖျက်နိုင်သော အစွမ်းရှိသည်။ သံပုရာသီးတွင် ပါဝင်သော ဓာတ်များ၌ ၀မ်းရောဂါပိုးကို ဖျက်ဆီးနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်အတွင်းရှိ ရောဂါဗိုင်းရပ်စ်များကိုလည်း ချေဖျက်တားဆီးနိုင်စွမ်းရှိကြောင်း သိရသည်။ သံပုရာသီး(၀ါ)သံပုရာရည်ကို
နေ့စဉ်ပုံမှန်သောက်သုံးပေးပါက ရုတ်တရက်လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ သေးပေါင်မြင့်တက်ခြင်းနှင့် သွေးအတွင်းကို လက်စထရောများခြင်းကို ဟန့်တားကာကွယ်နိုင်သည်ဟု ဗြိတိသျှဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ ထို့အပြင်သံပုရာဖျော်ရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်း ပျက်စီးနေသော ဆဲလ်များနှင့် အဆိပ်ဓာတ်များကို ဖယ်ရှားနိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း သိရသည်။ (အင်တာနက်)
**(Public Health)**

No comments:
Post a Comment