*** နေကြာစေ့ စားသုံးခြင်းသည် နှလုံးကြွက်သား သန်မာစေနိုင်ဟုဆို…
နေကြာစေ့ကို စားသုံးခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးကြွက်သား သန်မာမှုတို့ကို အထောက်အကူပြုပေးနိုင်ကြောင်း၊ တဖန်ဆာလောင်မွတ်သိပ်မှုကိုလည်း ဖြေဖျောက်ပေးနိုင်ကြောင်း ဗြိတိသျှဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။ နေကြာစေ့တွင် ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်နှင့် ဆီလီနီယမ်(၀ါ) သတ္ထုဓာတ်များ ပေါများစွာပါဝင်လျက်ရှိသည်။ အများဆုံးပါဝင်သော ဓာတ်မှာ ဗီတာမင်အီးဖြစ်သည်။
နေကြာစေ့ကို နေ့စဉ်ပုံမှန် စားသုံးပေးပါက ဦးနှောက်ဆဲလ်များ ပျက်စီးမှု၊ ခန္ဓာကိုယ်အတွင်းကို လက်စထရောများပြားမှု၊ နှလုံးသွေးကြောများ အားနည်းမှုနှင့် ခန္ဓာကိုယ်အတွင်း အနာများဖြစ်ပွားမှုကို လျှော့ကျစေနိုင်ကြောင်း သိရသည်။ ထို့အပြင် နေကြာစေ့တွင် ပါဝင်သော ဓာတ်များက အူမကြီးကင်ဆာဖြစ်ပွားမှုကို ဟန့်တားကာကွယ်နိုင်ပြီး သွေးပေါင်ချိန် မြင့်တက်မှုကို ကျဆင်းစေနိုင်ကြောင်း ယင်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ (အင်တာနက်)
**(Public Health)***

No comments:
Post a Comment