(၄၄)ကြိမ်မြောက် ကမ္ဘာ့ကျောက်မျက်ရတနာ ပြပွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာလ ၁၅-ရက်နေ့မှ ၁၉-ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် (၁၃၀၀)ခန့်တို့က ပါဝင်ပြသကြကြောင်း သတင်းရရှိသည်။ (အင်တာနက်)
*** ရွှေ့ပြောင်းနေထိုင်ရန် ကြိုးစားသူ (၆၅)ဦးအား ဆိုမာလီရေပြင်တွင် သေဆုံးဖွယ်ရှိ…**
(မိုဂါဒစ်ရှူး၊ စက်တင်ဘာလ ၁၇-ရက်)
အာဖရိကတိုက်၊ ဆိုမာလီနိုင်ငံမှ အာရှတိုက်အရှေ့အလယ်ပိုင်း ယီမင်နိုင်ငံသို့ ယခုသီတင်းတစ်ပတ်အတွင်း ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ပြောင်းရွေ့နေထိုင်ရန် ကြိုးစားသူ (၆၅)ဦးသေဆုံးဖွယ်ရှိသည်ဟု ကုလသမဂ္ဂက စက်တင်ဘာလ ၁၅-ရက်နေ့က ပြောကြားသည်။ အုပ်စုသုံးစု ဖြတ်သန်းရာတွင် ၁၆-ဦးသေဆုံးကြောင်း အတည်ပြုချက်ရရှိထားပြီး ၄၉-ဦးမှာ ပင်လယ်ရေပြင်၌ ပျောက်ဆုံးနေဘွယ်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသ်ညများဆိုင်ရာ အေဂျင်စီက ပြောကြားသည်။ (အင်တာနက်)
*** အက်ကွေဒေါနိုင်ငံတွင် တောမီးကြောင့် လယ်ယာမြေဟက်တာ (၁၅၀၀)ဦးပျက်စီး…**
တောင်အမေရိကတိုက်၊ အက်ကွေဒေါနိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တပတ်ကျော်က တောမီလောင်ကျွမ်းမှုကြောင့် လယ်ယာမြေဟက်တာ (၁၅၀၀)ခန့် ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄-ရက်နေ့၌ ပတ်ဝန်ကျင်ထိန်းသိမ်းကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားသည်။ (အင်တာနက်)
*** တရုတ်နိုင်ငံအလယ်ပိုင်း၌ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၄-ဦးအထိဖြစ်လာ…**
တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် စက်တင်ဘာလ ၁၅-ရက်နေ့ နံနက်ပိုင်းက ကျောက်မီးသွေးတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၄-ဦးအထိဖြစ်လာကြောင်း ကယ်ဆယ်ရေးဌာနချုပ်က ပြောကြားသည်။ (အင်တာနက်)
ဘာသာပြန်- စိုးစိုးနိုင်
*** ဘန်ကောက်မြို့တွင် ကမ္ဘာ့ကျောက်မျက်ရတနာပြပွဲကျင်းပ**….

No comments:
Post a Comment