(ဂျကာတာ၊ စက်တင်ဘာလ ၁၈-ရက်)
အာရှ- အာဖရိကနိုင်ငံများမှ ကလေးငယ်များ၏ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် ဒီဇင်ဘာလ ၁၄-ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာလက်ခံကျင်းပမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၈-ရက်နေ့၌ ဒေသဆိုင်ရာ မီဒီယာက သတင်းထုတ်ပြန်သည်။ အဆိုပါပွဲတော်တွင် အာရှ-အာဖရိက နိုင်ငံပေါင်း(၂၅)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး မူလတန်းအဆင့်ရှိ ကလေးငယ်များအား ဖိတ်ခေါ်ထားရှိကာ အင်ဒိုနီးရှားနိုင်ငံခရီးသွား
လုပ်ငန်းမှ ဖွံ့ဖြိုးတိုးတက်ရေး လှုံ့တော်သည့် ပွဲတော်လည်း ဖြစ်ကြောင်းသတင်းမှာ ဖော်ပြသည်။ (အင်တာနက်)
*** တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားစသည့် ၃-နိုင်ငံထိပ်သီးအစည်းအဝေးကျင်းပမည်**…
(ဆိုးလ်၊ စက်တင်ဘာလ ၁၈-ရက်)
တောင်ကိုရီးယားသမ္မတ-လီမြောင်ဘတ်သည် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ဂျပန်ဝန်ကြီးချုပ်သစ်- ယာတိုယာမာတို့နှင့် တွေ့ဆုံဆွေးနွေးရေးအျတွက် လာမည့်လတွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည့်ဖြစ်ကြောင်း တောင်ကိုရီးယား တသင်းဌာနက ဖော်ပြသည်။ အဆိုပါ ၃-နိုင်ငံထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၈-ရက်နေ့မှ ၁၀-ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားကြောင်းနှင့် ယင်းအစည်းအဝေးတွင် လက်ရှိလုံခြုံရေးနှင့် စီးပွားရေးအခြေအနေအပါအ၀င် ဒေသတွင်းပြဿနာများအပေါ် ဆွေးနွေးသွားမည်ဖြစ်သည်ဟု အမည်မဖော်လိုသူ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ (အင်တာနက်)
***ပါကစ္စတန်နိုင်ငံတွင် ကားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိ၊ အနည်းဆုံး ၁၅-ဦးသေဆုံး၊ လူ ၃၀-ဦးဒဏ်ရာရ…**
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၊ အက်ကော့မြို့တွင် ခရီးသည်တင်ကားတစ်စီးနှင့် အခြားကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် အနည်းဆုံး ၁၅-ဦး သေးဆုံးပြီး လူ ၃၀-ဦး ဒဏ်ရာရရှိသွားကြောင်း ပါကစ္စတန် မီဒီယာများက စက်တင်ဘာလ ၁၈-ရက်နေ့မှာ ဖော်ပြသည်။ (အင်တာနက်)
*** ဗင်နီဇွဲလားနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ၈-ဦးသေဆုံးပြီး လူ ၁၀၀-ခန့်အဆိပ်သင့်**…
တောင်အမေရိကတိုက်၊ ဗင်နီဇွဲလား နိုင်ငံအရှေ့ပိုင်းတွင် စက်တင်ဘာလ ၁၄-ရက်နေ့ညပိုင်းက ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် ကလိုရင်းဓါတ်ငွေ့ သယ်ပို့သော မော်တော်ယာဉ် တစ်စီးတို့မတော်တဆတိုက်မိရာ၌ အနည်းဆုံး လူ ၈-ဦး သေဆုံးပြီး လူ ၁၀၀-ခန့် အဆိပ်သင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၈-ရက်နေ့မှာ ကျေညာသည်။ (အင်တာနက်)
*** အာရှ- အာဖရိကယဉ်ကျေးမှုပွဲတော်အား အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပမည်**….

No comments:
Post a Comment