*** အာလူးကို ပုံမှန်စားသုံးပေးလျှင် နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်နိုင်ဟုဆို**…
အာလူးကိုပုံမှန်စားသုံးပေးပါက နှလုံးသွေးကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါအချို့ဖြစ်ပွားနိုင်မှုမှ ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက် အသစ်တရပ်တွင် ဖော်ပြထားသည်။ အာလူးတွင် (ဗီတာမင်စီ၊ ဘီ-၆၊ ကော့ပါး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီးစ်နှင့် အမျှင်ဓာတ်များ)ပါဝင်သည်။ ထို့အပြင် ပါတာတင်ကဲ့သို့သော ဓာတ်များပါရှိသဖြင့် နှလုံးသွေးကြောများ သန်စွမ်းမှုကို အထောက်အကူပြုနိုင်စွမ်းရှိသည်ဟု ဆို၏။ အာလူးတွင် ပါဝင်သော ဓာတ်ပေါင်းက
သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေရန်နှင့် သွေးပေါင်မြှင့်တင်မှုကို လျှော့ကျစေရန် ပံ့ပိုးပေးနိုင်ကြောင်း၊ တဖန် “ဖောလစ်အက်ဆစ်”ကဲ့သို့သော ဓာတ်များပါရှိသဖြင့် သွေးအားကောင်းမွန်စေကြောင်း ၄င်းတို့၏ သုတေသနပြုချက်မှာ ဆက်လက်ဖော်ပြထားသည်။ အာလူးကို ပုံမှန်စားသုံးသူများသည် နှလုံးသွေးကြောကျဉ်း ရောဂါအပြင် နှလုံးပုံနှင့် ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သဖြင့် သတ်မှတ်ချက်အတိုင်း စားသုံးသင့်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက အကြံပြုထားသည်။ (အင်တာနက်)
**(Public Health)**

No comments:
Post a Comment