(မော်စကို၊ စက်တင်ဘာလ ၂၀-ရက်)
ရုရှားဖက်ဒရေးရှင်း သမ္မတနိုင်ငံ၏ “အင်္ဂါဂြိုလ် အရံလ”သို့ စူးစမ်းလေ့လာရေး အာကာသယာဉ် လွှတ်တင်မည့် အစီအစဉ်ကို ၂-နှစ်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း၊ ယင်းအစီအစဉ်ကြောင့် တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုလ်လေ့လာရေးယာဉ် ပူးပေါင်းလွှတ်တင်မှုကိုပါ နှောင့်နှေးကြန့်ကြာသွားစေခဲ့ကြောင်း အင်တာနက် သတင်းမှာ ပါရှိသည်။ “ဖိုဘော့စ်”အမည်ရှိ အင်္ဂါဂြိုလ်အရံလ စူးစမ်းလေ့လာရေးယာဉ်အတွက် သိပ္ပံနှင့် အာကာသဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆွေးနွေးပွဲကို စက်တင်ဘာလ
၁၆-ရက်နေ့က ကျင်းပခဲ့ပြီး ဖိုဘော့စ် ၏အာကာသယာဉ် လွှတ်တင်မှုကို (၂၀၁၁)ခုနှစ်အထိ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ဖိုဘော့စ်အာကာသယာဉ်မှာ မူလက နောက် ၂-လအကြာတွင် လွှတ်တင်ရန်စီစဉ်ထားခဲ့သည်။ ယခုကဲ့သို့ ရွှေ့ဆိုင်းမှုကို ရုရှားအာကာသအေဂျင်စီက ယခုသီတင်းပတ်အကုန်တွင် တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်သည်။ (အင်တာနက်)
*** တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မြင့်တက်လာခဲ့…
(ဆိုးလ်၊ စက်တင်ဘာလ ၂၀-ရက်)
တောင်ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏသည် ၂၀၀၈-ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံ (၂၁၄)နိုင်ငံ၌ အဆင့် ၆၆-မှ အဆင့် ၄၄-သို့ ရောက်ရှိလာကြောင်း တောင်ကိုရီးယားစီးပွားရေး ပညာရပ်ဆိုင်ရာ ၀န်ကြီးဌာနက စက်တင်ဘာလ ၁၈-ရက်နေ့က ပြောကြားသည်။ တောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုသည် ၂၀၀၈-ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၇. ၆၀-ဘီလီယံ)ရှိခဲ့ပြီး၊ ၂၀၀၇-ခုနှစ်က အမေရိကန်ဒေါ်လာ (၂.၆၃-ဘီလီယံ)သာ ရှိခဲ့ခြင်းကြောင့် တဟုန်ထိုးမြင့်တက်လာခဲ့ခြင်ဖြစ်သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့ဥရောပနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဒေသများတွင် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နိုင်ငံရပ်ခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည် ၂၉-ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာနက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပသော ကုလသမဂ္ဂ၏ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အစည်းအဝေး(UNCTAD)သို့ တင်ပြသော အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထား၏။ (အင်တာနက်)
*** စပိန်နှင့် မော်ရိုကို နှစ်နိုင်ငံ အကြားတွင် ခရီးသည်တင် သင်္ဘောနစ်မြုပ်၊ လူ ၈-ဦးသေဆုံး…
ဥရောပတိုက်ရှိ စပိန်နိုင်ငံနှင့် အာဖရိကတိုက် မော်ရိုကိုနိုင်ငံတို့၏ နှစ်နိုင်ငံကြား ရေပြင်တွင် ခရီးသည်တင်သင်္ဘောငယ်တစ်စင်းသည် စက်တင်ဘာလ ၂၀-ရက်နေ့က နစ်မြုပ်ခဲ့ရာ ၈-ဦးသေဆုံးပြီး ခရီးသည် အများအပြားပျောက်ဆုံးလျက်ရှိကြောင်း စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ယီမင်ကမ်းလွန်တွင် ဓားပြများလက်မှ သင်္ဘောသား ၅-ဦးအား တောင်ကိုရီးယား စစ်သင်္ဘောက ကယ်တင်
ခဲ့…
ယီမင်နိုင်ငံ ကမ်းလွန်တွင် စက်တင်ဘာလ ၂၀-ရက်နေ့က ကုန်တင်သင်္ဘောတစ်စင်းကို အပိုင်စီးရန် ကြိုးပမ်းနေသော ဓားပြများအား တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်းက တိုက်ခိုက်ခဲ့ပြီး ကုန်တင်သင်္ဘောမှ သင်္ဘောသား ၅-ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်မှ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** “အင်္ဂါဂြိုလ် အရံလ”စုးစမ်းလေ့လာရေးအတွက် အာကာသယာဉ်လွှတ်တင်မှုအား ရုရှားရွေ့ဆိုင်း…

No comments:
Post a Comment