(မက္ကဆီကိုစီးတီး၊ စက်တင်ဘာလ ၄-ရက်)
မက္ကဆီကိုနိုင်ငံတွင် တုပ်ကွေးရောဂါသစ်ဒုတိယ အကြိမ် ကျရောက်လာမည်ကို ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောက်ရွက်လျက်ရှိသည်။ ယခင်နှစ် နွေဦးရာသီတွင် တုပ်ကွေးရောဂါသစ်ကို ထိန်းချုပ်နိုင်ရန် ကျောင်း များမှအစ စားသောက်ဆိုင်များပိတ်ခိုင်းထားခြင်း စသည့် လုပ်ဆောင်ချက်များကို ချမှတ်ဆောင်ရွက်ရာ တွင် မည်သည့် အချက်များက ထိရောက်မှုရှိပြီး မည်သည့် အချက်များက ထိရာက်မှုနည်းပါးသည်ကို ပြန်လည် သုံး သပ်စီစပ် လျက်ရှိသည်။ ယခုအခါ ကမ္ဘာ့မြောက်ခြမ်းဒေသတွင် တုပ်ကွေး ရာသီချိန်ကျရောက်လာစေပြီး ကျန် ကမ္ဘာ့နိုင်ငံများသည် မက္ကဆီကိုနိုင်ငံ၏ အတွေ့အကြုံမှ တန်ဖိုးကြီးလှသော အမှားများကို ရှောင်ရှားနိုင်ရန်နှင့် အားသာချက်များကို လက်ခံနိုင်ရန် လေ့လာနေခြင်း ဖြစ်သည်။ (အင်တာနက်)
*** ဥရောပဇုန် ဒေသတွင် ၁၀-နှစ်အတွင်း အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးရောက်ရှိ….
(ပါရီ၊ စက်တင်ဘာလ ၄-ရက်)
ဥရောပတိုက်ရှိ ယူရိုငွေ သုံးစွဲသော ၁၆-နိုင်ငံပါဝင်သော ယူရိုဇုန်ဒေသတွင် ဇူလိုင်လအတွင်းက အလုပ်လက်မဲ့ဦးရေ (၁၆၇၀၀၀)ထပ်မံ တိုးလာရာ ၁၀-နှစ်အတွင်း အလုပ်လက်မဲ့နှုန်းထား အမြင့်ဆုံးအခြေအနေဖြစ်သော (၉.၅-ရာခိုင်နှုန်း)သို့ ရောက်ရှိလာကြောင်း စာရင်းအင်းများက ဖော်ပြသည်။ ဥရောပ စာရင်းအင်းဌာနတစ်ခု ဖြစ်သော ယူရိုစတက်၏ ထုတ်ပြန်ချက်အရ ယင်းဇုန်ဒေသတွင် ဇူလိုင်လ၌ရှိသော အလုပ်လက်မဲ့ဦးရေ စုစုပေါင်းသည် (၁၅.၀၉-သန်း)ရှိခြင်းကြောင့် ထိုကိန်းဂဏန်းသည် ၁၉၉၉-ခုနှစ် မေလနောက်ပိုင်း၌ အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
*** လက်တင်အမေရိကန်ဒေသ၏ အကြီးဆုံး ငါးပြတိုက်၊ ဘရာဇီးနိုင်ငံမှာ တည်ဆောက်မည်…
(ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာလ ၄-ရက်)
လက်တင်အမေရိကန်ဒေသ(ခေါ်) တောင်အမေရိကဒေသ၏ အကြီးဆုံး ငါးပြတိုက်တစ်ခုကို ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တော်၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။ ငါးပြတိုက်ကြီးတည်ဆောက်မှုမှာ မြို့တော်ကို အသစ်ပြန်လည်ပြုပြင်ရေး၏ တစိတ်တပိုင်းဖြစ်ကြောင်း၊ ယင်းငါးပြတိုက်ကြီးကို `အကွာရီယို´ဟူ၍ အမည်ပေးထားကြောင်း သိရသည်။ ယင်းငါးပြတိုက်ကြီးမှာ အကျယ်အ၀န်း စတုရန်းမီတာ (၂၇၀၀)ကျယ်ဝန်းပြီး ရေချို၊ ရေငန်ငါးမျိုးပေါင်း (၄၀၀)ကျော် အပါအ၀င် ရှားပါးတိရစ္ဆာန်များဖြစ်ကြသော ပင်ဂွင်းငှက်များကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်၏။ (အင်တာနက်)
*** ဂျပန်နိုင်ငံရှိ အမေရိကန်စစ်စခန်းအား ပြောင်းရွှေ့စေလို…
ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းတွင် အခြေစိုက်ထားသော အမေရိကန်လေတပ်စခန်းအား ရွှေ့ပြောင်းစေလိုကြောင်း ဂျပန်အစိုးရ အရာရှိကြီး တစ်ဦးက စက်တင်ဘာလ ၄-ရက်နေ့မှာ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ဆားဘီးယားနိုင်ငံ အနောက်ပိုင်းတွင် အလူမီနီယမ်စက်ရုံ ပေါက်ကွဲမှုဖြစ်ပွား...
ယခင် ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင် ဗဟိုနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော ဆားဘီးယားနိုင်ငံ အနောက်ပိုင်း၊ အူဇစ်မြို့တွင် စက်တင်ဘာလ ၄-ရက်နေ့က အလူမီနီယစ်စက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ (၆)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆားဘီးယားနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိများက ပြောကြားခဲ့သည်။ (အင်တာနက်) ဘာသာပြန်-မောင်ချစ်ကြည်
*** တုပ်ကွေးရောဂါ ဒုတိယ အကြိမ်ပြန်မဖြစ်ရန် မက္ကဆီကိုနိုင်ငံက ဆောင်ရွက်ပြီ….

No comments:
Post a Comment