စားသောက်ဆိုင်တွင်ဖြစ်သည်။ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာမှာ အရက်ကိုအလွန် အကျွံသောက်စားသဖြင့် အမူးလွန်နေသည်။ သို့ရာတွင် မပြန်သေးဘဲ စားပွဲထိုးကို ခေါ်ကာ နောက်ထပ်အရက်တစ်လုံး ထပ်ပေးရန် ပြော သည်။ ထိုအခါ စားပွဲထိုးက….
`လူကြီးမင်း ခင်ဗျား တော်လောက်ပြီလို့ထင်ပါတယ်။ လူကြီးမင်း အရမ်းမူးနေပြီဗျ…´
`နေစမ်းပါကွာ။ ငါ့မျက်လုံးတွေ ကောင်းကောင်းမြင်နေ သေးပါတယ်ကွ… အေ့´
`ဘာကိုမြင်ပါသလဲ ခင်ဗျာ´
ဟိုမှာလေ ကြောင်တစ်ကောင် အခန်းထဲဝင်လာတယ်။ သူ့မှာမျက်လုံး နှစ်လုံးရှိတယ်။ မျက်လုံးက ပြူးနေတာပဲ ငါ့ကို ကြည့်နေတာတွေ့လား…´
`မဟုတ်ဘူးဆရာ၊ ကြောင်ကအပြင်ကို ထွက်သွားတာပါ။ ဆရာမြင်တာနောက်ပိုင်းပါ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment