တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဘောလုံးစတားများစွာဖြင့် ဇာတ်လမ်းရှုပ်ခဲ့သူ ဂမ်မာအက်ကင်ဆန်နှင့် မော်ဒယ် ၂-ဦးအား မေးခွန်းများမေးမြန်းသည်။
“ဆိုကြပါဦး…. လူသူမရောက်တဲ့ ကျွန်းကိုသင်္ဘောပျက်ပြီးဘောလုံးစတား ယောင်္ကျားအယောက် ၂၀-နဲ့အတူ ရောက်သွားရင် ခင်ဗျားတို့ ဘာလုပ်ကြမလဲ…”
ပထမ မော်ဒယ်ကဖြေသည်။
“ဘုရားသခင်ကို ရှိခိုးပြီးအကူအညီတောင်းမယ်…”
ဒုတိယ မော်ဒယ်ကမူ “သူတို့တစ်ခုခု လုပ်ရင် ကျွန်မကိုယ် ကျွန်မအဆုံးစီရင်လိုက်မယ်”ဟု ဖြေသည်။
သို့ရာတွင် ဂမ်မာအက်ကင်ဆန်ကမူ မေးခွန်းမေးသူအား ပြန်လည်မေးခွန်းထုတ်သည်။
“ဟို…. မေးခွန်းကိုတော့ ရှင်းရှင်းလင်းလင်းနားလည်ပါတယ်။ ဒါပေမဲ့ ဘာများပြဿာနာရှိနေလို့လဲရှင့်”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ပါသည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment