စိတ်ညစ်သဖြင့် အိမ်မှထွက်လာသော အမျိုးသားတစ်ဦးသည် စူပါကွန်ပျူတာထံသွားပြီး မေးခွန်းမေးမြန်းလေ သည်။
(အမျိုးသား) `လောကကြီးမှာ ကျနော်ကံဆိုးလွန်းပါတယ်ဗျာ´(စူပါကွန်ပျူတာ)`ဘာအကူအညီပေးရမလဲ ပြောပါ´
(အမျိုးသား) `ဒေါ်လာ ၅-သန်းလောက်လိုချင်ပါတယ်´
(စူပါကွန်ပျူတာ)`မင်းရဲ့ ဘဏ်စာရင်းထဲရောက်အောက် ငါလုပ်ပေးမယ်၊ စိတ်ချ´
(အမျိုးသား) `တကယ်လားဗျာ၊ ၀မ်းသာလိုက်တာ။ နောက်တစ်ခုဗျာ… မိန်းမလှလေး တစ်ယောက်လောက်လည်း ရှာပေးပါလားဗျာ´
(စူပါကွန်ပျူတာ) `ဒါလည်း စိတ်ချ၊ အခုပဲမင်းအိမ်ကိုရောက်စေရမယ်´
(အမျိုးသား)`အမေလေး… ကျေးဇူးကမ္ဘာပါပဲဗျာ´
(စူပါကွန်ပျူတာ)`ကိုင်း… နောက်ဘာလိုချင်သေးသလဲကိုယ့်လူ´
(အမျိုးသား)` အဲဒီမိန်းမလှလေးကို စိတ်သဘောထားကောင်းပြီး ကျနော့်ကို အလွန်ချစ်မြတ်နိုးတဲ့ စိတ်ကလေးရှိအောင် ဖန်တီးပေးပါဦး´
(စူပါကွန်ပျူတာ)`ဟေ့ ဟေ့၊ မိန်းကလေးတွေရဲ့စိတ်ကို ပြုပြင်ဖို့တော့ ငါမတတ်နိုင်ဘူးကွ….´
*** မောင်မောင်မြင်ဆွေ***
*** (ဟာဒယနှလုံး- တခဏပြုံး)

No comments:
Post a Comment