ရွှေမဒီတို့ လည်ပင်းတခို“
တောက်ပရှုမ၀ မြင်သူကို
ကြည်နူးဆွတ်ပျံ့ ပါတယ်ဗျို…..။
*** ထိုင်းနိုင်ငံရောက် ရွှေမဒီပျို
ရွှေဆွဲကြိုးနဲ့ အလှပို
ဟိုကြိုဒီကြား မသွားနဲ့ဗျား
ဆွဲကြိုးလုသမား အခုခါများ….။
*** အရင်ကထက် ပိုများနေ
ဆွဲကြိုးလုသမားတွေ
လူရှေ့သူရှေ့ မရှောင်ကြ
ဆွဲကြိုးရဖို့အဓိက…..။
*** နဖူးကချွေး ခြေမကျ
ရွှေမဒီတွေလုပ်ကြရ
မူးစု- ပဲစု - လရှည်စု
ရွှေဆွဲကြိုးလေး လည်မှာပြု
လည်မှာပြုလို့မှ မကြာမီ
ပျိုမဒီတွေ မျက်ရည်မည်
လုယက်ပြီဗျ အချောင်သမား
သူများဝေဒနာ နေစိမ့်အား
သူများမျက်ရည် ဘေးခေါက်ထား
သူများဝမ်းစာ ရန်လိုသမား
သတိထား- သတိထား
ရွှေအလုပ်သမား - သတိထား….။
*** မြန်မာပြည်သား***
*** ထိုင်းရွှေလေးတွေ အလှပို
ရွှေမဒီတို့ လည်ပင်းတခို“
တောက်ပရှုမ၀ မြင်သူကို
ကြည်နူးဆွတ်ပျံ့ ပါတယ်ဗျို…..။
*** ထိုင်းနိုင်ငံရောက် ရွှေမဒီပျို
ရွှေဆွဲကြိုးနဲ့ အလှပို
ဟိုကြိုဒီကြား မသွားနဲ့ဗျား
ဆွဲကြိုးလုသမား အခုခါများ….။
*** အရင်ကထက် ပိုများနေ
ဆွဲကြိုးလုသမားတွေ
လူရှေ့သူရှေ့ မရှောင်ကြ
ဆွဲကြိုးရဖို့အဓိက…..။
*** နဖူးကချွေး ခြေမကျ
ရွှေမဒီတွေလုပ်ကြရ
မူးစု- ပဲစု - လရှည်စု
ရွှေဆွဲကြိုးလေး လည်မှာပြု
လည်မှာပြုလို့မှ မကြာမီ
ပျိုမဒီတွေ မျက်ရည်မည်
လုယက်ပြီဗျ အချောင်သမား
သူများဝေဒနာ နေစိမ့်အား
သူများမျက်ရည် ဘေးခေါက်ထား
သူများဝမ်းစာ ရန်လိုသမား
သတိထား- သတိထား
ရွှေအလုပ်သမား - သတိထား….။
*** မြန်မာပြည်သား***
No comments:
Post a Comment