(ကိုင်ရို၊ စက်တင်ဘာလ ၁၅-ရက်)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နာတန်ယာဟုနှင့် အီဂျစ်သမ္မတ ဟိုစနီမူဘာရက်တို့သည် ပါလက်စတိုင်းတို့နှင့် စက်တင်ဘာလနှောင်းပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ်ကို ပြန်လည်စတင်နိုင်ရန် စက်တင်ဘာလ ၁၃-ရက်နေ့၌ တွေ့ဆုံဆွေးနွေးကြသည်။ အစ္စရေးဝန်ကြီးချုပ်သည် ဒုတိယအကြိမ်အဖြစ် အီဂျစ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အမေရိကန်အရှေ့အလယ်ပိုင်း သံတမန် ဂျော့မစ်ချယ်က ထိုဒေသသို့ လာရောက်ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ ထိုသို့ တွေ့ဆုံစဉ်
အမေရိကန်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်ပြုလုပ်ရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းအနောက်ဘက်ကမ်းဒေသတွင် လူနေအိမ်ရာများ ဆောက်လုပ်လျက်ရှိသည်။ ထိုသို့ မဆောက်လုပ်ရန် အစ္စရေးအပေါ် အမေရိကန်က ဖိအားပေးနေပြီး ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ကလည်း အိမ်ရာဆောက်လုပ်မှု ရပ်ဆိုင်းမှ ငြိမ်းချမ်းရေး ပြန်လည်ဆွေးနွေးမည်ဟု ပြောကြားထားသည်။ (အင်တာနက်)
*** သြစတြေးလျနိုင်ငံတွင် နေရာ (၆၀)ခန့်၌ တောမီးလောင်…
သြစတြေးလျနိုင်ငံတွင် စက်တင်ဘာလ ၁၃-ရက်နေ့က နေရာ (၆၀)ခန့် လောင်နေသော တောမီးများကို ထိန်းချုပ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်လေယာဉ်များကို သုံးစွဲပြီး ငြိမ်းသတ်နေရကြောင်း၊ ယခုနှစ်အတွင်း ဖြစ်ရိုးဖြစ်စဉ်ထက် မီးလောင်သော အကြိမ်အရေအတွက် များပြားလာကြောင်း မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား၏။ (အင်တာနက်)
*** ပါကစ္စတန်နိုင်ငံတွင် ဂျုံ-အခမဲ့ဝေငှ၊ လူ ၂၀-ဦးသေဆုံး….
ပါကစ္စတန်နိုင်ငံ ဘဏ္ဍာရေးမြို့တော် (ကရာချိ)တွင် စက်တင်ဘာလ ၁၄-ရက်နေ့က ဆင်းရဲသားအများစု နေထိုင်ရာရပ်ကွက်တွင် ဂျုံ-များကို အခမဲ့ဝေငှခဲ့ရာ ရုန်းရင်းဆန်ခတ် အလုအယက်တိုးဝေ့ကြသဖြင့် အမျိုးသမီးများနှင့် ကလေးများအပါအ၀င် လူ ၂၀-ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြား၏။ (အင်တာနက်)
*** အီရန်အရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၁-ရက်နေ့တွင် ဆွေးနွေးမည်…
အီရန်နိုင်ငံ၏ ညူကလီးယား အစီအစဉ်အပေါ် အငြင်းပွားနေမှုအား ဖြေရှင်းရန်အတွက် အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁-ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၁၄-ရက်နေ့မှာ ပြောကြားသည်။ (အင်တာနက်)
*** ပြင်သစ်သမ္မတ ဆာကိုဇီအား လူထုထောက်ခံမှုကျဆင်း…
သုတေသန စာတမ်းအရ ပြင်သစ်သမ္မတ (ဆာကိုဇီ)၏ ထင်ရှားကျော်ကြားမှုသည် ၄-လအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေကြောင်းတွေ့ဆုံမေးမြန်ခဲ့သော ပုဂ္ဂိုလ်တို့က ကမ္ဘာ့စီးပွားရေး ပြဿနာအပေါ် သူ၏ တုံ့ပြန်မှုကို မထောက်ခံကြကြောင်း ရိုက်တာသတင်း တစ်ပုဒ်မှာ ဖော်ပြသည်။ (ရိုက်တာ)
*** ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ကျင်းပရေးအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အီဂျစ် သမ္မတတို့ ဆွေးနွေး…

No comments:
Post a Comment