ကိုကို့ရင်ခွင်ထဲကနေ
ဘန်ကောက်မြေကို ကျမရောက်တာ
အခုအခါမှာ- သုံးနှစ်တောင်ကြာခဲ့ပါပြီရှင်….။
*** မဲဆောက် တောရကျောင်းမှာ
“လှကို- ကိုကို ချစ်တယ်လို့”
ရင်ဖိုစွာ ဖွင့်ဟခဲ့တာကိုလည်း
“ကိုကို့ကို လှလည်း ထပ်တူပါပဲရှင်”လို့
အကြင်နာတွေ ပြန်လည်ပေးဝေကြတာတွေကို
လှိုက်ဖိုရှိုက်တက်လာတဲ့
ကျမရဲ့ မျက်ရည်စက်တွေကပဲ
ချစ်ခြင်းဖွဲ့ သက်သေတွေအဖြစ်
စွဲထင်ကျန်ရစ်နေမှာပါရှင်…။
*** မဲဆောက်မြေမှာ အလုပ်သမားအခွင့်အရေးဆုံးရှုံးတိုင်း
“ကိုကို”ဆိုတဲ့ ကျမရဲ့ တံတိုင်းကြီးက
ကျမတို့နဲ့အတူ ရင်လှိုင်းခတ်သံ စည်းချက်ညီစွာနဲ့
တိုက်ပွဲအတွက် အစစပြင်ဆင်ပေး ခဲ့တာကိုလည်း
ကြင်နာသူ ကျမက သိပ်ပြီး သတိရမိပါတယ်ရှင်…။
***ဒါကအခွင့်အရေး၊ ဟိုဟာက ရပိုင်ခွင့်
ဒီဟာက ထိုင်းဥပဒေလမ်းကြောင်းရယ်လို့
ကိုကိုတို့တတွေ ရှေ့ဆောင်လမ်းပြပေးခဲ့တာမို့
ကျမတို့တတွေ ကိုယ်တိုင်အားထုတ်လာကြပြီး
နည်းအမျိုးမျိုးနဲ့ လမ်းအထွေထွေကို
မလွဲမသွေ ဖော်ဆောင်နိုင်ခဲ့တာပေါ့ရှင်…။
*** ဒီလိုနဲ့… ကျမလည်း အလုပ်ပြုတ်ဘ၀မှာပဲ
ကိုကိုနဲ့ ကံအားလျော်စွာ ချစ်ခြင်းဖွဲ့ကြ
အဲဒီနောက်… ဘန်ကောက်တက်ဖို့ ကြိုးပမ်းကြ
ကိုကိုကတော့ မဲဆောက်ကနေ တဖ၀ါးမှ မခွာခဲ့
ဘန်ကောက်ရောက်စ ကျမဟာ
ကိုကို့ကိုသာ လွမ်းဆွတ်နေရတာမို့
ဘယ်နေ့ကမှ စိတ်မချမ်းသာခဲ့ပါဘူး
ဒီလိုနဲ့… နေ့တွေ၊ ရက်တွေ ပြောင်းပြီး
ရာသီရထားလည်း တရွေ့ရွေ့မောင်းသွားတာမို့
ခံနိုင်ရည်သတ္တိတွေ မွေးဖွားလာတဲ့ ကျမမှာ
အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးပဲဆိုတာ
ပိုပိုပြီး သိလာရလေလေ
ခွန်အားတွေ ပိုမိုသွန်းလောင်းလာရတဲ့အခါ
ကိုကိုဟာ လေလှိုင်းထဲက ကျမရဲ့ ဇာတ်လိုက်
ကိုကိုဟာ ရုပ်မမြင်အသံကြားရတဲ့ ကျမရဲ့ ဒါရိုက်တာ
ကိုကိုဟာ ကျမသာမက၊ ကျမတို့ လုပ်ဖော်ကိုင်ဖက်
အဖိနှိပ်ခံ မြန်မာရွှေ့ပြောင်း တွေအတွက်
ဗဟုသုတ ဆက်ထုံးတစ်ခုပမာ
ပညာရပ်အချိတ်အဆက် တစ်ခုပမာ
အဲဒါတွေကြောင့် ဒီဘ၀ဘုံခရီးမှာ
ပြန်လည်ဆုံဆည်းကြမယ် ကိုကိုရယ်လို့….။ ။
ခံစားတင်ပြသူ- လှယမင်း (ဘန်ဖွန်းမြို့- ဘန်ကောက်ပြည်နယ်) ရွှေ့ပြောင်းလုပ်သားတစ်ဦး
*** မဲဆောက်မြေရဲ့ နှစ်ယောက်တစ်ဘဝ
ကိုကို့ရင်ခွင်ထဲကနေ
ဘန်ကောက်မြေကို ကျမရောက်တာ
အခုအခါမှာ- သုံးနှစ်တောင်ကြာခဲ့ပါပြီရှင်….။
*** မဲဆောက် တောရကျောင်းမှာ
“လှကို- ကိုကို ချစ်တယ်လို့”
ရင်ဖိုစွာ ဖွင့်ဟခဲ့တာကိုလည်း
“ကိုကို့ကို လှလည်း ထပ်တူပါပဲရှင်”လို့
အကြင်နာတွေ ပြန်လည်ပေးဝေကြတာတွေကို
လှိုက်ဖိုရှိုက်တက်လာတဲ့
ကျမရဲ့ မျက်ရည်စက်တွေကပဲ
ချစ်ခြင်းဖွဲ့ သက်သေတွေအဖြစ်
စွဲထင်ကျန်ရစ်နေမှာပါရှင်…။
*** မဲဆောက်မြေမှာ အလုပ်သမားအခွင့်အရေးဆုံးရှုံးတိုင်း
“ကိုကို”ဆိုတဲ့ ကျမရဲ့ တံတိုင်းကြီးက
ကျမတို့နဲ့အတူ ရင်လှိုင်းခတ်သံ စည်းချက်ညီစွာနဲ့
တိုက်ပွဲအတွက် အစစပြင်ဆင်ပေး ခဲ့တာကိုလည်း
ကြင်နာသူ ကျမက သိပ်ပြီး သတိရမိပါတယ်ရှင်…။
***ဒါကအခွင့်အရေး၊ ဟိုဟာက ရပိုင်ခွင့်
ဒီဟာက ထိုင်းဥပဒေလမ်းကြောင်းရယ်လို့
ကိုကိုတို့တတွေ ရှေ့ဆောင်လမ်းပြပေးခဲ့တာမို့
ကျမတို့တတွေ ကိုယ်တိုင်အားထုတ်လာကြပြီး
နည်းအမျိုးမျိုးနဲ့ လမ်းအထွေထွေကို
မလွဲမသွေ ဖော်ဆောင်နိုင်ခဲ့တာပေါ့ရှင်…။
*** ဒီလိုနဲ့… ကျမလည်း အလုပ်ပြုတ်ဘ၀မှာပဲ
ကိုကိုနဲ့ ကံအားလျော်စွာ ချစ်ခြင်းဖွဲ့ကြ
အဲဒီနောက်… ဘန်ကောက်တက်ဖို့ ကြိုးပမ်းကြ
ကိုကိုကတော့ မဲဆောက်ကနေ တဖ၀ါးမှ မခွာခဲ့
ဘန်ကောက်ရောက်စ ကျမဟာ
ကိုကို့ကိုသာ လွမ်းဆွတ်နေရတာမို့
ဘယ်နေ့ကမှ စိတ်မချမ်းသာခဲ့ပါဘူး
ဒီလိုနဲ့… နေ့တွေ၊ ရက်တွေ ပြောင်းပြီး
ရာသီရထားလည်း တရွေ့ရွေ့မောင်းသွားတာမို့
ခံနိုင်ရည်သတ္တိတွေ မွေးဖွားလာတဲ့ ကျမမှာ
အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးပဲဆိုတာ
ပိုပိုပြီး သိလာရလေလေ
ခွန်အားတွေ ပိုမိုသွန်းလောင်းလာရတဲ့အခါ
ကိုကိုဟာ လေလှိုင်းထဲက ကျမရဲ့ ဇာတ်လိုက်
ကိုကိုဟာ ရုပ်မမြင်အသံကြားရတဲ့ ကျမရဲ့ ဒါရိုက်တာ
ကိုကိုဟာ ကျမသာမက၊ ကျမတို့ လုပ်ဖော်ကိုင်ဖက်
အဖိနှိပ်ခံ မြန်မာရွှေ့ပြောင်း တွေအတွက်
ဗဟုသုတ ဆက်ထုံးတစ်ခုပမာ
ပညာရပ်အချိတ်အဆက် တစ်ခုပမာ
အဲဒါတွေကြောင့် ဒီဘ၀ဘုံခရီးမှာ
ပြန်လည်ဆုံဆည်းကြမယ် ကိုကိုရယ်လို့….။ ။
ခံစားတင်ပြသူ- လှယမင်း (ဘန်ဖွန်းမြို့- ဘန်ကောက်ပြည်နယ်) ရွှေ့ပြောင်းလုပ်သားတစ်ဦး
No comments:
Post a Comment