*** လူတိုင်း ကျန်းမာရွှင်လန်းရေးအတွက် ပတ်ဝန်း်းကျင်စိမ်းလန်းစိုပြေရေးသည် အရေးပါအရာရောက်....
သစ်ပင်များဖြင့် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်အနီးနေထိုင်ခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိခံစားရကြောင်း သက်သေခံ အထောက်အထား အခိုင်အမာရရှိထားသည်ဟု ဆို၏။ စိန်းလမ်းစိုပြေသည့် ပတ်ဝန်ကျင်ကြောင့် ကျန်းမာရေး အခြေအနေတိုးတက် ကောင်းမွန် လာစေမှု၊ အထူးသဖြင့် စိတ်ရောဂါ ဝေဒနာလျော့ပါးစေရေးတွင် ထိရောက်မှုရှိကြောင်း သတိပြုမိသည်ဟု ကပ်ရောဂါဝေဒ နာနှင့် လူထုကျန်းမာရေး စောင့်ရှောက်မှု ဂျာနယ်မှာဖော်ပြ၏။်နယ်သာလန်နိုင်ငံ
အမ်စတာဒမ်မြို့ ဗွီယူတက္ကသိုလ် ဆေးပညာဋ္ဌာန သူတေသီများက မိသားစုဆရာဝန် (၁၉၅ ) ဦးထံသို့ မှတ်ပုံတင်ထားသူ(၃၅၀၀၀၀)ဦးတို့၏ဆေးမှတ်တမ်းများကို လေ့လာစူးစမ်းပြီး နောက်စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင် အရေးပါမှုကို ယင်းကဲ့သို့ တွေ့ရှိရခြင်းဖြစ်သည်။ အရွယ်ရောက်သူများ၏ ကျန်းမာရွှင်လန်း ရေးအတွက်သာမက အသက် ၁၂-အောက် ကလေးများ၏ ကျန်းမာရေးအတွက် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ရှိရန်လိုအပ်ကြောင်း သုတေသီများက တွေ့ရှိသည်။ လူ့ပတ်ဝန်းကျင်၌ တာဝန်ပိ၍ ပင်ပန်းသူများအတွက် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်အထူးလိုအပ် ကြောင်း သူတေသီများကထောက်ပြထားသည်။ (အင်တာနက်)
+++(Public Health)+++

No comments:
Post a Comment