လုပ်ခရှင်းသော အလုပ်သမားများသည် တစ်ယောက်တစ်ပေါက်ပြောရင်း အကြော်ဆိုင်တွင် ၀င်ထိုင်ကြသည်။ တစ်ယောက်က အကြော်မှာပြီး ရေနွေးပန်းကန် ငှဲ့သောက်လိုက်ရာက…
`ဒီလိုမတရားလို့လဲ သူတို့မှာ ဒီလောက်ချမ်းသာ နေတာထင်ပါရဲ့…´
`တို့သူဌေးအကြောင်းတော့ ပြောမနေနဲ့ဟေ့….၊ လာဘ်ပေးရာမှာဖြင့် ဇောတိကကွ၊ အလုပ်သမားကို လုပ်ခရှင်းပေးတဲ့အခါကျမှ ကုက္ကုစ္စ´ဟု တစ်ယောက်က ဖြတ်ပြောလိုက်လေ၏။
*** စာကလေးကို အမွေးနုတ်တော့**
လှတောသား ကုန်သည်တစ်ယောက်သည် ပွဲကန်ထရိုက်အချို့နှင့် အပေါင်းအသင်းဖြစ်ရာမှ နောက်တစ်နှစ်တွင် သူလည်း ဇာတ်ကန်ထရိုက်ဖြစ်သွားလေ၏။ တစ်နေ့တွင် ကားဂိတ်၌ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ရာ `ဟေ့ သူဌေး´ ဟုခေါ်ကြ၏။
`အလိုလေးကွယ် သူဌေးတဲ့ အထင်ကြီးလိုက်လေ…´
`ငွေတွေ ဖွေးခနဲ ဖွေးခနဲ ၀င်လိုက်တာ… သူဌေးပေါ့…´
`အမယ်လေး… စားရမလားလို့ ဇာတ်ကန်ထရိုက်လုပ်တယ်။ စာကလေး အမွေးနုတ်ခေါင်းနုတ် ဟိုဒင်းပဲ ကျန်ဆိုတာ လိုဖြစ်နေတာပါ။ သူဌေး မဟုတ်ပါဘူး…´
*** ဦးလှအောင် ***
*** လာဘ်ပေးရာမှာ ဇောတိက***…

No comments:
Post a Comment