မန်ယူနောက်ခံလူ ဖာဒီနန်မှာ ဇနီးဖြစ်သူဆေးရုံတင်ထားရသဖြင့် စိတ်ညစ်နေရချိန်တွင် ၄င်း၏ အလှစီးကားလေးပါပျက်စီးသွားသဖြင့် စိတ်ဓာတ်များအလွန်ကျလျက်ရှိသည်။ အဆိုပါ ကားမှာ ၄င်း၏ မိန်းမပေးထားသော လက်ဆောင်ဖြစ်၍ မေ့မရခြင်းပင်။ ဤတွင် အိမ်သို့ အီဗရာရောက်လာပြီး ဖာဒီနန်၏ ဇနီးဖြစ်သူအခြေအနေနှင့် ပတ်သက်၍ ဖာဒီနန်အား အကျိုးအကြောင်း မေးမြန်းသည်။
`ဟေ့ကောင်… ဘယ်လိုလဲ အခြေအနေကောင်းသွားပြီလား´
သို့ရာတွင် ကားအကြောင်းကိုသာ စိတ်စွဲနေသော ဖာဒီနန်ကစိတ်ပျက်လက်ပျက်ဖြင့်…
`မကောင်းသေးပါဘူးကွာ၊ ပထမကတော့ နောက်ပိုင်းနည်းနည်းလေး မကောင်းဖြစ်နေတာ။ ဒါပေမယ့် အိမ်ဘေးကသူငယ်ချင်းက ဖင်ကောက်ကလေးနဲ့ ချစ်စရာလေး ခဏငှားပါလားဆိုပြီး ပြောတာနဲ့ ငှားလိုက်မိတာ အဲဒီမှာ အကိုင်အတွယ်ကြမ်းတော့ စုတ်ပျက်သတ်သွားတော့တာပဲ… အခုတော့ ၀ပ်ရှော့ဆရာဆီသွားပေးထားရတယ်…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ပြန်ဆိုသည်။
*** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment