*** သက်ရှိတိုင်းအတွက် မရှိမဖြစ်ရေ လိုအပ်မှု…
ကမ္ဘာပေါ်ရှိ သက်ရှိတိုင်းအတွက် ရေသည် မရှိမဖြစ်အရာဖြစ်သည်။ လူသားအပါအ၀င် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအတွက် ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရန် အခြားအရာများထက် ရေကိုပိုမိုအားထားရသည်။ အကြောင်းက ရှင်းပါသည်။ လူ့ခန္ဓာကိုယ်အလေးချိန်၏ ၆၀-ရာခိုင်နှုန်းမှာ `ရေ´ပင်ဖြစ်သည်။
အဟာရအစားအစာများသည် ခန္ဓာကိုယ်အတွင်း ရေကြောင့်လယ်ကူစွာလည်ပတ်နိုင်သည်။ သွေးစီးဆင်းလည်ပတ်သော သွေးကြောတွင်
ရေမပါလျှင် မဖြစ်ပေ။ ကိုယ်ခန္ဓာအတွင်းမှ အဆိပ်အတောက်များ ဖယ်ရှားပစ်ရာတွင် ရေသည် အဓိကဖြစ်သည်။ အရွယ်ရောက်သူတိုင်းသည် နေ့စဉ် ရေ ၅-ဖန်ခွက်(၀ါ) ထို့ထက်ပိုသောက်ပါက နှလုံးရောဂါဖြင့် သေဆုံးမှု ၅၀-ရာခိုင်နှုန်း ပိုနည်းပါသည်။ ရေ၏ ကျန်းမာရေးဆိုင်ရာ အာနိသင်သုံးမျိုးမှာ ခန္ဓာကိုယ်အတွင်း `ချောဆီ´အဖြစ်လည်ကောင်း၊ ပျော်ဝင်မှုကိုအားပေးသော အရည်အဖြစ်လည်းကောင်း၊ အပူချိန်ထိန်းညှိကရိယာအဖြစ်လည်းကောင်း၊ ထမ်းဆောင်သည့် လုပ်ငန်းသုံးမျိုးပင် ဖြစ်၏။ ရေကို စနစ်တကျသောက်သုံးပါက ကျန်းမာပြီး စိတ်ဓာတ်လန်းဆန်းတက်ကြွကြောင်း သုတေသီများက ဖော်ပြသည်။ (အင်တာနက်)
++(Public Health)+++

No comments:
Post a Comment