ရွှေဘိုမြို့ထောင့် စေတီဘုရားပွဲတော်သို့ လှတောသားများသည် ပွဲခင်းအတွင်း၌ မြို့ခံမိတ်ဆွေတစ်ယောက်နှင့် တွေ့ရာ `ထမင်းကျွေးပါရစေ´ဆိုပြီး မြန်မာထမင်းဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး `ကြက်၊ ၀က်၊ ငါး၊ အမဲ၊ ဆိတ်၊ ဘဲရှိသမျှ ဟင်းတစ်မျိုးနှစ်မျိုးစီ ထည့်ပေးပါ´ ပြောသည်။
တစ်ခဏအတွင်း စားပွဲပေါ်တွင် ဟင်းပန်းကန်များနှင့် ပြည့်သွားရာ အရင်းအနှီးဆုံး လှတောသားက
`အလိုလေး သူရယ် … ထမင်းကျွေးဖို့ ခေါ်လာတယ်မှတ်ပါ့၊ ဘီလူးဇာတ်သွင်းနေပါကလားကွယ်´ဟု ပြောလိုက်ရာ တခြားစားပွဲမှ လူများပါ ၀ိုင်းရယ်မောကြလေ၏။
*** ကြိုက်ဈေးရရင်ဖြင့်…
အခြားရွာတစ်ရွာမှ လူတစ်စုသည် လှတောရွာကားဂိတ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ၀င်သောက်ရင်း စက်ဘီးရောင်းလိုသူ ဤရွာတွင် ရှိမရှိစုံစမ်းရာ အလျင်ရောက်နေသူများက သူတို့ထဲမှ တစ်ဦးအား `ခင်ဗျားစက်ဘီး ရောင်းမလား´ဟု မေးကြ၏။ ထိုအခါ အမေးခံရသူက…
`ကြိုက်ဈေးရရင် ရောင်းမှာပေါ့ကွ၊ ၀မ်းနဲ့ လွယ်မွေးတဲ့သားသမီးတောင် သဘောကျတဲ့ သူနဲ့တွေ့ရင် ပေးစားရသေးတာ၊ ငွေနဲ့ ပေးဝယ်ထားတဲ့ စက်ဘီးလည်း ကြိုက်ဈေးရရင်တော့ ထမ်းပဲပို့ရပို့ရ´ဟု အဖြေပေးသည်။
*** ဦးလှအောင်***
*** ဘီလူးဇာတ်သွင်းလေရော့သလား…

No comments:
Post a Comment