(နိုင်ရိုဘီ၊ ကင်ညာနိုင်ငံ၊ အောက်တိုဘာလ ၁၇-ရက်)
ဆေရှဲလ်ကျွန်းအနီး ပင်လယ်ဓားပြများ သောင်းကျန်းနေသော အိန္ဒိယသမုဒ္ဒရာရေပြင်၌ စင်ကာပူအလံ လွှင့် ထူုထားသည့် ကုန်သေတ္တာတင်သင်္ဘောကို ပင်လယ်ဓားပြများက ပြန်ပြေးဆွဲခဲ့ကြောင်း ဒေသဆိုင်ရာ ရေကြောင်း သွားလာရေးဌာန တာဝန်ရှိသူက အောက်တိုဘာလ ၁၅-ရက်နေ့တွင် အတည်ပြုပြောကြားသည်။
ကိုတာဝါဂျာ ကုန်တင်သင်္ဘောနှင့်အတူ သင်္ဘောသား ၂၁-ဦးသည် အောက်တိုဘာလ ၁၅-ရက်နေ့ စောစောပိုင်းက ပြန်ပြေးဆွဲခြင်းခံရသည်ဟု ဆို၏။ ဆိုမာလီနိုင်ငံ မြောက်ပိုင်း ကမ်းလွန်အေဒင်ပင်လယ်ကွေ့ကို ပျမ်းမျှခြင်းအားဖြင့် နှစ်စဉ်သင်္ဘော(၂၅၀၀၀)စင်းခန့် ဖြတ်သန်းသွားလာလျက်ရှိသည်။ သင်္ဘော ၁၀-စင်းဖြင့် သင်္ဘောသား (၂၀၀)ဦးတို့ကို ဆိုမာလီပင်လယ်ဓားပြများက ဖမ်းဆီးထားဆဲဖြစ်သည်။ (အင်တာနက်)
*** လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်သစ် ၅-နိုင်ငံကို ကုလကရွေးချယ်…
(ဂျီနီဗာ၊ အောက်တိုဘာလ ၁၇-ရက်)
၂၀၁၀-ပြည့်နှစ် ဇန်န၀ါရီလ ၁-ရက်နေ့တွင် စတင်မည်ဖြစ်သော ၂-နှစ်သက်တမ်းအတွက် လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သည့် အဖွဲ့သစ် ၅-နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရန် ဘော့စနီးယား- ဟာဇီဂိုဗီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဂါဘွန်နိုင်ငံ၊ လက်ဘနွန်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အောက်တိုဘာလ ၁၅-ရက်နေ့က ဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။ (ဆင်ဟွာ)
*** ဆယ်ကျော်သက် အရွယ် သြစတြေးလျ နိုင်ငံသူတစ်ဦးက ကမ္ဘာပတ်ပြီး ရွက်လွှင့်ခရီးစတင်ပြီ…
အသက် ၁၆-နှစ်အရွယ် `ဂျက်ဆီကာဝပ်ဆင်´အမည်ရှိ သြစတြေးလျနိုင်ငံ သူတစ်ဦးသည် အောက်တိုဘာလ ၁၈-ရက်နေ့မှ စတင်ပြီး တကိုယ်တော် ကမ္ဘာပတ်ရွတ်လွှင့်မည်ဖြစ်ရာ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး အမျိုးသမီး ကမ္ဘာပတ်ရွတ်လွှင့်သူ ဖြစ်လာတော့မည်ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။ အစမ်းအားဖြင့် သင်္ဘောရွက်လွှင့်ကြည့်ရာတွင် မအောင်မြင်သဖြင့် ထိုရွတ်လွှင့်ခရီးကို ဖျက်သိမ်းရန် တားမြစ်ခဲ့သည်ကို လက်မခံဘဲ ယင်းကဲ့သို့ တကိုယ်တော်ရွက်လွှင့် ခရီးနှင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
*** အမေရိကန် ဂျက်လေယာဉ် ၂-စင်းတိုက်မိ၊ လေယာဉ်တစ်စင်းနှင့် လေယာဉ်မှူး ပျောက်ဆုံးနေ…
အမေရိကန် ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ် ကမ်းလွန်အတ္တလန္တိတ်သမုဒ္ဒရာတွင် အမေရိကန်ပြည်ထောင်စု (အက်ဖ်-၁၆)ဂျက်တိုက်လေယာဉ်သည် အခြား အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စင်းနှင့် အောက်တိုဘာလ ၁၅-ရက်နေ့က အချင်းချင်းတိုက်မိကြောင်း၊ ယင်းသို့ တိုက်မိသဖြင့် အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်နှင့် လေယာဉ်မှူးတို့သည် ပျောက်ဆုံးနေပြီး ရှာမတွေ့ဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။ အဆိုပါ ဂျက်လေယာဉ် ၂-စင်းလုံးသည် တောင်ကာရိုလိုင်းနားပြည်နယ်၊ `ရှော´လေတပ်စခန်းပိုင် လေယာဉ်များဖြစ်သည်။ (အင်တာနက်)
*** စင်ကာပူ ကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြများ ပြန်ပြေးဆွဲ…

No comments:
Post a Comment