လှတောသူ ကောက်စိုက်သမများနှင့် အခြားရွာသူ ကောက်စိုက်သမများသည် အရိပ်ကောင်းကောင်းတွင် ထမင်းစားရင်း ဆုံမိကြရာ အခြားရွာသူတစ်ဦးက စတင်လိုက်၏။
`ဟင်းကတော့ အဖေစားနိုင်အောင် တစ်ခါတည်း ရောချက်ခဲ့ရတာ၊ အဖေက သွားမကောင်းတော့ဘူး။ မကောင်းဆို လိမ့်ထားတဲ့ ငှက်ပျောသီးမှည့်တောင် ကောင်းကောင်း မ၀ါးနိုင်ရှာဘူး…´ ထိုအခါ လှတောသားတစ်ဦးက ၀င်ပြောလိုက်ပုံမှာ…
`မယ်မင်းကြီးမ အဖေကတော်သေးတာပေါ့၊ တို့အိမ်က အဖေဖြင့် ရေကိုတောင် သံဆုံနဲ့ ထောင်းပြီး တိုက်နေရတယ်´ဟူ၍ ဖြစ်၏။
*** ရဲမရှိတဲ့ ရန်ပွဲ**
ဝက်လက်ဘုရားပွဲတော် ဇာတ်ပွဲတွင် ရန်ဖြစ်သဖြင့် ထွက်ပြေးလာရသော လှတောသားအား ရွာတွင်ကျန်ရစ်ခဲ့သူများကမေး၏။
`ရန်ပွဲမှာ ရဲမရှိဘူးတဲ့ကွာ၊ မြို့ကြီးပြကြီး ဖြစ်နေပြီးတော့´
`ရဲတော့မရှိဘူး၊ မြို့အုပ်ဆိုတာတော့မြင်ခဲ့ရ၊ အလိုလေး မြို့အုပ်မင်း စိတ်ဆိုးနေလိုက်ပုံနှယ် သူ့မျက်နှာကြီးက ညောင်နီခေါက်ကို ပုဆိုးနဲ့ လွှားထားသလား မှတ်ရ´ဟု ပွဲပြန်လှတောသားက အားရပါးရ ပြောလေ၏။
*** ဦးလှအောင် ***
***(မကောင်းတဲ့ သွားများ)**

No comments:
Post a Comment