အေစီမီလန်သို့ အငှားဖြင့်သွား ရောက်မကစားမီ အမေရိကန်ဘဏ်တစ်ခုအတွင်းသို့ ဘက်ခမ်းဝင်လာပြီး ၄င်း၏ ကားအားဒေါ်လာ ၁၀၀-ဖြင့် အပေါင်ထားမည်ဟု ပြောသည်။ ဘဏ်မန်နေဂျာက အံ့သြသွားသော်လည်း ဘာမှမပြောဘဲ ဒေါ်လာ ၁၀၀-ထုတ်ပေး လိုက်သည်။ မီလန်၌ (၆)လအကြာနေပြီးနောက် အမေရိကန်သို့ပြန်လာချိန်တွင် အဆိုပါ ဘဏ်သို့သွားကာ အတိုးရော အရင်းပါ
၁၀၂-ဒေါ်လာပြန်ဆပ်သည်။ အံ့သြနေသော ဘဏ်မန်နေဂျာက ဘက်ခမ်းအား မေးသည်။
`ကျုပ်မသိလို့မေးပါရစေ။ ဒီမဖြစ်စလောက်ပိုက်ဆံလေးကို ခင်ဗျား ဘာကြောင့် ချေးရတာလဲ…´
`ဒီလိုပါ။ ဒီကားက ကျနော့်အကြိုက်ဆုံးကားလေ။ အီတလီသွားတုန်း ဘာအပျက်အစီးမှ မရှိချင်ဘူး။ ဒီတော့ ၆-လမှာ ၂-ဒေါ်လာတည်းပေးရပြီး အင်မတန်စိတ်ချရတဲ့ကားဂိုဒေါင်ကလည်း ဒီနေရာကလွဲပြီး ဘယ်မှာမှ မရှိလို့ပါ…´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ (အိတ်တင်း- ဘာသာပြန်သည်)
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment