ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 29, 2009

အောက်တိုဘာလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ

> (အောက်တိုဘာလ ၂၉-ရက် ၂၀၀၉) ဖူးခက်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂၇-ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂၉-ရက်နေ့အထိ ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေစခန်းတွင် ကျင်းပလျက်ရှိရာ မြန်မာပြည်မှ (MNL) ဘောလုံး ချန်ပီယံ ရတနာပုံ အက်ဖ်စီ ဘောလုံးအသင်းသည်လည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။ရတနာပုံ အက်ဖ်စီ အသင်းနှင့် မြောင်ထောင် ယူနိုက်တက်အသင်းတို့သည် ယနေ့ တွင် တတိယ နေရာ လုပွဲကို ယှဉ်ပြိုင်ကစားကြမည်ဟု သိရသည်။

(အောက်တိုဘာလ ၂၈-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာပြည်တွင် အဖမ်းခံနေရသော ကိုညီညီအောင်၏ အသက် ၄၀-နှစ်မြောက် မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ ကျင်းပကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး(KNU)ခေါင်းဆောင်များ၏ နေအိမ်များသို့ ထိုင်းအာဏာပိုင်များက ယမန်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုသည် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်များ၏ နေအိမ်များကို ထိုင်းအာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်ပြီး အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့ က ယခုကဲ့သို့ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။“နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်တာပါ၊ နာဒါးမြရဲ့မိန်းမအိမ်မှာ မိုင်းလုပ်နိုင်တဲ့ ဆက်စပ်ပစ္စည်း တွေ့ပြီး ခေါ်ယူစစ်ဆေးနေပါတယ်”ဟု ၎င်းက ဒေသခံ သတင်းထောက်များကို ပြောကြားသည်။
(ဧရာဝတီ )
(အောက်တိုဘာလ ၂၇-ရက် ၂၀၀၉) ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အား ကမ္ဘောဒီးယားနိုင်ငံတွင် ခိုလှုံခွင့်ပေးခဲ့ခြင်းအပေါ် မကျေနပ်ကြသော ထိုင်းနိုင်ငံသား ၁၀၀-ကျော်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကမ္ဘောဒီးယားသံရုံးရှေ့၌ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။ (RFA)
(အောက်တိုဘာလ ၂၆-ရက် ၂၀၀၉)
ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် စင်ထရယ် မားကတ်တွင် “ခိုလှုံစရာမရှိသော မလေးရှားရောက် မြန်မာ ဒုက္ခသည်များ” အမည်ရှိ ဓာတ်ပုံပြပွဲတခုကို မလေးရှားလူ့ အခွင့်အရေး အဖွဲ့ (Suaram) က ကြီးမှူးကာ အောက်တိုဘာ ၁၅ ရက်မှ ၂၅ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း ကြားသိရသညမလေးရှားနိုင်ငံတွင် ဗမာ၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနှင့် ထားဝယ် စသည်ဖြင့် မြန်မာ နိုင်ငံသား ဒုက္ခသည်အဖွဲ့ မျိုးစုံရှိကြပြီး ဒုက္ခသည်အဖြစ်လျှောက်ထားသူ မြန်မာနိုင်ငံသား ၇၅၀၀၀ ခန့် ရှိကြောင်း သိရသည်။ ယခု ပြပွဲကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မလေးရှားတွင်ရှိနေသော မြန်မာ ဒုက္ခသည်များ၏ ပကတိ အခြေအနေကို မလေးရှားအစိုးရ၊ မလေးရှားပြည်သူများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ သိရှိစေရန် ဖြစ်သည်ဟု ပြပွဲကို ဦးဆောင် ကျင်းပသည့် Suram အဖွဲ့ မှ Ms. Tamme က ဆိုသည်။(ဧရာဝတီ )
ဖြစ်ရပ်-၂။ ။ တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရန် လွယ်ကူနေသည့် မလေးရှားဒုက္ခသည်စခန်းများတွင်လည်း ပွဲစားများရှိနေကြောင်း အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) မှ ကိုကျော်ကျော်က ပြောသည်။
“ဟိုတပတ်က ကျနော် လင်းခေးဆိုတဲ့ စခန်းတခုကို ရောက်သွားတယ်။ အဲဒီမှာ ယူအန်နဲ့တွေ့တဲ့အခါ အဆင်ပြေအောင်
မေးနိုင်မယ့် မေးခွန်းတွေကို ပွဲစားက ကြိုပေးထားတယ်။ အဲဒီအတွက် မလေးရှားရင်းဂစ် (၁,၅၀၀) ပေးရမယ်။ အဲလိုမျိုးလေးတွေကအစပေါ့လေ။ အဓိကက ယူအန်မှာ စကားပြန်လုပ်နေတဲ့သူနဲ့ စခန်းထဲကို အ၀င်အထွက်ရှိနေတဲ့ မလေးရှားလူမျိုးတွေ ပေါင်းပြီး လုပ်နေကြတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည် ၊။ယခုနှစ်အတွင်း မလေးရှားဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံထွက်ခွာရမှု ပိုမိုလွယ်ကူနေသဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များပင် မလေးရှားစခန်းများသို့ ပြောင်းရွှေ့မှုများ ရှိနေသည်ဟု သိရသည်။မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်း (၂၀) ခန့်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း (၆,၀၀၀) ခန့်ရှိနေပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တိုင်းရင်းသားများကို ဒုက္ခသည်အဖြစ် လက်ခံပေးနေသည်။(ခေတ်ပြိုင်)

(အောက်တိုဘာလ ၂၅-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှားနိုင်ငံသူ အိမ်ဖော်တစ်ဦးသည် အလုပ်ပင်ပန်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ `အမှုလွှဲပြောင်းလက်ခံနည်း´ဆိုင်ရာ တစ်နေ့တာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို တိုင်းရင်းသား အလုပ်သမားကျန်းမာရေးနှင့် ပညာပေးရေးအစီအစဉ် (MAP)ဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပကြကြောင်း သိရသည်။
(အောက်တိုဘာလ ၂၄ရက်။၂၀၀၉) မလေးရှား နိုင်ငကွာလာလမ်ပူမြို့တော်ံတွင်ယနေ့်ကျင်းပရန်စီ စဉ်ထား သောအမေရိကန်R&Bအဆိုတော်(ဘီယွန်ဆေး)၏ ဖျော်ဖြေ ပွဲအစီအစဉ်ကိုမလေးရှားနိုင်ငံအတွင်းမှဘာသာရေးအဖွဲ့ အစည်းများ၏ကန့် ကွက်မှုကြောင့်ရွှေ့ ဆိုင်းလိုက်ကြောင်းသိရသည်။
(အောက်တိုဘာလ ၂၄ရက်။၂၀၀၉) ဖြစ်ရပ်-၁။ ။ ။ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် ယမန်နေ့ည ၈နာရီခွဲကျော်အချိန်တွင် ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားရာ အရပ် သားတဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။ ယင်းသို့ ဗုံးပေါက်ကွဲခြင်းမှာ ဝေါ်လေအခြေစိုက် ဒီကေဘီအေ (၉၀၇)တပ်သားတဦးက မြ၀တီမြို့၊ မိုက် ခရိုဝေ့ဗ်အနီးရှိ အငှားအိမ်တန်းလျားတွင် အလည်လာရာမှ သူယူဆောင်လာသည့် လက်ပစ်ဗုံးမှာ ခလုတ် ပင်ပြုတ်ပြီး ပြန်တပ်မရတော့သဖြင့် လွတ်ချရာမှ ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောပြ သည်။ ထိုသို့ လက်ပစ်ဗုံးကို လွတ်ချဖောက်ခွဲလိုက်သူ ဒီကေဘီအေတပ်သားမှာ ထွက်ပြေးသွားပြီး အိမ်တွင် ကျန်ရစ်ခဲ့သည့် အိမ်ရှင်လင်မယားနှင့် အမျိုးသမီးတဦးကို ထိမှန်ကာ အမျိုးသားမှာ ပွဲချင်းပြီး သေဆုံး သွားခဲ့သည်ဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။(ကေအိုင်စီ)
ဖြစ်ရပ်-၂။ ။ ။ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ကျင်းပရာ လူ့အခွင့်အရေး အဖွဲ့အစည်းသစ် တရပ်ကို အာဆီယံ ခေါင်းဆောင်များက ယနေ့ စတင် ဖွဲ့စည်း ဖွင့်လှစ်ပေးလိုက်သည်။ ဒေသတွင်း လူ့အခွင့်အရေးများကို ဆက်လက် ကာကွယ်ရန်နှင့် မြှင့်တင်နိုင်ရန်အလို့ငှာ အာဆီယံ အစိုးရချင်း လူ့အခွင့်အရေး ကော်မရှင် (ASEAN Intergovernmental Commission on Human Rights – AICHR) ကို စတင် ဖွဲ့စည်း ဖွင့်လှစ်ပေးလိုက်သည့် ချန်အမ်း-ဟွာဟင်း ကြေညာချက်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ အကြီးအကဲများက ယနေ့ ထုတ်ပြန်သည်။(မဇ္ဈိမ)
ဖြစ်ရပ်-၃။ ။ ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် ဒီကေဘီအေ တပ်မဟာ (၃၃၃)နှင့် (၉၉၉)မှ အင်အား ၇၀၀ခန့်မှာ ယခုရက်ပိုင်းအတွင်း ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြားဒေသသို့ ရောက်ရှိလှုပ်ရှားနေကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။(ကေအိုင်စီ)
(အောက်တိုဘာလ ၂၃-ရက် ၂၀၀၉) ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ယနေ့ (အောက်တိုဘာလ ၂၃-ရက်နေ့မှ ၂၅-ရက်နေ့အထိ) ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ထိပ်သီးအစည်းအဝေးတွင် `အာဆီယံ လူ့အခွင့်အရေး ကော်မရှင်´ ဖွဲ့စည်းအကောင်အထည်ဖော်ရေးကို ဇောင်းပေးကာ ဆွေးနွေးသွားရန် ရှိကြောင်း သတင်းရရှိသည်။ (BBC)
(အောက်တိုဘာလ ၂၂-ရက် ၂၀၀၉) မလေးရှားနိုင်ငံတွင် ထုတ်ဝေနေသော မြန်မာသတင်းစာနှင့် ဂျာနယ်များကို မထုတ်ဝေရန် မြန်မာသံရုံးက လိုက်လံပိတ်ပင်နေကြောင်း သတင်းရရှိသည်။
(အောက်တိုဘာလ ၁၈-ရက် ၂၀၀၉ ) ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အတွင်းအထင်ရှားဆုံး ကျောင်းသား ခေါင်းဆောင် ဖြစ်ခဲ့သူ (ရဲဘော် မင်းကိုနိုင်) ၏ ယနေ့ကျရောက်သော ၄၇ နှစ်မြောက်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP-B) က ယနေ့ကျင်းပကြသည်။
(အောက်တိုဘာလ ၁၇ ရက် ၂၀၀၉ ) မြန်မာစစ် အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက်ထိုင်းနိုင်ငံ Natoramayok ဒေသ၌ တည်ရှိသောကြက်သားကို အဆင်သင့် စား အစားအစာအဖြစ်ထုတ်လုပ်သော GFS စက်ရုံသို့ သွားရောက်ကာ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ်မြန်မာပြည် တွင်းသတင်းစာများက ဖော်ပြသည်။
(အောက်တိုဘာလ ၁၆ ရက် ၂၀၀၉) ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်၏ ကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်လာကြောင်း၊ အချိန်ကြာမြင့်မည့် ရုပ်ပိုင်း ဆိုင်ရာ ကုထုံးမှ အပ အခြားဆေးကုသမှုများ မလိုအပ်တော့ကြောင်း ထိုင်းတော်ဝင်နန်းတော်မှ တာဝန်ရှိသူတဦးက ပြောကြားသည်။ ထိုင်းဘုရင်သည် ဖျားနာပြီး ပြီးခဲသော စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆေးရုံတက်ရောက်ခဲ့ရသည်။ (ရိုက်တာ)
(အောက်တိုဘာလ ၁၅ရက် ၂၀၀၉) ) ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့ အကန်ခ မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁၄ ဦးထံမှ ဒေသခံရဲများက အလုပ်နေရာ ပြောင်းလုပ်သည်ဟု အကြောင်းပြကာ ဘတ်ငွေ ၃၁၀၀၀ (ကျပ် ၁၀ သိန်းခန့်) ကို တောင်းယူ သွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုင်းအလုပ်သမား လက်မှတ်ကိုင်ဆောင်ထားသူ မုံရွာမြို့သား ကိုမောင်ဇော် အပါအဝင် မြန်မာအလုပ်သမား ၁၄ ဦးသည် မူရင်းအလုပ်ရှင်ထံတွင် အလုပ်ပါးနေသောကြောင့် တခြားသော လုပ်ငန်းခွင်တွင် ၎င်းတို့ သူဌေး ၏ ခွင့်ပြုချက်ဖြင့် သွားရောက်အလုပ်လုပ်စဉ် ယမန်နေ့ နေ့လယ်က ငွေတောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။(ဧရာဝတီ)
(အောက်တိုဘာလ ၁၄ရက် ၂၀၀၉) ) ဖြစ်ရပ်-၁။ ။ သျှမ်းအကြောင်းသုတေသနညီလာခံ (ပွဲတော်) တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Maha Chulalongkorn building, Faculty of Arts, Chulalongkorn University ၌ မနက်ဖြန် အောက်တိုဘာ ၁၅ ရက်မှစ၍ သုံးရက်တိုင်တိုင်ကျင်းပ မည်ဟု ပွဲဖြစ်မြောက် ရေးကော်မတီက ပြောပါသည်။ (သျှမ်းသံတော်ဆင့်)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့တွင် ငါးဖမ်းရေလုပ် သားအဖြစ် အရောင်း စားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များနှင့် ပင်လယ်ပျော်များသမဂ္ဂ တို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်တင်လိုက်သည်။ ရောင်းစားခံရသူများ၏ သတင်းပေးပို့ချက်ဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပင်လယ်ပျော်များသမဂ္ဂမှ ကိုသူရကပြောသည်။ (NMG)
(အောက်တိုဘာလ ၁၃ရက် ၂၀၀၉) ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာ စုစုပေါင်း(၄)ဦး ထိုင်းနိုင်ငံ နယ်စပ်တနေရာသို့ ထွက်ပြေးလာကြောင်းသိရသည်။ (ကေအိုင်စီ)
(အောက်တိုဘာလ ၁၂ရက် ၂၀၀၉) ဘန်ကောက်မြို့ရှိ မြန်မာဒကာ၊ ဒကာမများစုပေါင်း၍ ယမန်နေ့က ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်ပွဲကို အကြီးအကျယ် ကျင်းပနိုင်ခဲ့သဖြင့် နောက်လာမည့် မြန်မာစာသင်သားရဟန်းတော်များအတွက် လမ်းပွင့်သွားစေကြောင်း အဆိုပါကျောင်းတိုက်မှ စာသင်သား သံဃာတဦးဖြစ်သည့် ဦးကုဏ္ဍလက မိန့်ကြားသည်။မြန်မာစာသင်သားရဟန်းအများအပြား သီတင်းသုံးနေသည့် အဆိုပါကျောင်းတိုက်တွင် ယမန်နေ့က ဖလန်ဆန်စာထုပဒီ၊ ဖုထပူချာ (၄၄)၊ ဖိကာစင် ၆၂/၁ စသည့် အထည်ချုပ်စက်ရုံ (၃) ရုံမှ မြန်မာလုပ်သားများ ဦးဆောင်၍ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပရာ မြန်မာ ဒကာ၊ ဒကာမ (၁,၀၀၀) ခန့် လာရောက်လှူဒါန်းခဲ့ကြသည်။(ခေတ်ပြိုင်)
(အောက်တိုဘာလ ၁၀-ရက် ၂၀၀၉) ) ဖြစ်ရပ်-၁။ ။ `ထိုင်းဘုရင် ဖလား တံခွန်စိုက် အလေးမပြိုင်ပွဲတရပ်ကို ထိုင်းနိုင်ငံ ဆိဆကက်မြို့၌ (အောက်တိုဘာလ ၁၀-ရက်နေ့မှ ၁၇-ရက်နေ့အထိ) ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဤပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ်ကစားသမား ၃-ဦးတို့သည် အောက်တိုဘာလ ၁၁-ရက်၊ ၁၂-ရက်နှင့် ၁၃-ရက်များ၌ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၏။
ဖြစ်ရပ်-၂။ ။ ကေအဲန်ယူ၊ တပ်မဟာ (၇)နယ်မြေနှင့် ဆက်စပ်နေသည့် ထိုင်း-မြန်မာနယ်စပ်နေရာများတွင် ထိုင်းစစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့အကြား လွန်ခဲ့သည့်နှစ်ရက်က နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့ပြီး ဒီကေဘီအေက နယ်စပ်သွားလာရေးကို အနည်းငယ် ကန့်သတ်လိုက်သည်။ထိုအခြေအနေအပေါ် ဒီကေဘီအေဘက်မှလည်း ထိုင်းရွာသားများ မြန်မာဘက်ကမ်းဝင်ထွက်သွားလာမှုများက အောက်တိုဘာလ ၈-ရက်နေ့ ကတန်ပြန်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု နယ်စပ်အခြေအနေကို စောင့်ကြည့်နေသည့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူးဗိုလ်မှူးစောဒီ့ကွယ်က ပြောသည်။(KIC)
(အောက်တိုဘာလ ၉-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မလေးရှားအကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၃,၅၀၀) ခန့်ရှိကြောင်း လွတ်မြောက်လာသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူတို့က ပြောသည်။ အများစုမှာ လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထား မပြသနိုင်ခြင်း၊ အပြန်လေယာဉ်စရိတ် မတတ်နိုင်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် နှစ်ရှည်အကျဉ်းကျနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက်အမျိုးသမီးများလည်း ပါဝင်သည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးချဲ့ရန်အတွက် ထိုင်း အစိုးရက မြ၀တီ-မဲဆောက် ဒေသတွင် မြစ်ကူးတံတားတစင်း ထပ်မံ ဆောက်လုပ်ရန် အင်္ဂါနေ့က ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ဘတ်ငွေ သန်း ၄၀၀ ကုန်ကျမည့် မြစ်ကူးတံတား ဆောက်လုပ်ရေး အပါအ၀င် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုထားချက်ကို ထိုင်းနိုင်ငံ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။ ၄ လမ်းသွား တံတားသစ် ပါဝင်မည့် ဧက ၃၂၀၀ ခန့် ကျယ်ဝန်းသည့် အဆိုပါ စီးပွားရေးဇုန်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ ပထမဆုံး ဘက်စုံ စီမံကိန်းလည်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီးက ပြောသည်။ (ဧရာဝတီ)
ဖြစ်ရပ်- ၃။ ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်အား စီးပွားရေးလုပ်ငန်းများ ကိုင်တွယ်ဖြေရှင်းနိုင်မှု အပါအ၀င် ပညာရေးနှင့် အစိုးရ လုပ်ငန်းများ၌ စွမ်းဆောင်ရည်တိုးမြှင့်နိုင်ခြင်းတို့ကြောင့် ပြည်သူလူထုက အားရကျေနပ်လျက်ရှိကြောင်း မလေးရှားသတင်းစာတစ်စောင်က အောက်တိုဘာလ ၉-ရက်နေ့မှာ ဖော်ပြသည်။ ပြည်သူ ၅၆-ရာခိုင်နှုန်းက ထောက်ခံပြီး ၂၃-ရာခိုင်နှုန်းက မထောက်ခံကြကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။ (ဆင်ဟွာ)
ဖြစ်ရပ်-၄။ ။ (၂၀၁၀)ပြည့်နှစ်၊ အာရှ ယူ ၁၆- ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ယနေ့(အောက်တိုဘာလ ၉-ရက်နေ့)မှ စတင်ပြီး ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။ မြန်မာ ယူ ၁၆-ဘောလုံးအသင်းသည် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အိမ်ရှင် ထိုင်းတို့ပါဝင်သော အုပ်စု (၆)၌ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
(အောက်တိုဘာလ ၈-ရက်) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ဘုရင့်ရေတပ် (RMN)၏ အကြီးဆုံး ကမ်းတက်ရေယာဉ် ´ကေဒီဆရီအင် ဒီရာမူရာ´သည် ပါရပ်စ်ပြည်နယ် အီပေါ့ဒေသရှိ RMN ဌာနချုပ် ဆိပ်ခံတံတားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ ၈-ရက်နေ့ထုတ် သတင်းများမှာ ဖော်ပြသည်။ အဆိုပါ မီးသည် ရုံးခန်းနှင့် ပစ္စည်းသိုလှောင်ခန်းနေရာတို့ကို လောက်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
ဖြစ်ရပ်-၂။ ။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို မှတ်ပုံတင်ခွင့် ပြုမှာဖြစ်ပြီး သူတို့ဟာ မိဘတွေအတိုင်း လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဟာ ဒီအခွင့်အရေးတွေ ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးရုံးတွေမှာ တပတ်အတွင်း မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။အလုပ်သမားဝန်ကြီး နိုင်ဖိုင်ထုံ ကယောက်ထောင်က တပတ်ပဲ မှတ်ပုံတင်ခွင့်ကာလ သတ်မှတ်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ သားသမီးတွေကို ပြန်ခေါ်ကြမှာစိုးလို့ဆိုပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မာတီချွန် သတင်းစာကို ပြောပါတယ်။ခုလို မှတ်ပုံတင်ခွင့် ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုအရ ခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးမှ စတင် မှတ်ပုံတင်ရမယ့်ရက်ကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။(VOA)
ဖြစ်ရပ်-၃။ ။ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်စေသည့်အတွက် ဝိနည်းမလိုက်နာသည့် မြန်မာသံဃာတော်များအပါအဝင် ဘုန်းကြီးအတု၊ သီလရှင်အတုနှင့် သာသနာအရေခြုံလူအချို့တို့ကို မြဝတီခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။ မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြဝတီမှသံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ်သောက်စားမှုများ ပြုလုပ်ကြသဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီခရိုင်အတွင်း ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။(ခေတ်ပြိုင်)
(အောက်တိုဘာလ ရ-ရက် ၂၀၀၉) စစ်အစိုးရက ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) အားတိုက်ခိုက်ခဲ့လျှင် ဒုက္ခသည်ဦးရေ ၂ သိန်းကျော် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်ကြောင်း ခန့်မှန်းပြောဆို သည်။ယမန်နေ့က ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပြုလုပ်သော ထိုင်း- မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတခုတွင် ယင်းကဲ့သို့ ခန့်မှန်းပြောဆို နေကြခြင်း ဖြစ်သည်။ ထိုဆွေးနွေးပွဲ၌ “လာမည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာအစိုးရက UWSA အဖွဲ့အား တိုက်ခိုက်ခဲ့လျှင် ချင်းမိုင်နှင့် ချင်းရိုင် ပြည်နယ်များ အတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်ရောက် လာနိုင်သည်”ဟု ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Bhornchart Bunnag က ပြောသည် ဟု ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဒုက္ခသည်များ ၀င်ရောက်လာခဲ့လျှင် အတင်းအကျပ် နေရင်းဒေသသို့ ပြန်လည် ပို့ဆောင်မည် မဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီများကို ပေးမည်ဟု ပြောကြားသွားကြောင်းလည်း ဆိုသည်။(ဧရာဝတီ)
(အောက်တိုဘာလ ၆-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာပြည်၏ လူ့အခွင့်အရေးနှင့် အခြားရေးရာများကို သုံးသပ် ညှိုနှိုင်းဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်တက္ကသိုလ်၌ ယနေ့ကျင်းပကြ ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ချွန်ဘူရီခရိုင်ရှိ ဖိနပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၂၀၀၀-ခန့်တို့သည် အောက်တိုဘာလ ၃-ရက်နေ့မှ စတင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာ အောက်တိုဘာလ ၆-ရက်နေ့တွင် အလုပ်ရှင်မှ လိုက်လျောခဲ့ခြင်းကြောင့် အလုပ်သမားအခွင့်အရေးများကို အချိန်တိုတိုအတွင်း ရရှိသွားကြကြောင်း သိရသည်။ (RFA)အောက်တိုဘာလ ရ-ရက် ၂၀၀၉) စစ်အစိုးရက ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) အားတိုက်ခိုက်ခဲ့လျှင် ဒုက္ခသည်ဦးရေ ၂ သိန်းကျော် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်ကြောင်း ခန့်မှန်းပြောဆို နေကြသည်။တရုတ်-မြန်မာ နယ်စပ် တနေရာ၌ ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက UWSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)ယမန်နေ့က ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပြုလုပ်သော ထိုင်း- မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတခုတွင် ယင်းကဲ့သို့ ခန့်မှန်းပြောဆို နေကြခြင်း ဖြစ်သည်။ ထိုဆွေးနွေးပွဲ၌ “လာမည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာအစိုးရက UWSA အဖွဲ့အား တိုက်ခိုက်ခဲ့လျှင် ချင်းမိုင်နှင့် ချင်းရိုင် ပြည်နယ်များ အတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်ရောက် လာနိုင်သည်”ဟု ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Bhornchart Bunnag က ပြောသည် ဟု ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဒုက္ခသည်များ ၀င်ရောက်လာခဲ့လျှင် အတင်းအကျပ် နေရင်းဒေသသို့ ပြန်လည် ပို့ဆောင်မည် မဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီများကို ပေးမည်ဟု ပြောကြားသွားကြောင်းလည်း ဆိုသည်။(ဧရာဝတီ)
(အောက်တိုဘာလ ၅-ရက်) `နိုင်ငံတကာ ဆရာများနေ့´အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့ရှိ `စီဒီစီ´အထက်တန်းကျောင်းတွင် ဆရာနှင့် ကျောင်းသားများ ပညာရေးနှင့် အခြားအဖွဲ့အစည်း များ ပူးပေါင်းပြီး ကျင်းပကြသည်။
(အောက်တိုဘာလ ၄-ရက် ၂၀၀၉)ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံရောက် မြန်မာကလေးငယ်များအတွက် မြန်မာမိခင်နှင့် ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးဖွင့်လှစ်သော `အမေ့ကျောင်း´အမည်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၄-ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ (ယနေ့မြန်မာသတင်း)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂-ရက်နေ့က မိုးသန်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် တောင်နံရံပြိုကျမှုဖြစ်ပွားသဖြင့် လမ်းပိတ်ဆို့မှု၊ လူနေအိမ်နှင့် အဆောက်အုံအချို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာပြည်တွင်း သတင်းစာများ၌ ဖော်ပြထားသည်။ မြေပြိုကျမှုကြောင့် သံဃာတော်နှစ်ပါးနှင့် သာမဏေ တစ်ပါးပျံလွန်တော်မူပြီး သာမဏေနှစ်ပါးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ယနေ့ထုတ် ပြည်တွင်းသတင်းစာများ၌ ဖော်ပြထားသည်။
ဖြစ်ရပ်-၃။ ။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို မှတ်ပုံတင်ခွင့် ပြုမှာဖြစ်ပြီး သူတို့ဟာ မိဘတွေအတိုင်း လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဟာ ဒီအခွင့်အရေးတွေ ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးရုံးတွေမှာ တပတ်အတွင်း မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။အလုပ်သမားဝန်ကြီး နိုင်ဖိုင်ထုံ ကယောက်ထောင်က တပတ်ပဲ မှတ်ပုံတင်ခွင့်ကာလ သတ်မှတ်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ သားသမီးတွေကို ပြန်ခေါ်ကြမှာစိုးလို့ဆိုပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မာတီချွန် သတင်းစာကို ပြောပါတယ်။ခုလို မှတ်ပုံတင်ခွင့် ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုအရ ခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးမှ စတင် မှတ်ပုံတင်ရမယ့်ရက်ကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။(VOA)
ဖြစ်ရပ်-၄။ ။ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်စေသည့်အတွက် ဝိနည်းမလိုက်နာသည့် မြန်မာသံဃာတော်များအပါအဝင် ဘုန်းကြီးအတု၊ သီလရှင်အတုနှင့် သာသနာအရေခြုံလူအချို့တို့ကို မြဝတီခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။ မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြဝတီမှသံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ်သောက်စားမှုများ ပြုလုပ်ကြသဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီခရိုင်အတွင်း ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။
(အောက်တိုဘာလ ၃-ရက် ၂၀၀၉) ထိုင်းနိုင်ငံ ပတ္တရာနီပြည်နယ် တောင်ပိုင်း ကမ်းလွန်၌ အောက်တိုဘာလ ၃-ရက်က မုန်တိုင်းမိပြီး ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ကြောင်း၊ သင်္ဘောသား ၁၃-ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများအား ရှာဖွေလျက်ရှိကြောင်း ထိုင်းရေတပ် အရာရှိများက ပြောဆို၏။
(အောက်တိုဘာလ ၂-ရက် ၂၀၀၉) “လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ(၂၀၀၈)နှင့် ကလေး၊ အမျိုးသမီးများ အပေါ် လူကုန်ကူးနေမှုများအား တားဆီးကာကွယ်ရေး ဆိုင်ရာသင်တန်း”တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ထိုင်းလူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှုဖောင်ဒေးရှင်း(HRDF)မှ ဦးစီးကာ ထိုင်းနှင့် မြန်မာအဖွဲ့အစည်းများနှင့်အတူ နှစ်ရက်ကြာ သင်တန်းကျင်းပလျက်ရှိသည်။
(အောက်တိုဘာလ ၁-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က မလေးရှားနိုင်ငံတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ရှေ့လတွင် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်များကို သောင်းနှင့်ချီပြီး ထုတ်ပေးမည်ဆိုသည့် သတင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များက မလေးရှားနိုင်ငံသို့ ကူးပြောင်းရန် စီစဉ်နေကြကြောင်း သိရသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ မြန်မာငွေကျပ် (၅၀၀၀)တန်ကို ယနေ့စတင်ထုတ်ဝေသုံးစွဲသော်လည်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အများထင်မြင်ယူဆထားသကဲ့သို့ မြန်မာငွေတန်ဖိုး အဆမတန်ကျဆင်းသွားခြင်း မရှိကြောင်း ထိုင်းနှင့် မြန်မာကုန်သည်များကပြောသည်။ (ခေတ်ပြိုင်)

(အောက်တိုဘာလ ၂၉-ရက် ၂၀၀၉) ဖူးခက်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂၇-ရက်နေ့မှ ယနေ့ အောက်တိုဘာလ ၂၉-ရက်နေ့အထိ ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေစခန်းတွင် ကျင်းပလျက်ရှိရာ မြန်မာပြည်မှ (MNL) ဘောလုံး ချန်ပီယံ ရတနာပုံ အက်ဖ်စီ ဘောလုံးအသင်းသည်လည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။ရတနာပုံ အက်ဖ်စီ အသင်းနှင့် မြောင်ထောင် ယူနိုက်တက်အသင်းတို့သည် ယနေ့ တွင် တတိယ နေရာ လုပွဲကို ယှဉ်ပြိုင်ကစားကြမည်ဟု သိရသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)