ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 9, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> *** ပထမကမ္ဘာစစ်၏ ကြွေးမြီများအား ဂျာမနီနိုင်ငံက ပေးဆပ်နေရဆဲ***
(ဘာလင်၊ ဒီဇင်ဘာလ ၇-ရက်)
ပထမကမ္ဘာစစ် (၁၉၃၈-၄၅)အတွင်း စစ်ရှုံးနိမ့်ခဲ့ရသော ဂျာမနီနိုင်ငံသည် ယနေ့အထိတိုင် ယင်းစစ်ပွဲ၏ စစ်စရိတ်ကြွေးမြီများကို စစ်နိုင်မဟာမိတ်နိုင်ငံများသို့ ပေးဆပ်နေရဆဲဖြစ်ကြောင်းသိရသည်။ ဂျာမနီနိုင်ငံသည် ပထမကမ္ဘာစစ်အပြီး၌ ချုပ်ဆိုခဲ့သော `ဗာဆိုင်းစာချုပ်´ပါ သဘောတူညီချက်များအရ မဟာမိတ်နိုင်ငံ (အင်္ဂလန်၊ ပြင်သစ်ဦးဆောင်သော နိုင်ငံများ)သို့ ပေးဆပ်ရမည့် စစ်စရိတ်ကြွေးမြီ ပမာဏမှာ ပေါင်ငွေ (၅၆)သန်းအထိ ကျန်ရှိနေကြောင်း ဂျာမနီနိုင်ငံ ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု၏ အဆိုကိုကိုးကားပြီး ဂျာမာန်သတင်းစာတစ်စောင်က ရေးသားဖော်ပြခဲ့သည်။ (၁၉၅၃)ခုနှစ်တွင်မူ ဂျာမနီနိုင်ငံသည် အရှေ့နှင့်အနောက် ဟူ၍ ဂျာမနီနှစ်နိုင်ငံကွဲပြားသွားခဲ့ရာ စစ်စရိတ်ကြွေးမြီများ ပေးချေမှုသည်လည်း နှောင့်နှေးခဲ့ရသည်။ သို့ရာတွင် လက်ရှိဂျာမနီအစိုးရကမူ

(၂၀၁၀)ခုနှစ်၊ အောက်တိုဘာလတွင် လက်ကျန်စစ်စရိတ်ကြွေးမြီများကို အပြီးပေးဆပ်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ ၁၉၈၉-ခုနှစ်တွင် ဘာလင်တံတိုင်းကြီးအား ဖြိုချပြီးသည့်နောက်ပိုင်း၌ ဂျာမနီနိုင်ငံကို ပြည်လည်ပေါင်းစည်းနိုင်ခဲ့သည်။ (အင်တာနက်)

*** ၂၀၀၉-ခုနှစ် ရေနံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုသည် ၂၀-ရာခိုင်နှုန်းလျော့ကျဟု OAPEC ပြောကြား***
(ကိုင်ရို၊ ဒီဇင်ဘာလ ၇-ရက်)
ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် နိုင်ငံတကာ ရေနံဆိုင်ရာရင်းနှီးမြုပ်နှံမှုသည် ၂၀-ရာခိုင်နှုန်း လျော့ကျသွားကြောင်း အာရပ်ရေနံရောင်းနိုင်ငံများအဖွဲ့ OAPEC ၏ ရေနံဝန်ကြီများက ဒီဇင်ဘာလ ၅-ရက်နေ့က ပြောကြား၏။ (၈၃)ကြိမ်မြောက် အိုအေပက်ဝန်ကြီးအဆင့် အစည်းအဝေးတွင် အဆိုပါ ရေနံဝန်ကြီးများက ယင်းကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ (၈၃)ကြိမ်မြောက် အိုအေပက်၏ ၀န်ကြီးအဆင့်အစည်းအဝေးတွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အိုရန်မြို့၌ ကျင်းပခဲ့သော ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပက်)က လွန်ခဲ့သော တစ်နှစ်ကျော်က ချမှတ်ခဲ့သည့် လက်ရှိရေနံဈေးနှင့် ထုတ်လုပ်မှုခွဲတမ်းအပေါ် ကျေနပ်ကြောင်း တညီတညွတ်တည်း ပြောကြားသည်။ နိုင်ငံတကာရေနံ ကုမ္ပဏီသည် ၂၀၀၉-ခုနှစ်တွင် ၂၀၀၈-ခုနှစ်ကထက် ရင်းနှီးမြုပ်နှံမှု (၂၀)ရာခိုင်နှုန်း လျော့ချလိုက်ကြောင်း၊ အထူးသဖြင့် ရေနံသုတေသနနှင့် ရှာဖွေရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုလျှော့ချခဲ့ကြခြင်းဖြစ်ကြောင်း အီဂျစ်နိုင်ငံရေနံဝန်ကြီး ဆာမေဖာမီက ပြောကြားသည်။ (အင်တာနက်)

*** တရုတ်ပြည်သူ (၈၇)သန်းကျော်က အွန်လိုင်းမှတဆင့် ဈေးဝယ်နေကြပြီ***
တရုတ်ပြည်မှ ပြည်သူ (၈၇)သန်းကျောင်တို့သည် ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ ၇-ရက်နေ့အထိ အွန်လိုင်းမှတဆင့် ဈေးဝယ်ယူနေကြကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ တရုတ်ပြည်တွင် ပြည်သူစုစုပေါင်း သန်း (၁၃၀၀)ခန့်ရှိသည်။ (အင်တာနက်)

*** ယူအေအီးနိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတစ်ခုကို ဇန်န၀ါရီလ ၄-ရက်မှာ ဖွင့်လှစ်မည်***
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတစ်ခုဖြစ်သော `ဒူဘိုင်းတာဝါ´ကို လာမည့် (၂၀၁၀)ခုနှစ် ဇန်န၀ါရီလ ၄-ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံ တာဝန်ရှိအရာရှိများက ဒီဇင်ဘာလ ၇-ရက်နေ့က ပြောကြားသည်။

***စုစည်းဘာသာပြန်-မောင်ချစ်ကြည်***

*** ပထမကမ္ဘာစစ်၏ ကြွေးမြီများအား ဂျာမနီနိုင်ငံက ပေးဆပ်နေရဆဲ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)