***အလေးမခြင်းလေ့ကျင့်ခန်းကို သာမာန်ထက်ပိုမိုပြုလုပ်လျှင် အဆစ်အမြစ်ရောင်ရောဂါရရှိစေနိုင်ဟုဆို***
ခန္ဓာကိုယ်အစိတ်အပိုင်းများသန်မာစေရန် အလေးမခြင်းလေ့ကျင့်မှုကို သာမာန်ထက်ပိုမိုပြုလုပ်ပါက အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားစေနိုင်ကြောင်း မေရိကန်နိုင်ငံဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ လူငယ်ပိုင်းအရွယ်များသည် အလေးပြားများဖြင့် နေ့စဉ်အချိန်ကြာမြင့်စွာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းနှင့် ခြေလက်များတွင် အရိုးအဆစ်များ
ထိခိုက်မှုဖြစ်စေကာ အရွတ်များပါ ပျက်စီးတတ်ကြောင်း ၄င်းတို့က သတိပေးပြောကြားသည်။ တဖန် အမြင့်ခုန်ခြင်း၊ အားသွန်ပြေးခြင်းနှင့် အလေးမခြင်းတို့ကို လေ့ကျင့်ခြင်းထက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကိုသာ လေ့ကျင့်သင့်ကြောင်း၊ သို့မဟုတ်ပါက ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အလေးမခြင်းကဲ့သို့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မပြုလုပ်သင့်ကြောင်း ၄င်းတို့က အကြံပြုထားသည်။ (အင်တာနက်)
+++(Public Health)+++

No comments:
Post a Comment