အင်္ဂလန်အသင်းနှင့် ချဲလ်ဆီးကလပ်မှ လမ်းပတ်မှာ မိန်းမကိစ္စနှင့်ပတ်သက်၍ ကံမကောင်းသူအဖြစ် ကျော် ကြားနေ၍ အပေါင်းအသင်းများနှင့် အပြင်ထွက်လည်လေ့မရှိသည့်အပြင် ဧည့်ခံပွဲများသို့လည်း သွားလေ့ သွားထ မရှိပေ။ တစ်နေ့သော် ဘောလုံးမင်းသား ဘက်ခမ်း၏အဖိုး အသုဘအခမ်းအနားသို့ လမ်းပတ် ရောက်လာ၍ ဘက်ခမ်းအံ့အားသင့်စွာမေးမြန်းသည်။
`ဟေ့ကောင်… ထူးဆန်းလှချည်လား။ နေပါဦးမင်းက အသုဘပွဲတွေကျတော့လာပြီး မင်္ဂလာဆောင်တွေကျတော့ ဘာလို့မသွားတာလဲ။ သွားတာလေဲမတွေ့ပါလား´
ထိုအခါ လမ်းပတ် သက်ပြင်းချပြီးပြန်ပြောသည်။
`အသုဘပွဲမှာ မင်းအလှည့်ဘယ်တော့လဲ လို့မမေးဘူးလေကွာ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ဆိုသည်။
(ရွှင်ပြုံတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment