ကမ္ဘာတစ်ဝန်းလုံးတွင် ယခုအချိန်အထိ ရွှေတန်ချိန်စုစုပေါင်း ၁၆၃၀၀၀-တန်ကို တူးဖော်ရရှိထားကြောင်း ကမ္ဘာ့ ရွှေကောင်စီ (ဒဗလျူဂျီစီ)က ဒီဇင်ဘာလ ၁၇-ရက်၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဟူဘယ် အာကာသကြည့်မှန်ပြောင်း အာကာသရှိ အသေးဆုံးအရာကို မြင်နိုင်***
အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့(နာဆာ)၏ ဟူဘယ်အာကာသကြည့်မှန်ပြောင်းသည် ကွီပါခါးပတ်(ကွီပါဘဲလ်တ်)ဒေသတွင် မြင်နိုင်သော အလင်းရောင်၌ အသေးဆုံးအရာဝတ္ထုကို တွေ့ရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါ ကွီပါခါးပတ်သည် နက်ပကျွန်းဂြိုဟ် အနောက်ဘက်တွင် ကပ်၍ရှိသော နေစကြာဝဠာအနားဝင်းအပြင်ဘက်၌ လှည့်ပတ်နေသည့် ဧရာမရေခဲအကျိုးအပဲ့များ ၀န်းရံလျက်ရှိသည့် ခါးပတ်ကွင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဘိန်းဖြူ ၅၃-ကီလိုဂရမ် ဘူလ်ဂေးရီးယားရဲ သိမ်းဆည်း***
ဘူလ်ဂေးရီးယားရဲတပ်ဖွဲ့သည် ဘူလ်ဂေးရီးယား- တူရကီနယ်စပ် ရထားတစ်စင်းပေါ်၌ ဘိန်းဖြူ ၅၃-ကီလိုဂရမ်ကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု အာဏာပိုင်များက ဒီဇင်ဘာလ ၁၇-ရက်နေ့တွင် ဖော်ပြသည်။ ရထားပေါ်တွင် ပိုလန်နိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်းသိရသည်။ (အင်တာနက်)
*** ဆေးခြောက် ၃-တန်ကျော် ကိုလံဘီယာ၌ သိမ်းဆည်း***
ကိုလံဘီယာရဲတပ်ဖွဲ့သည် ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းရှိ ကော်ကာပိုင်နက်ဒေသ၌ ဆေးခြောက် ၃-တန်ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း အဆိုပါရဲအရာရှိများက ဒီဇင်ဘာလ ၁၆-ရက်နေ့၌ ပြောကြားသည်။ ဆေးခြောက်များကို အိတ် ၆၃-အိတ်ဖြင့် ထည့်ထားကြောင်း၊ အလေးချိန်အားဖြင့် စုစုပေါင်း ၃ ဒသမ ၁၃၃ ကီလိုဂရမ်ရှိကြောင်း သိရသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်- မောင်မောင်ဆွေ***
*** တူးဖော်ရရှိထားသည့် ရွှေတန်ချိန် ၁၆၃၀၀၀-ရှိနေ***

No comments:
Post a Comment