*** ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှုကြောင့် ဥာဏ်ရည် ဥာဏ်သွေး ပိုမိုမြင့်မား***
လူငယ်များတွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုသည် ဦးနှောက်အလုပ်လုပ်မှု ပိုကောင်းခြင်း၊ ဥာဏ်ရည် ဥာဏ် သွေး ထက်မြက်ခြင်းတို့နှင့် ဆက်စပ်နှီးနွယ်ကြောင်း နောက်ဆုံးလေ့လာချက်တွင် တွေ့ရှိရသည်ဆို၏။ အသက် ၁၅- နှစ်နှင့် ၁၈-နှစ်အကြား ကိုယ်ကာယဖွံ့ဖြိုးတိုးတက် ကြံ့ခိုင်မှုကြောင့် လူငယ်လူရွယ်များမှာ အိုင်ကျူပို မြင့်သည်။
ထိုသို့သော အိုင်ကျူမြင့်သည့်သူများသည် အထက်တန်းပညာရေးတွင် ထူးချွန်သကဲ့သို့ အဆင့်မြင့်ရာထူးများကို ပိုမိုရရှိသည့် လက္ခဏာရှိကြောင်း တွေ့ရသည်။ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုနှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုတို့ ဆက်စပ်နေခြင်းအပေါ် မျိုးဗီဇထက် ပတ်ဝန်းကျင်အကြောင်းတရားများက သြဇာပိုမိုသက်ရောက်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည့်သည်။ (အင်တာနက်)
(Public Health)

No comments:
Post a Comment