ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 19, 2009

ကြက်သားကုမ္ပဏီအလုပ်သမားများ အခွင့်အရေးဆန္ဒပြတောင်းဆို/ လုပ်ငန်းရှင်ကလိုက်လျော

> (ဒီဇင်ဘာ ၁၉ရက်)
ထိုင်းနိုင်ငံမြောက်ပိုင် နခွန်ဆ၀န်ခရိုင် ဖက်ချဘုန်းမြို့ တွင်ရှိသော ကြက်သားထုတ်လုပ်သည့် ကုမ္ပဏီမှ ထောင် ပေါင်းများစွာသော မြန်မာအလုပ်သမားများက ဆုံးရှုံးနေသော အလုပ်သမားအခွင့်အရေးများကို ယမန်နေ့က အလုပ်မဆင်းပဲငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြင့် တောင်းဆို အောင်မြင်လိုက်သည်။ မြန်မာအလုပ်သမား လေးငါး ထောင်ဝန်ကျင်ခန့်ရှိသော (၉၉)ကောက်ကောက် ကြက်သားထုတ်လုပ်သည့် အလုပ်ရုံမှ မြန်မာအလုပ်သမား များက ယနေ့ အလုပ်မဆင်းပဲသပိတ်မှောက်ခဲ့ကြသည်။

အလုပ်သမားများအလုပ်မဆင်းသဖြင့် ဘန်ကောက်မြို့ မှကုမ္ပဏီပိုင်ရှင်သူဌေးမကိုယ်တိုင်ဆင်း လာပြီးအလုပ်သမားများ၏လိုအပ်ချက်ကို မေးမြန်းခဲ့သည်။သတင်းအသံဖမ်းချိန် ယမန်နေ့ နေ့ လည် ၁၁နာရီကျော်ကသူဌေးမပြောကြားရာတွင်“ အလုပ်သမားတွေလိုအပ်ချက်အတိုင်းဖြစ်စေ ရမယ်။ခုနေတစ်ဝက်ကုန်ပြီး မွန်းလွဲပိုင်းဆင်းကြမလား၊တစ်ရက်ဖို့ ပေးမယ်” ဟုပြောသော်လည်း အလုပ်သမားများက နက်ဖြန်မှဆင်းတော့မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ အလုပ်သမားများတောင်းဆိုချက်ဖြစ်သော နံနက် ၈နာရီအလုပ်ဝင်နှင့်ညနေ ၅ နာရီအလုပ်ထွက် ဖြစ်သည်။ဒုတိယအချက်မှာ ညနေ ၅ နာရီနောက်ပိုင်အချိန်ပို ကို ၁-နာရီ ဘတ် ၃၀ နှုန်းပေးရန် ဖြစ်သည်။ တတိယအချက်မှာ အလုပ်သမားများကိုအစုလိုက်အပုံလိုက် အဆောင်တစ်ခုတည်းတွင် နေထိုင်စေခြင်းနှင့်စတုတ္ထအချက်မှာ ထမင်းနှင့်တူသောထမင်းကိုကျွေးမွေးရန်ဖြစ်ပြီး နောက်ဆုံး တောင်းဆိုချက်မှာ ထိုင်းအလုပ်သမားများနည်းတူ ၁-လ လေးရက်နားရန်တို့ ဖြစ်သည်။ အလုပ်သမ မီအေးက“ ကျမတို့မနက် ၇ နာရီ ၂၀ ကတည်းကအလုပ်ကိုဝင်ရတယ်။ နောက်ကျ ရင် ၀ဏ(အလုပ်သမားကြပ်)တွေကတစ်နေကုန်ဆဲနေတော့တာပဲ။ ညနေဆိုလည်းအလုပ်ပြီးမှလွှတ်တာ၊ ၈ နာရီ ၉နာရီထိုးသွားတယ်။ထမင်းသုံးကြီမ်တော့ကျွေးပါတယ်၊အကုန်လုံးရေလုံပြုတ်ပါပဲ။ အိပ်ရာတာကလည်း ဇါတ်ရုံလို့ ဟာလာဟင်းလင်း နဲ့ ၊အဆောင်တစ်ဆောင်မှာ လူ ၇၀ /၈၀ ထားတာ။ တစ်ယောက် အခြောင်းဆိုရင် အားလုံးဆိုးပြီ။တစ်ယောက်ဖျားရင်လည်း နောက်လူတွေဖျား တော့တာပဲ။အတူတူအလုပ်လုပ်ပေမယ့်ငွေထွက်တာမတူဘူး၊၀ဏတို့ ၊မန်နေဂျာတို့ ပေးသလောက် ပဲရတာ၊အချို့ ဝဏတွေဆို တုတ်နဲ့ တောင်ရိုက်တာ၊အဲဒီလို့ ကျမတို့ ကိုဆက်ဆံနေလို့ အားလုံး ဒီနေ့အလုပ်မလုပ်ပဲ ဆန္ဒပြနေလိုက်ကြတာပါ” ဟုပြောသည်။ အလုပ်သမားများအလုပ်မဆင်းသဖြင့် လုပ်ငန်းရှင်သူဌေးမ ဘန်ကောက်မြို့ မှ ဆင်းလာခဲ့ပြီး နေ့လည် ၁၁ နာရီခန့် တွင် ထိုင်းဘာသာစကားကျွမ်းကျင်သည့်အလုပ်သမားကိုယ်စားလှယ် ဆယ်ဦးနှင့်အတူ မြန်မာအလုပ်သမားများ၏တောင်းဆိုချက်များကို အပြန်အလှန် ညှိနှိင်းခဲ့ကြသည်။ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ထိုင်းဘာသာဖြင့်ပြောဆိုတင်ပြခဲ့သော ကိုထွန်းက“ထိုင်းတွေကိုတော့လကုန်ချင်း လစာထုတ်ပေးတယ်။လလယ်ကျရင်လည်းသတ်မှတ်ရက်မှာထုတ်ပေးတယ်။ကျနော်တို့ မြန်မာအလုပ်သမားတွေကို ကျတော့် လကုန်လို့ နောက် ဆယ်ရက် ဆယ့်တစ်ရက်မှထုတ်ပေးတာ။ ထုတ်ပေးပြန်တော့လည်း ကျနော်တို့ နေ့ တိုင်းမနက် ၇နာရီကတည်းကလုပ်လိုက်တာ ညဆယ်နာရီ ဆယ်တစ်နာရီအထိလုပ်ရပေမယ့် အချိန်ပိုလုပ်ခအဖြစ် လူတစ်ယောက်ကို ၃၀၀ /၄၀၀ အဲဒီ လောက်ပဲပေးတာ။ကျနော်တို့ ညောင်းညာလို့ ခနလေး လက်တွေခြေတွေဆန့် ရင်တောင်ဆဲနေတယ်။လုပ်ရတာနဲ့ ရတာနဲ့ ဘယ်လိုမှ မကာမိဘူး ငွေဝယ်ကျွန်ထက်ခံ၇တယ်” ဟုပြောသည်။ အဆိုပါ ကြက်သားကုမ္ပဏီ တွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ယောက်နေ့ စဉ်မနက် ၇ နာရီကျော်မှ ညဉ် ၁၀-နာရီ ကျော်အထိ လုပ်ကိုင်၇သော်လည်းလုပ်အားခမှာ ၅၀၀၀ ၀န်းကျင်းမှာ သာရရှိနေသည်။ အခြားအလုပ်ပိတ်ရက်ကိုမဆိုထားနှုင့် ထိုင်းဘုရင်၏မွေးနေ့ မှာပင်လျှင် အလုပ်မနားရသဖြင့် မြန်မာအလုပ်သမားများမှာ နားရက်လုံးဝမရှိဖြစ်နေသည်။ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင် အမျိုးးသမီးရေးရာဌာနမှူး ဒေါ်သက်သက်ဦးက“ကျမကို မနက် ၇ နာရီကတည်းကဖုန်းဆက်လာတယ်။ကျမလည်းသိသ လောက်ပြောပြတယ်။ထိုင်းအလုပ်သမားဥပဒေနဲ့ အလုပ်သမားအခွင့်အေ၇းတွေကိုပြောပြပါတယ် နေလည်ပိုင်းကျတော့ ပုံစံတစ်မျိုးဖြစ်လာပြန်တယ်။နေလည်ပိုင်းကျတော့ ကျမက အကာအကွယ်ရယူဖို့ ဆက်သွယ်ဖို့ အကြံပြုပါတယ်။ခုလုပ်ရမယ့်အ လုပ်နဲ့နောက်ရုံးဖွင့်ရက်တွေမှာဘာတွေလုပ်သင့်တယ်ဆိုတာအကြံပြုလိုက်ပါတယ်”ဟုပြောသည်။ ထောင်ပေါင်းများစွာရှိသောအလုပ်သမားကို အစုလိုက်အပုံလိုက်နေထိုင်စေသဖြင့် ကျမ္မာရေးနှ့င့် မညီညွတ်ကြောင်းအလုပ်သမားကပြောသည်။အလုပ်သမားများကို တစ်နေ့ သုံးကြိမ်ကျွေးမွေးသည်ဟုဆိုသော်လည်း ထမင်းမှာ ၀က်စာတမျှဖြစ်သည်။ ငါးနှု့င့်အသီးအ၇ွက်တို့ မှာ ငါးပိ၊ဆား၊အချိုမှုန့်ဆီး စသည်တို့ ဖြင့် ကောင်းမွန်အောင် ချက်ပြုတ်ထားခြင်း မဟုတ်ပဲ ထောင်သားများကဲ့ သို့ ရေလုံ ပြုတ်ဖြစ်ကြောင်း အလုပ်သမားများကပြောသည်။ အသားဟင်းကို တစ်ခါမှမကျွေးဖူး ကြောင်းနှင့် ကြက်သားလုပ်ကိုင်ရသော်လည်းတစ်ခါတစ်ရံ ကြက်အရိုးပြုတ်ကိုစားရကြောင်းအလုပ်သမား များကပြောသည်။ အချို့ ဝဏများကမြန်မာအလုပ်သမားများကို နွားသတ္တ၀ါအရာထား၍ မျက်ကိုစားခိုင်းခြင်း၊ တုတ်များနှင့်ရိုက်ခြင်း၊ ခြထောက်များဖြင့် ကန်ခြင်း၊ နထိုင်မကောင်း၍ဖြစ်စေ၊ ပင်ပန်း၍ဖြစ်စေ၊ မျိုးမီးငယ်များ ဓမ္မတာကိစ္စကြောင့်ဖြစ်စေ အလုပ်တစ်ရက်ပျက်ပြီး နောက်နေ့တွင်အလုပ်ပြန် ဆင်းပါက တစ်နေကုန် တတွတ်တွတ်ဆဲနေကြောင်း မအေးကပြောသည်။ လုပ်ငန်းရှင်သူဌေးမက သူ၏အလုပ်ရုံတွင် ၃နှစ်ကြာလုပ်ကိုင်နေသူအားယာယီပတ်စပို့ လုပ်ရန် ကုန်ကျငွေအားလုံးကို စိုက်ထုတ်ပေးမည်၊ ၂ နှစ်ကြာ လုပ်ကိုင်နေသူအား ၇၅ ရာခိုင်နုန်း၊၁နှစ်ကြာ လုပ်ကိုင်နေသူကို ၅၀ ရာခိုင်နုန်းနှု့င် ။ယခု ၆လပြည့်သူများကို ၂၅ ရာခိုင်နုန်း စိုက်ထုတ်ပေးမည် ဖြစ်ကြောင်းပြောသည်။ အထူးသဖြင့် အလုပ်နားရက်ပုံမှန်တစ်လ ၄ ရက်ပေးရန်နှင့် မကျေနပ်ချက်များ နောက်နောင်တွေ့ ရှိပါကအလုပ်ရုံသင်ပုန်ကြီးတွင် မြန်မာဘာသာဖြင့် ရေးထားရန်အပြင်၊်ကိုယ်တိုင်ဖုန်းဆက်သွယ်ကြရန်။ လုပ်ငန်းရှင်းမဖုန်းကိုအလုပ်ရုံအ၀တွင်ချိတ်ဆွဲထားမည်ဆိုသောကြောင့် မြန်မာ အလုပ်သမားများက ၀ဏ္ဏ(အလုပ်ကြပ်များ) ကပ်ဆိုက်သည်ဆိုပြီး တဟားဟားရည်မောပြီး လက်ခုတ်တီး၊ လက်ခေါက်မှုတ်အောင်ပွဲခဲ့ ကြလေသည်။ ညနေ့ ၆နာရီခန့် တွင် လုပ်ငန်းရှင်သူဌေးပြန်သွားခဲ့ပြီးနောက် အလုပ်ကြပ်ခန်းမှ လောစပီးကာဖြင့် နေ့ လည်ကခေါင်းဆောင်ခဲ့သူ (၁၁)ဦးအားလာရောက်ရန်ခေါ်နေသည်။ထို့ ကြောင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အသင်းသို့ အကြံတောင်းခဲ့ရာ၊ကြိုတင်ပြင်ဆင်သတိထားဖွယ်၇ာများကို အသိပေးခဲ့သည်။ လုပ်ငန်းရှင်များသည် ယခုကဲ့သို့ အလုပ်သမားတောင်းဆိုချက်များကို ဆန္ဒပြစဉ် လိုက်လျော့လေ့ ရှိကြသော်လည်း ရက်ပိုင်းအတွင်း ဦးဆောင်ဦးရွက်ပြုသူများကို စတင်ဒုက္ခပေးလေ့ရှိတတ်ကြသဖြင့် အထူးသတိထားနေထိုင်ရန်လိုအပ်သည်။။

***သတင်း-ဦးကျော်သောင်း(ဘန်ကောက်)***

(ဒီဇင်ဘာ ၁၉ရက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)