ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 8, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ***မက္ကဆီကို၌ မူးယစ်စစ်ဆင်ရေးပြုလုပ်။ မူးယစ်မှောင်ခို ၁၁-ဦးသေဆုံး***
(မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာလ ၆-ရက်)
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း မွန်တာရေးမြို့၌ မူးယစ်စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်း မူးယစ်ဆေးဝါးမှောင်ခို သမားများဟု ယူဆရသူ ၁၁-ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မွန်တာရေးမြို့ အနီး ၌ ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုပြုလုပ်စဉ် မူးယစ်မှောင်ခိုများနှင့် အပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုသည် ပြည်တွင်း မွေးမြူရေးခြံ၌ ဖြစ်ပွားခဲ့ပြီး တစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းစစ်ဆင်ရေးအတွင်း မွေးမြူရေခြံ၌ သံသယရှိသ

ူ ၇-ဦးသေဆုံးခဲ့ပြီး ကျန်ရှိသူများအား ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ တိုက်ခိုက်ရာ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သည်။ မက္ကဆီကိုနိုင်ငံသည် အမေရိကန်နှင့် ဥရောပတိုက်သို့ မူးယစ်ဆေးဝါးတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည်။ (အင်တာနက်)

*** အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီးဟန့်တားနိုင်ရန် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်း၌ အမြန်ရေယာဉ်များ တပ်ဖြန့်ချထားမည်***
(နယူးဒေလီ၊ ဒီဇင်ဘာလ ၆-ရက်)
လွန်ခဲ့သော နှစ်က ဖြစ်ပွားခဲ့သော မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုပုံစံကဲ့သို့ တိုက်ခိုက်မှုများအား တားဆီးဟန့်တားနိုင်ရေးအတွက် အရှေ့ဘက်ကမ်းရိုးတန်းကို ကာကွယ်ရန် အိန္ဒိယရေတပ်က အမြန်တိုက်ရေယာဉ်များ မကြာမီတပ်ဖြန့်ချထားမည်ဖြစ်ကြောင်း စနေနေ့တွင် ရေတပ်ရှိတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အနောက်ဘက် ကမ်းရိုးတန်းများတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများ တားဆီးဟန့်တားနိုင်ရန် လျင်မြန်စွာရွေ့လျားနိုင်သော အမြန်တိုက်ရေယာဉ်များသည် သင်္ဘောကြီးများမဟုတ်သော်လည်း အလတ်တန်းစားနှင့် အသေးစားအရွယ်အစား များဖြစ်ပြီး အချိန်တိုအတွင်းသတ်မှတ်နေရာသို့ ရောက်ရှိနိုင်သည်ဟု အိန္ဒိယရေတပ် အရှေ့ပိုင်းရေယာဉ်စု၏ တပ်မှူးက ပြောကြားသည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလက အိုမန်ပင်လယ်ပြင်မှ မော်တော်ဘုတ်များဖြင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့ အကြမ်းဖက်သမား ၁၀-ဦးဝင်ရောက်လာပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ (အင်တာနက်)

*** ကမ္ဘာတစ်ဝန်းတွင် A(H1N1) ရောဂါဖြင့်သေဆုံးသူပေါင်း (၈၇၆၈) ဦးရှိလာပြီ***
ကမ္ဘာတစ်ဝန်းတွင် A(H1N1) ရောဂါဖြင့် သေဆုံးသူဦးရေမှာ ဒီဇင်ဘာလ ၅-ရက်နေ့အထိ (၈၇၆၈)ဦး အထိရှိလာပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်မားနေဦးမည်ဟုဆို***
(၀ါရှင်တန်၊ ဒီဇင်ဘာလ ၅-ရက်)
အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးတိုးတက်ကောင်းမွန်လာလင့်ကစား အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံး၏ အလုပ်လက်မဲ့နှုန်းသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ဆက်လက်မြင့်မားနေဦးမည်ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ဥက္ကဌ-ဘင်ဘာနန်ကေးက သတိပေးပြောကြားသည်။ အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဈေးကွက်များ တည်ငြိမ်လာပြီဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည်လည်း ကျဆင်းနေရာမှ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း စီးပွားရေးညွှန်းကိန်းများက ညွှန်ပြနေပြီဖြစ်သည်ဟု ဘာနန်ကေးက ဒီဇင်ဘာလ ၃-ရက်နေ့မှာ ပြောကြားသည်။ (အင်တာနက်)
*** A(H1N1) ကာကွယ်ဆေး ၂-သန်းကို အင်ဒိုနီးရှားထုတ်လုပ်မည်***
အင်ဒိုနီးရှားအစိုးရသည် A(H1N1) တုပ်ကွေးရောဂါဆက်လက်ပြန့်ပွားနေမှုကို တားဆီးကာကွယ်ရေးအတွက် လာမည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ A(H1N1) တုပ်ကွေးရောဂါကာကွယ်ဆေး (၂)သန်းအထိ ထုတ်လုပ်ဖြန့်ဖြူးသွားရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၄-ရက်နေ့မှာ ထုတ်ဖော်ပြောကြားသည်။ ကမ္ဘာတစ်ဝန်း၌ A(H1N1) တုပ်ကွေးရောဂါကူးစက်ခံရသူ ဦးရေမှာ (၃၀၀၀၀၀)ကျော်ရှိပြီး ၄င်းတို့အနက် (၈၇၆၈)ဦး သေဆုံးခဲ့ရသည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

***မက္ကဆီကို၌ မူးယစ်စစ်ဆင်ရေးပြုလုပ်။ မူးယစ်မှောင်ခို ၁၁-ဦးသေဆုံး***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)