မိုက်မိုက်ကန်းကန်း ကမ္ဘာ့ဖလားမှ မှန်းဆလိုချင်သူလို
ကောင်းမွန်တဲ့ လျှပ်စစ်မီး ပုံမှန်မရှိပါပဲ
ရုးသွပ်စွာ စက်မှုနိုင်ငံ ထူထောင်ချင်နေကြတယ် ။
***အလွဲများနဲ့ ခရီးဆက်သွားတော့
ရထားခေါင်းတွဲတွေလို လမ်းချော်တိမ်းမှောက်
အကွဲအပြဲများနဲ့ နေသားကျ
ဒုက္ခနဲ့ လက်ဆွဲနှုတ်ဆက်ရပေါင်းလဲ များပြီ ။
***ခင်ဗျားတို့ အတွက်တော့ ဟာသတစ်ပုဒ်
ကျုပ်တို့အတွက်တော့ တစ်ဘ၀စာ ဆုတ်ခဲ့ပြီ
ရိုးအီနေတဲ့ အကြမ်းဖက်ခံ ဒဏ်ရာအသစ်အဆန်းများ မဟောင်းပဲသွား
ကြိုးညှိမရတဲ့ ငြိမ်းချမ်းရေးမဲ့ ပြဿဒါးနေ့များ မပြောင်းမလဲများလာတယ် ။
***သပ်သပ်ယပ်ယပ် ၀တ်စားထားတဲ့ မြေခွေးလို ကောက်ကျစ်ခြင်းများ
ရိုးရိုးသားသား ယုန်သူငယ်လို ဖြူစင်သူကို ၀ါးမြိုသွား
မအေးချမ်းမြတဲ့ တောကြီးမဲမှောင်မှာ မဟုတ်
စစ်မီးလောင်ခဲ့ ဥပဒေမဲ့ မြို့လယ်ခေါင်မှာ ဖြစ်ခဲ့တယ် ။
***လောကဓံကို မျက်ရည်ခံထိုးယုံနဲ့
ကံကြမ္မာက အနိုင်ဂိုးသွင်းခွင့်၊ ရွှေဖိနပ်ဆုချမှာ မဟုတ်
လူ့အခွင့်အရေးမဲ့မြေမှာ
ဒုက္ခ ဒဏ်ရာတွေနဲ့ ကိုယ့်အစုတ်ထုပ် ကိုယ်ဖြေပြနေရတာ ကြာတော့
ကိုယ့်ပေါင်ကိုယ် လှန်ထောင်းယုံမက
ကိုယ့်ခြေထောက်ပါကိုယ် ဖြတ်ပစ်ဖို့ပဲ ကောင်းတော့တယ် ။
***မိဘမဲ့ ကောင်းကင်လို
အမှောင် မုန်တိုင်းည
အလင်းများ မိုးကြိုးပစ်ခံရ
အလေ့ကျပေါက်သလို အဆိုးအမှားတွေကို
စစ်ပေါက်လွတ်ပဲစားများ အလေအလွင့်မရှိ ထိမ်းသိမ်း
အမှန်တရားများ လွင့်စဉ် ဖိတ်ကျ ကွဲအက်လို့သွားတယ် ။
***အောင်ခိုင်မြင်. ***
***ဘောလုံးခြေစစ်ပွဲ မအောင်ပဲ

No comments:
Post a Comment