တစ်နေ့မှာ ငွေစာရင်းအရာရှိတစ်ဦးဆီကို နယ်က မိတ်ဆွေတစ်ဦးကနေ အခုလို ဖုန်းဆက်အကူအညီ တောင်းပါ သတဲ့…။
(မိတ်ဆွေ) နေကောင်းလားသူငယ်ချင်း၊ သတိရလိုက်တာကွာ။
(အရာရှိ) အေးကွာ… ကောင်းပါတယ်။ မင်းရောဟေ့။
(မိတ်ဆွေ) အေး- ငါလဲကောင်းပါတယ်ကွာ။ သြော်… ဒါနဲ့၊ မင်းမှာ အဆင်ပြေရင် ငွေနည်းနည်းလောက် ပို့ပေးပါ လားကွာ၊ နော်…။

(အရာရှိ) ငါ့စိတ်ထဲမှာ မင်းကိုဆိုရင် အမြဲတမ်းကူညီနေချင်တာပါကွာ။ ယုံပါ။
(မိတ်ဆွေ) ဒါဆိုရင်… ငါစောင့်နေမယ်နော်။
(အရာရှိ) ကောင်းပြီကွာ၊ စိတ်ချသူငယ်ချင်း စိတ်ချ။
ဒီလိုနဲ့ ရက်အတန်ကြာတဲ့အခါမှာ မိတ်ဆွေက ဖုန်းထပ်ဆက် ပြန်သတဲ့။။
(မိတ်ဆွေ) မင်း ဟာက ငွေစာရင်းစာရ်ွက်ပဲ ပါလာတယ်။ ငွေကဘယ်မှာ သွားထုတ်ရမှာလဲကွ။
(အရာရှိ) အေးကွာ…။ ငါ့စိတ်မှာ မင်းကိုပေးချင်တဲ့ငွေစာရင်း ခေါင်းစဉ်တွေကိုပဲရေးပေးလိုက်တာပါ။ ဒါပေမယ့်… ငွေတော့မပါဘူးလေ။ ငါ့မှာလည်းတကယ်မရှိလို့ပါသူငယ်ချင်းရာ။
မှတ်ချက်။ ။ ဘ၀အမောပြေမှ ခံစားတင်ပြပါသည်။
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment