ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 8, 2009

တကွက်မှားရင် ၂၀၁၀ မှာမြွေပေါက်ခံသွားရနိုင်တယ်

> လက်ရှိ န-အ-ဖ ဧ။် နိုင်ငံတကာပေါ်လစီ အပြောင်းအလဲဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာဆီယံ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်(လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥရောပသမဂနှင့်ပါ ဆက်သွယ်လာပြီဖြစ်သည်။ သူ့ ရဲ့ ကစားကွက်ကို ချဲ့ ထွင်လာ သည်ဟု စကားကြီးစကားကျယ်ပြောလို့ ရသည်။ အခုအမေရိကန်ကို မကျေနပ်ကြောင်းပြချင်ရ်ူ အီးယူကို သံတမာန်ရေးအရ ဆက်သွယ်လိုကြောင်းပြသခြင်းဖြစ်နိုင်သည်။ တဖက်မှာလည်း တရုတ် နှင့် လူမသိသူမသိစကားပြောနေမည်မှာ အမှန်ဖြစ်သည်။အရင်က န-အ-ဖ သည်ချောင်ပိတ်မိသောခွေး နှင့်တူသည် မဲမဲမြင်ရာကို ပြေးကိုက်သည်။ ယခု မဟုတ်တော့။ပညာတတ်လာသည်။ အရမ်းအဆိပ် ပြင်းသည့်မြွေက အစွယ်ကျိုးချင်ယောင်ဆောင်ရ်ူ ခွေနေသည်။ ပြီလျှင် အားအပျော့ဆုံးသူကို ရုတ် တရက်ထပေါက်ရ်ူ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ် မည်နည်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပ အတိုက်အခံများတခဲနက်ထောက်ခံကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်းပြည်အတွက်ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတစ်စောင်ရေးပို့ ခဲ့သည်။ ရွှေဂုံတိုင် ကြေညာချက်ကို အားဖြည့်လိုက်ခြင်းဖြစ်သည်။ ကောင်းသည်။ ပြသနာက အဖွဲ့ ချုပ်အနေနှင့် ၄င်းတို့  ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာပဲ ကျောက်ချငုတ်တုပ်ကြီးဖြစ်နေခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကမှု ဆန်ရှင်ကို အကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အကျယ်ချုပ်မှတဆင့်ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးအတွင်းမှဖယ်ထုတ်မည့် န-အ-ဖ အကြံပျက်သည့်ကိန်းဖြစ်သည်။ သူမဧ။်ရပ်တည်ချက်က ရှင်းလင်းပြတ်သားသည် တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည်ဆိုလျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင်ပါတီဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့် ခွန်းတစ်ခုတွင်ပြောဖူးသည်။ဒီတော့ သူမသည် အားပျော့သည့်အထဲတွင် မပါ သမိုင်းတွင်မြွေပေါက်ခံရကိန်းမရှိ။

နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ နှင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခွင့် မရ ခြင်းတို့ ကြောင့် အဖွဲ့ ချုပ်က သီးခြား ၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြား ဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင်လက်တွေ့ မှာဖြစ်သည်။ အဖွဲ့ ချုပ်သည် လူတန်းစားအသီးသီးနှင့်ဖွဲ့ စည်းထားခြင်းဖြစ် သည်။ ပညာတတ်၊ ပညာချို့ငဲ့၊ လယ်သမား ၊ ရှေ့ နေ ၊ ဆေးဆရာ ပြီးတော့ သတင်းပေး စုံလင်လှ သည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသလို၊ အိတ်စိုက်နိုင်ငံရေးသမားများလည်းရှိသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကျနေပြီဆိုလျှင် အဖွဲ့ ချုပ်တွင် စီအီးစီနှင့်နီးစပ်သူသည်သြဇာအာဏာရှိသူ ဖြစ်လာသည်။အဖွဲ့ ချုပ်ဧ။်ဖွဲ့ စည်းတည်ဆောက်ပုံက မကျစ်လစ်။ ကျစ်လစ်မလိုလိုဖြစ်လာရင်လည်း န-အ-ဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရေး ကြီးသောကိစ္စရပ်များ(ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ ချုပ်ခေါင်းဆောင်များ သေချာစဉ်းစား ဆောက်ရွက်သည်။ နိုင်ငံတကာနှင့်အခြားအင်အားစုများဧ။်ဆန္ဒကိုထည့်တွက်သည်ကိုတွေ့ ရသည်။ သို့ သော်တိကျသော အက်ရှင်ပလန် မရှိခြင်း။ညီညွှတ်သော နောက်ပါအင်အားစုမဖန်တီးနိုင်ခြင်းတို့  ကြောင့် အဖျားရှူးသွားတတ်သည်။ န-အ-ဖဆီက တစ်ခုခုမြှော်ကိုးရင်းအလံနီသစ္စာဖောက်သခင်တင်မြ တို့ လိုဖြစ်သွားနိုင်သူတွေ အဖွဲ့ ချုပ်အတွင်းမှာရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ ချုပ် မှနုတ်ထွက်ပြီး ရွေးကောက်ပွဲကိုဆန့် ကျင်မည့်သူများလည်း ဒုနှင့်ဒေး ရှိသည်ဒါကြောင့်အားနည်းသူမှာ အဖွဲ့ ချုပ်ဖြစ်သွားနိုင် သည်။သတိကြီးကြီးမထားလျှင်သမိုင်းမှာမြွေပေါက်ခံရနိုင်သည်။

န-အ-ဖ သည် ရွေးကောက်ပွဲမတိုင်မှီနိုင်ငံရေးကို စိတ်မ၀င်စားပါ။ စိတ်ဝင်စားလို့ လဲ မဖြစ်။ သူတို့ နိုင်ငံရေး နှစ်နေရာမှာ ရှိနေသည်။ နိုင်ငံတကာနှင့် တိုင်းရင်းသားအရေးတွင်ဖြစ်သည်။ ဒီနှစ်ချက်ကို ကြည့်လျှင် လက်ရှိလုပ်ပေးနေသောလိုက်လျောမှုအချို့ုသည်လိမ်နေတာဖြစ်သည်။တိုင်းရင်းသားအ ချို့ အငိုက်မမိဖို့  လိုအပ်သည်။ အငိုက်မိသည့် ငြိမ်းအဖွဲ့ ပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် သမိုင်းတရား ခံဖြစ်သွားနိုင်သည်။ ကချင်အဖွဲ့ န-အ-ဖကိုရင်ဆိုင်သည့်ဗျူဟာကို အားကျနေသည့် တိုင်းရင်းသားအဖွဲ့ များရှိသည်။ သူများနှင့်လိုက်သည့်စတိုင်လ်က ကိုယ်နှင့်လိုက်ချင်မှလိုက်မည်။ ဒီကေဘီအေကတော့ မြွေအကြိမ်ကြိမ်အကိုက်ခံနေရပြီဖြစ်သည်။ ကေအန်ယူက ဆေးကုနေရသည်။ ၀တပ်ဖွဲ့ လည်း သိသိကြီး နှင့် အကိုက်ခံရမည့်သဘောဖြစ်သည်။ သို့ သော် တရားဝင်ရွေးကောက်ပွဲတွင်အနိုင်ရထားသော တိုင်းရင်းသားပါတီများဧ။်ရပ်တည်ချက်မှာ ယခုအချိန်အထိ မှန်ကန်နေသောကြောင့် သူ့ လူနာနှင့် သူ့ ဆေးဆရာဖြစ်လာစရာရှိသည်။ မြွေပေါက်ခံနိုင်ကိန်းကို ကျော်လွှားနိုင်သည့် အခြေအနေရှိသည်။ ယတိပြတ်တော့ ပြောလို့ မရပေ။

ရွေးကောက်ပွဲဝင်သည့်သူသည်သမိုင်းတရားခံဖြစ်မည်ဟုအတိအလင်းပြောချင်သည်။ တတိယအင် အားစုဟုအမည်တွင်သူများ ၊ န-အ-ဖ ဧ။်အခပေးရှေ့ နေမောင်စူးစမ်း စသည်တို့ က စပေ့စ်အကြောင်း ကိုတွင်တွင်ကျယ်ကျယ်ပြောနေကြသည်။ သနားစရာကောင်းတာက ၂၀၁၀သာနီးလာသည် သူတို့ ပြောသည့်စပေ့စ်ဘယ်နားမှန်းမသိ။ ဦသုဝေကတော့ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမ၀င်လုပ်နေရ သည်ဟုဆိုသည်။ ဦးသုဝေနှင့်အေးလွင်တို့  ရပ်တည်ချက်ခြင်းဒီနေရာမှာကွဲသည်။ အေးလွင်က န-အ-ဖ ဘက်တော်သား။ ဥိးသုဝေက စပေ့စ်ကိုယုံကြည်သူ။ မည်သို့ ပင်ဖြစ်စေ စပေ့စ်သမားတွေတောင် တရားဝင်လုပ်မရဖြစ်နေသည်။ အေးလွင်တို့ လုပ်သည်ကိုတော့ မသိချင်ယောင်ဆောင်နေသည်။န-အ-ဖ ဧ။် အတိုက်အခံ အတွင်း ပြည်သူလူထုအတွင်သွေးခွဲသပ်လျိုသည့် လုပ်ငန်းအောင်မြင်သည် ဟုပြောရမည်။ တတိယ အင်အားစုများကတော့ ယခုကတည်းက အဆိပ်သင့်နေပြီဖြစ်သည်။ သို့ သော်ဒီလောက်ကြီးမစိုးရိမ်ရ ဗမာပြည်နိုင်ငရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာနေနေ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလုပ်ချင်လျှင်ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာဖြစ် နေမည်။ မောင်စူးစမ်းနှင့်သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်။ အားရသည်။ လူငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကိုပြန်လှန်ပြသည့်အတွက် သင်ခဏ်းစာများ ရသည်။ သို့ သော်ကွန်မြူနစ်ပါတီအနေနှင့်ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင် အားစုများနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင်အကြံညဏ် ကောင်းများပေးနိုင်မည်ဟုယူဆသည်။ မ-ဆ-လ တိုက်ခဲ့သည့်ဝါဒမှိုင်းကိုဖြေရှင်းပေးနေသည့်အဆင့် ထက် ပိုပြီးဆောင်ရွက်စေလိုသည်။

ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင်တကယ်အရေးပါသည့် အင်အားစု တရပ်ရှိနေသေးသည်။ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ထောင်ထဲဘယ်သူမှမ၀င်ချင်ကြပေ။ ဒီတော့တခြားနည်းလမ်းကိုရွေးရမည်။ အရင်းနည်းနိုင်သမျှနည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဥိးဝင်းတင်ပြောသည့်နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကိုအတူတူလုပ် ပြီးမတူတာတွေကိုခွဲလုပ်ရမည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်းချင်းကြား မိသားစုကြားမှာ သြဇာသက်ေ၇ာက်နေအောင်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ် ကွက်အတွင်း ငယ်ပေမယ့် အကြည်ညိုခံရအောင်နေထိုင်နိုင်ခြင်းတို့ လဲ နိုင်ငံရေးဖြစ်သည်ဆိုတာကို သိ၇မည်။ အချင်းချင်းစည်းရုံးရမည် ။ တွေ့ ဆုံဆွေးနွေးရေးလုပ်မလိုလိုအသံကြားသည်နှင့် ရေစုံမျှော လိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက်ခံရကိန်းရှိသည်။ ဒီတော့ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်းပညာပေးရေးဖြစ်သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီ ညွှတ်သော အင်အားတရပ်ကိုထူထောင်ထားရမည်။ ဦးသန်းရွှေအခြေအနေမဟန်သည်နှင့် လုပ်သင့် လုပ်ထိုက်သည်များကိုသွက်သွက်လက်လက်ထက်ထက်မြက်မြက်လုပ်ရမည်။ ဒါကြောင့်လူငယ်တိုင်း နိင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကိုလေ့လာထားရမည်။ နိုင်ငံတကာကိုလဲ အာရုံထားရမည်။ အန်အယ်လ်ဒီလူငယ်များပိုအရေးကြီးပါသည်။ ရာထူးကြိးသလို တာဝန်လဲကြီးသည် ကိုသတိရပါ။ လူငယ်အချင်းချင်း(အာဏာရှင်စနစ်ဖယ်ရှားရေး)အတွက်ညီညွတ်ရေးကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။

တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် ၇၀ ရာနှုန်းရအောင် တည်ဆောက်ရပါမည်။ ညီညွတ်သော အင်အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့် နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည် ထင်ပါသည်။ထိုအင်အားစုသည် လူငယ်တို့ဧ။် ညီညွှတ်မှု စည်းရုံးမှု တို့ အပေါ်အခြေခံမည်ဖြစ်သည်။

****ရန်ငြိမ်းအောင်(လူငယ်)***

လက်ရှိ န-အ-ဖ ဧ။် နိုင်ငံတကာပေါ်လစီ အပြောင်းအလဲဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာဆီယံ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်(လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥရောပသမဂနှင့်ပါ ဆက်သွယ်လာပြီဖြစ်သည်။ သူ့ ရဲ့ ကစားကွက်ကို ချဲ့ ထွင်လာ သည်ဟု စကားကြီးစကားကျယ်ပြောလို့ ရသည်။ အခုအမေရိကန်ကို မကျေနပ်ကြောင်းပြချင်ရ်ူ အီးယူကို သံတမာန်ရေးအရ ဆက်သွယ်လိုကြောင်းပြသခြင်းဖြစ်နိုင်သည်။ တဖက်မှာလည်း တရုတ် နှင့် လူမသိသူမသိစကားပြောနေမည်မှာ အမှန်ဖြစ်သည်။အရင်က န-အ-ဖ သည်ချောင်ပိတ်မိသောခွေး နှင့်တူသည် မဲမဲမြင်ရာကို ပြေးကိုက်သည်။ ယခု မဟုတ်တော့။ပညာတတ်လာသည်။ အရမ်းအဆိပ် ပြင်းသည့်မြွေက အစွယ်ကျိုးချင်ယောင်ဆောင်ရ်ူ ခွေနေသည်။ ပြီလျှင် အားအပျော့ဆုံးသူကို ရုတ် တရက်ထပေါက်ရ်ူ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ် မည်နည်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပ အတိုက်အခံများတခဲနက်ထောက်ခံကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်းပြည်အတွက်ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတစ်စောင်ရေးပို့ ခဲ့သည်။ ရွှေဂုံတိုင် ကြေညာချက်ကို အားဖြည့်လိုက်ခြင်းဖြစ်သည်။ ကောင်းသည်။ ပြသနာက အဖွဲ့ ချုပ်အနေနှင့် ၄င်းတို့  ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာပဲ ကျောက်ချငုတ်တုပ်ကြီးဖြစ်နေခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကမှု ဆန်ရှင်ကို အကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အကျယ်ချုပ်မှတဆင့်ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးအတွင်းမှဖယ်ထုတ်မည့် န-အ-ဖ အကြံပျက်သည့်ကိန်းဖြစ်သည်။ သူမဧ။်ရပ်တည်ချက်က ရှင်းလင်းပြတ်သားသည် တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည်ဆိုလျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင်ပါတီဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့် ခွန်းတစ်ခုတွင်ပြောဖူးသည်။ဒီတော့ သူမသည် အားပျော့သည့်အထဲတွင် မပါ သမိုင်းတွင်မြွေပေါက်ခံရကိန်းမရှိ။

နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ နှင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခွင့် မရ ခြင်းတို့ ကြောင့် အဖွဲ့ ချုပ်က သီးခြား ၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြား ဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင်လက်တွေ့ မှာဖြစ်သည်။ အဖွဲ့ ချုပ်သည် လူတန်းစားအသီးသီးနှင့်ဖွဲ့ စည်းထားခြင်းဖြစ် သည်။ ပညာတတ်၊ ပညာချို့ငဲ့၊ လယ်သမား ၊ ရှေ့ နေ ၊ ဆေးဆရာ ပြီးတော့ သတင်းပေး စုံလင်လှ သည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသလို၊ အိတ်စိုက်နိုင်ငံရေးသမားများလည်းရှိသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကျနေပြီဆိုလျှင် အဖွဲ့ ချုပ်တွင် စီအီးစီနှင့်နီးစပ်သူသည်သြဇာအာဏာရှိသူ ဖြစ်လာသည်။အဖွဲ့ ချုပ်ဧ။်ဖွဲ့ စည်းတည်ဆောက်ပုံက မကျစ်လစ်။ ကျစ်လစ်မလိုလိုဖြစ်လာရင်လည်း န-အ-ဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရေး ကြီးသောကိစ္စရပ်များ(ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ ချုပ်ခေါင်းဆောင်များ သေချာစဉ်းစား ဆောက်ရွက်သည်။ နိုင်ငံတကာနှင့်အခြားအင်အားစုများဧ။်ဆန္ဒကိုထည့်တွက်သည်ကိုတွေ့ ရသည်။ သို့ သော်တိကျသော အက်ရှင်ပလန် မရှိခြင်း။ညီညွှတ်သော နောက်ပါအင်အားစုမဖန်တီးနိုင်ခြင်းတို့  ကြောင့် အဖျားရှူးသွားတတ်သည်။ န-အ-ဖဆီက တစ်ခုခုမြှော်ကိုးရင်းအလံနီသစ္စာဖောက်သခင်တင်မြ တို့ လိုဖြစ်သွားနိုင်သူတွေ အဖွဲ့ ချုပ်အတွင်းမှာရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ ချုပ် မှနုတ်ထွက်ပြီး ရွေးကောက်ပွဲကိုဆန့် ကျင်မည့်သူများလည်း ဒုနှင့်ဒေး ရှိသည်ဒါကြောင့်အားနည်းသူမှာ အဖွဲ့ ချုပ်ဖြစ်သွားနိုင် သည်။သတိကြီးကြီးမထားလျှင်သမိုင်းမှာမြွေပေါက်ခံရနိုင်သည်။

န-အ-ဖ သည် ရွေးကောက်ပွဲမတိုင်မှီနိုင်ငံရေးကို စိတ်မ၀င်စားပါ။ စိတ်ဝင်စားလို့ လဲ မဖြစ်။ သူတို့ နိုင်ငံရေး နှစ်နေရာမှာ ရှိနေသည်။ နိုင်ငံတကာနှင့် တိုင်းရင်းသားအရေးတွင်ဖြစ်သည်။ ဒီနှစ်ချက်ကို ကြည့်လျှင် လက်ရှိလုပ်ပေးနေသောလိုက်လျောမှုအချို့ုသည်လိမ်နေတာဖြစ်သည်။တိုင်းရင်းသားအ ချို့ အငိုက်မမိဖို့  လိုအပ်သည်။ အငိုက်မိသည့် ငြိမ်းအဖွဲ့ ပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် သမိုင်းတရား ခံဖြစ်သွားနိုင်သည်။ ကချင်အဖွဲ့ န-အ-ဖကိုရင်ဆိုင်သည့်ဗျူဟာကို အားကျနေသည့် တိုင်းရင်းသားအဖွဲ့ များရှိသည်။ သူများနှင့်လိုက်သည့်စတိုင်လ်က ကိုယ်နှင့်လိုက်ချင်မှလိုက်မည်။ ဒီကေဘီအေကတော့ မြွေအကြိမ်ကြိမ်အကိုက်ခံနေရပြီဖြစ်သည်။ ကေအန်ယူက ဆေးကုနေရသည်။ ၀တပ်ဖွဲ့ လည်း သိသိကြီး နှင့် အကိုက်ခံရမည့်သဘောဖြစ်သည်။ သို့ သော် တရားဝင်ရွေးကောက်ပွဲတွင်အနိုင်ရထားသော တိုင်းရင်းသားပါတီများဧ။်ရပ်တည်ချက်မှာ ယခုအချိန်အထိ မှန်ကန်နေသောကြောင့် သူ့ လူနာနှင့် သူ့ ဆေးဆရာဖြစ်လာစရာရှိသည်။ မြွေပေါက်ခံနိုင်ကိန်းကို ကျော်လွှားနိုင်သည့် အခြေအနေရှိသည်။ ယတိပြတ်တော့ ပြောလို့ မရပေ။

ရွေးကောက်ပွဲဝင်သည့်သူသည်သမိုင်းတရားခံဖြစ်မည်ဟုအတိအလင်းပြောချင်သည်။ တတိယအင် အားစုဟုအမည်တွင်သူများ ၊ န-အ-ဖ ဧ။်အခပေးရှေ့ နေမောင်စူးစမ်း စသည်တို့ က စပေ့စ်အကြောင်း ကိုတွင်တွင်ကျယ်ကျယ်ပြောနေကြသည်။ သနားစရာကောင်းတာက ၂၀၁၀သာနီးလာသည် သူတို့ ပြောသည့်စပေ့စ်ဘယ်နားမှန်းမသိ။ ဦသုဝေကတော့ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမ၀င်လုပ်နေရ သည်ဟုဆိုသည်။ ဦးသုဝေနှင့်အေးလွင်တို့  ရပ်တည်ချက်ခြင်းဒီနေရာမှာကွဲသည်။ အေးလွင်က န-အ-ဖ ဘက်တော်သား။ ဥိးသုဝေက စပေ့စ်ကိုယုံကြည်သူ။ မည်သို့ ပင်ဖြစ်စေ စပေ့စ်သမားတွေတောင် တရားဝင်လုပ်မရဖြစ်နေသည်။ အေးလွင်တို့ လုပ်သည်ကိုတော့ မသိချင်ယောင်ဆောင်နေသည်။န-အ-ဖ ဧ။် အတိုက်အခံ အတွင်း ပြည်သူလူထုအတွင်သွေးခွဲသပ်လျိုသည့် လုပ်ငန်းအောင်မြင်သည် ဟုပြောရမည်။ တတိယ အင်အားစုများကတော့ ယခုကတည်းက အဆိပ်သင့်နေပြီဖြစ်သည်။ သို့ သော်ဒီလောက်ကြီးမစိုးရိမ်ရ ဗမာပြည်နိုင်ငရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာနေနေ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလုပ်ချင်လျှင်ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာဖြစ် နေမည်။ မောင်စူးစမ်းနှင့်သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်။ အားရသည်။ လူငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကိုပြန်လှန်ပြသည့်အတွက် သင်ခဏ်းစာများ ရသည်။ သို့ သော်ကွန်မြူနစ်ပါတီအနေနှင့်ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင် အားစုများနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင်အကြံညဏ် ကောင်းများပေးနိုင်မည်ဟုယူဆသည်။ မ-ဆ-လ တိုက်ခဲ့သည့်ဝါဒမှိုင်းကိုဖြေရှင်းပေးနေသည့်အဆင့် ထက် ပိုပြီးဆောင်ရွက်စေလိုသည်။

ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင်တကယ်အရေးပါသည့် အင်အားစု တရပ်ရှိနေသေးသည်။ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ထောင်ထဲဘယ်သူမှမ၀င်ချင်ကြပေ။ ဒီတော့တခြားနည်းလမ်းကိုရွေးရမည်။ အရင်းနည်းနိုင်သမျှနည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဥိးဝင်းတင်ပြောသည့်နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကိုအတူတူလုပ် ပြီးမတူတာတွေကိုခွဲလုပ်ရမည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်းချင်းကြား မိသားစုကြားမှာ သြဇာသက်ေ၇ာက်နေအောင်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ် ကွက်အတွင်း ငယ်ပေမယ့် အကြည်ညိုခံရအောင်နေထိုင်နိုင်ခြင်းတို့ လဲ နိုင်ငံရေးဖြစ်သည်ဆိုတာကို သိ၇မည်။ အချင်းချင်းစည်းရုံးရမည် ။ တွေ့ ဆုံဆွေးနွေးရေးလုပ်မလိုလိုအသံကြားသည်နှင့် ရေစုံမျှော လိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက်ခံရကိန်းရှိသည်။ ဒီတော့ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်းပညာပေးရေးဖြစ်သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီ ညွှတ်သော အင်အားတရပ်ကိုထူထောင်ထားရမည်။ ဦးသန်းရွှေအခြေအနေမဟန်သည်နှင့် လုပ်သင့် လုပ်ထိုက်သည်များကိုသွက်သွက်လက်လက်ထက်ထက်မြက်မြက်လုပ်ရမည်။ ဒါကြောင့်လူငယ်တိုင်း နိင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကိုလေ့လာထားရမည်။ နိုင်ငံတကာကိုလဲ အာရုံထားရမည်။ အန်အယ်လ်ဒီလူငယ်များပိုအရေးကြီးပါသည်။ ရာထူးကြိးသလို တာဝန်လဲကြီးသည် ကိုသတိရပါ။ လူငယ်အချင်းချင်း(အာဏာရှင်စနစ်ဖယ်ရှားရေး)အတွက်ညီညွတ်ရေးကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။

တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် ၇၀ ရာနှုန်းရအောင် တည်ဆောက်ရပါမည်။ ညီညွတ်သော အင်အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့် နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည် ထင်ပါသည်။ထိုအင်အားစုသည် လူငယ်တို့ဧ။် ညီညွှတ်မှု စည်းရုံးမှု တို့ အပေါ်အခြေခံမည်ဖြစ်သည်။

****ရန်ငြိမ်းအောင်(လူငယ်)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)