ဆောင်းညတစ်ညပေါ့
ပြန်မရနိုင်တော့တဲ့ ဟိုအရင်ဘ၀လေးကို
တမ်းတမိခဲ့ရတယ်…။
**ဘာရယ်ညာရယ်မသိ ဖြူစင်စိတ်ကူးနဲ့
နံနက်မိုးလင်းတာနဲ့
အဖြူ အစိမ်းဝတ်လို့ ရည်မှန်းချက်တွေရှိတဲ့
ခြေလှမ်းတွေနဲ့ ငါတို့ရဲ့ ကျောင်းတော်ကြီးဆီ
ချီတက်လ.ို ပညာလေးတွေ သင်ကြားခဲ့ပေါ့…။
**စိတ်လည်းမညစ်တတ် မနာလိုဝန်တိုစိတ်လည်း မထားတတ်တဲ့
ဘ၀လေးမှာ ပျော်လိုရွှင်လို့
ကျေနပ်ပီတိ ဝေဖြာလိုပေါ့…။
ဆိုးတူကောင်းဘက် သဘောထားဖြူစင်
ဘာမဆိုတိုင်ပင်လေ့ရှိတဲ့ သူငယ်ချင်း
သွားလည်းအတူတူ စားလည်းအတူတူနဲ့
အမြဲမခွဲဘဲ ငါရဲ့အပါးကပ်ကာ ဒွန်တွဲလို့
ပညာရေးကို အတူတူသင်ကြားရင်းနဲ့
ဘ၀ရဲ့ ရက်နေ့တွေ ကုန်ဆုံးခဲ့ရတယ်…။
ဆယ်တန်းဖြေဆိုလို့ နောက်ဆုံးနေ.တနေ.မှာ
မင်ရောငါပါ ၀မ်းနည်းမှုတွေကိုယ်စီနဲ့
တနေရာစီထွက်ခွာလို့ လမ်းခွဲခဲ့ရတယ်နော်…။
***တယောက်နဲ့ တယောက် နားလည်မှုတွေနဲ့
ဘယ်တော့မှ မမေ့ဖို့
ပြိုင်တူ ဖွင့်ဟစကားဆိုခဲ့မိပါရဲ့
ခုတောလဲ ပြန်မဆုံနိုင်တော့တဲ့
ဘ၀ရဲ့လောကဓံကြားမှာ
ငါလိုက်မိတော့တဲ့ ဘုံဌာနတခုကို
မင်းရောက်နှင့်ပြီပေါ့နော်
စောစီးစွာနဲ့ လေလွင့်သွားတဲ့
မင်းရဲ့စိတ်ထား မြင့်မြတ်မှုဟာ
နောက်ဆုံးအနေနဲ့ ငါ.ကိုဆုံးမစကားလေးတွေဆိုလို့
`လူဆိုတာ ဘယ်သူကိုမှ မယုံပါနဲ့လို့´ပြောဆိုပြီး
မပီမသနဲ့ ပျောက်သွားတဲ့ မင်း
လောကကြီးကို ကျောခိုင်း၊
ငါကို အရမ်းခင်တဲ့မင်းဟာ
ငါရဲ့အပါးက အပြီးအပိုင်
လွင့်ထွက်သွားခဲ့တယ်နော်
မရေတွက်နိုင်တော့တဲ့
နေ့ရက်၊ ခုနှစ်တွေ
များလွန်းလှပါလဲ ကျန်နေသူငါဟာ
မင်းကိုလွမ်းလို့ လွမ်းနာကျတာ
ဒီကဗျာလေးတွေ ရေးရင်မင်းအတွက်
ကုသိုလ်ပြုရင်းနဲ့ ငါရဲ့ထံပါးကို
ပြန်လာနိုင်ပါစေလို့ အမြဲတိုင်တည်ရင်း
ဘ၀ရဲ့ ခရီးကို လျှောက်လှမ်းနေဆဲပါ…။
+++(ရင်တွင်းခံစားမှု)+++
***မိုးမြင့်ဦး***(ဒီဒီသိုးမွှေးစက်ရုံ၊ မဲဆောက်)
**ချမ်းအေးလှတဲ့
ဆောင်းညတစ်ညပေါ့
ပြန်မရနိုင်တော့တဲ့ ဟိုအရင်ဘ၀လေးကို
တမ်းတမိခဲ့ရတယ်…။
**ဘာရယ်ညာရယ်မသိ ဖြူစင်စိတ်ကူးနဲ့
နံနက်မိုးလင်းတာနဲ့
အဖြူ အစိမ်းဝတ်လို့ ရည်မှန်းချက်တွေရှိတဲ့
ခြေလှမ်းတွေနဲ့ ငါတို့ရဲ့ ကျောင်းတော်ကြီးဆီ
ချီတက်လ.ို ပညာလေးတွေ သင်ကြားခဲ့ပေါ့…။
**စိတ်လည်းမညစ်တတ် မနာလိုဝန်တိုစိတ်လည်း မထားတတ်တဲ့
ဘ၀လေးမှာ ပျော်လိုရွှင်လို့
ကျေနပ်ပီတိ ဝေဖြာလိုပေါ့…။
ဆိုးတူကောင်းဘက် သဘောထားဖြူစင်
ဘာမဆိုတိုင်ပင်လေ့ရှိတဲ့ သူငယ်ချင်း
သွားလည်းအတူတူ စားလည်းအတူတူနဲ့
အမြဲမခွဲဘဲ ငါရဲ့အပါးကပ်ကာ ဒွန်တွဲလို့
ပညာရေးကို အတူတူသင်ကြားရင်းနဲ့
ဘ၀ရဲ့ ရက်နေ့တွေ ကုန်ဆုံးခဲ့ရတယ်…။
ဆယ်တန်းဖြေဆိုလို့ နောက်ဆုံးနေ.တနေ.မှာ
မင်ရောငါပါ ၀မ်းနည်းမှုတွေကိုယ်စီနဲ့
တနေရာစီထွက်ခွာလို့ လမ်းခွဲခဲ့ရတယ်နော်…။
***တယောက်နဲ့ တယောက် နားလည်မှုတွေနဲ့
ဘယ်တော့မှ မမေ့ဖို့
ပြိုင်တူ ဖွင့်ဟစကားဆိုခဲ့မိပါရဲ့
ခုတောလဲ ပြန်မဆုံနိုင်တော့တဲ့
ဘ၀ရဲ့လောကဓံကြားမှာ
ငါလိုက်မိတော့တဲ့ ဘုံဌာနတခုကို
မင်းရောက်နှင့်ပြီပေါ့နော်
စောစီးစွာနဲ့ လေလွင့်သွားတဲ့
မင်းရဲ့စိတ်ထား မြင့်မြတ်မှုဟာ
နောက်ဆုံးအနေနဲ့ ငါ.ကိုဆုံးမစကားလေးတွေဆိုလို့
`လူဆိုတာ ဘယ်သူကိုမှ မယုံပါနဲ့လို့´ပြောဆိုပြီး
မပီမသနဲ့ ပျောက်သွားတဲ့ မင်း
လောကကြီးကို ကျောခိုင်း၊
ငါကို အရမ်းခင်တဲ့မင်းဟာ
ငါရဲ့အပါးက အပြီးအပိုင်
လွင့်ထွက်သွားခဲ့တယ်နော်
မရေတွက်နိုင်တော့တဲ့
နေ့ရက်၊ ခုနှစ်တွေ
များလွန်းလှပါလဲ ကျန်နေသူငါဟာ
မင်းကိုလွမ်းလို့ လွမ်းနာကျတာ
ဒီကဗျာလေးတွေ ရေးရင်မင်းအတွက်
ကုသိုလ်ပြုရင်းနဲ့ ငါရဲ့ထံပါးကို
ပြန်လာနိုင်ပါစေလို့ အမြဲတိုင်တည်ရင်း
ဘ၀ရဲ့ ခရီးကို လျှောက်လှမ်းနေဆဲပါ…။
+++(ရင်တွင်းခံစားမှု)+++
***မိုးမြင့်ဦး***(ဒီဒီသိုးမွှေးစက်ရုံ၊ မဲဆောက်)
No comments:
Post a Comment