ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 10, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

> *** ရိုမေးနီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပင်အနိုင်ရ***
(ဘူခါရက်၊ ဒီဇင်ဘာလ ၈-ရက်)
အရှေ့ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သော ရိုမေးနီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ-ထရိုင်အန် ဘာဆက်စကူက အနိုင်ရရှိခဲ့သည်။ ဘာဆက်စကူသည် မဲအရေအတွက် ၅၀ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း- မီဆီယာဂျီအိုအနာက ၄၉ ဒသမ ၅၇-ရာခိုင်နှုန်းရရှိခဲ့သည်ဟု ရွေးကောက်ပွဲ အာ ဏာပိုင်များက ပြောကြားသည်။ ယခုအခါ မဲအရေအတွက် ၉၅ ဒသမ ၇-ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်တွင် လက်ရှိသမ္မတက အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ (အင်တာနက်)

*** တရုတ်ကားဈေးကွက် အရောင်းသွက်***
(ပေကျင်း၊ ဒီဇင်ဘာလ ၈-ရက်)
တရုတ်ပြည်တွင် ယခုနှစ် ပထမ (၇)လအတွင်း ကားအစီးရေ (၁၂)သန်းကျောင်ရောင်းချနိုင်ခဲ့ကြောင်း၊ ယမန်နှစ်အလားတူ ကာလက ရောင်းချရမှုမှာ ၈ ဒသမ ၆-သန်းသာရှိခဲ့ကြောင်း၊ တရုတ်ပြည်မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများအသင်း၏ ပမာဏစာရင်းဇယားများကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာလ ၇-ရက်နေ့က ဖော်ပြသည်။ ၂၀၀၈-ခုနှစ်က စုစုပေါင်း ရောင်းချရမှုမျာ ကားအစီးရေ (၉ ဒသမ ၄)သန်းရှိခဲ့ပြီး ၂၀၀၇-ခုနှစ်ကထက် ၈-ရာခိုင်နှုန်း တိုးလာခဲ့သည်။ တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံးကားဈေးကွက်တည်ရှိရာ နိုင်ငံဖြစ်သည်။ (ဆင်ဟွာ)

*** အီရန်နိုင်ငံတွင် အကျဉ်းသား (၇၉၃)ဦး အားလွတ်ငြိမ်းချမ်းသာခွင့်ပေး***
(တီဟီရန်၊ ဒီဇင်ဘာလ ၇-ရက်)
အီရန်နိုင်ငံတွင် နိုင်ငံ၏ ဥသျှောင်ဖြစ်သော ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီက အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၇၉၃)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ အီရန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် (၁၁၀)အရ ၄င်းအား အပ်နှင့်ထားသော အာဏာဖြင့် အယာတိုလာအလီခါမေနီက အကျဉ်းသားများကို ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ (အင်တာနက်)

*** ရုရှားနိုင်ငံတစ်ဝန်းတွင် မီးရှူး မီးပန်းထုတ်လုပ် သုံးစွဲမှုတားမြစ်***
ရုရှားနိုင်ငံတစ်ဝန်းတွင် မီးရှူး မီးပန်းထုတ်လုပ်သုံးစွဲမှု များအားလုံးကို ဒီဇင်ဘာလ (၇)ရက်မှ စတင်ပိတ်ပင်လိုက်ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်လိုက်သည်။ (အင်တာနက်)
*** အယ်လ်ဂျီးရီးယားနိုင်ငံက ဂြိုဟ်တုလွှတ်တင်မည်***
အာဖရိကတိုက်ရှိ အယ်လ်ဂျီးရီးယားနိုင်ငံက လာမည့် (၂၀၁၀)ခုနှစ် ပထမ ၃-လတာကာလအတွင်း (အောဆက်-၂)အမည်ရှိ ဒုတိယမြောက် ဂြိုဟ်တုတစ်လုံးကို အာကာသသို့ လွှတ်တင်ရန် စီစဉ်ထားကြောင်း အယ်လ်ဂျီးရီးယား အရာရှိများက ထုတ်ပြန်၏။ (အင်တာနက်)

*** ပျောက်ဆုံးနေသော ကမ္ဘာကျော်ပန်းချီးကား (၁၉)ကားအား လန်ဒန်ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိ***
ကမ္ဘာကျော်ပန်းချီနှင့် အနုပညာရှင်များဖြစ်ကြသော (ဗင်ရိုး၊ ပီကာဆို၊ မိုးနေး)နှင့် အခြားထိပ်တန်း အနုပညာရှင်များ၏ ပျောက်ဆုံးနေသော ပန်းချီလက်ရာ (၁၉)ကားကို ပြန်လည်သိမ်းဆည်းရမိပြီဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၈-ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-မောင်ချစ်ကြည်***

*** ရိုမေးနီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတပင်အနိုင်ရ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)