ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 5, 2010

5Jan, 2010// စစ်အာဏာရှင် ဗိုလ်နေ၀င်း၏ အကျိုးမရှိလုပ်ရပ်များ…

>
စာရေးသူသည် ဗိုလ်နေ၀င်း စစ်အစိုးရလက်ထက်က တိုင်းပြည်ဖျက်ဆီးခဲ့မှုများကို မြန်မာပြည်သား ဂျာနယ်မှ နေ၍ လစဉ်တင်ဆက်ခဲ့ပါ၏။ ဤသို့ တင်ဆက်ခဲ့ရာ၌ ဗိုလ်နေ၀င်း၏ မြာပွေပုံများ၊ ကျောင်းသားများကို သတ် ဖြတ်ခဲ့သော ဗိုလ်နေ၀င်းမှာ မိမိအလှည့်ရောက်မှ သေရမှာ ကြောက်ခဲ့ပုံများ၊ ဂမ္ဘီရ ယတြာများဖြင့် သက်ဆိုး ရှည်အောင်ဆောင်ရွက်ခဲ့ပုံများ၊ များစွာသော အကြောင်းအရာများကို မိမိသိရှိခဲ့သမျှ ရေးသားတင်ဆက်ခဲ့ရာ ယခုအပတ်တွင်လည်း ဗိုလ်နေ၀င်း ဖျက်ဆီးခဲ့မှုများကို ဆက်လက်ရေးသားတင်ဆက်လိုက်ပါသည်။

`ရွှေတိဂုံ ဓာတ်လှေခါးကြီး ဖျက်ဆီးလိုက်ပုံ´
မဆလ ပါတီ (အများက မဆလာပါတီဟုခေါ်ကြပါသည်) လက်ထက် ပြည်သူ့လွှတ်တော်ဟု ပေါ်ပေါက်ခဲ့ပါ၏။ လွှတ်တော်အမတ်များကိုလည်း၊ မြန်မာပြည် တခွင်မြို့နယ်တိုင်း၌ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အရေအတွက်အလိုက်တမြို့နယ်လျှင် ၁-ယောက်၊ ၂-ယောက် ရွေးချယ်ရပါသည်။ ထိုစဉ်က စာရေးသူတို့ မြန်မာနိုင်ငံ၌ မြို့နယ်ပေါင်း (၃၁၄)မြို့နယ်ရိုခဲ့ပါသည်။ အထင်မကြီးလိုက်ပါနှင့်၊ ဒီမိုကရေစီနည်း ကျကျရွေးချယ်ခဲ့ခြင်းမျိုး မဟုတ်ပါ။ ဗိုလ်နေ၀င်း၏ နာမည်စာရင်းပါသော တပည့်တပမ်းများကို ရွေးချယ်ပေးရခြင်းမျိုးဖြစ်ပါသည်။ `ခ´သုံးလုံးကြေသော တပည့်များကိုသာရွေးချယ်စေပါသည်။ ထိုအချိန်က စာရေးသူတို့နိုင်ငံ၌ `အ´သုံးလုံးနှင့် `ခ´သုံးလုံးမှာ အလွန်ရေပန်းစားခဲ့ပါ၏။ အရေး၊ အဖတ်၊ အတွက်၊ ကို `အ´သုံးလုံးဟုခေါ်ပြီး။ `ခ´သုံးလုံးဆိုတာက `ခေါ်´ ရင်သွား၊ `ခိုင်း´တာလုပ်၊ `ခံ´မပြောနဲ့ဟု အဓိပ္ပါယ် ရှိသဖြင့်၊ `ခ´သုံးလုံး ကြေတပည့်များ အများအပြား မွေးမြူထားပြီး လွှတ်တော်အမတ်များ ဖြစ်ကြစေကုန်သတည်း။
လွှတ်တော်အမတ်များကိုယ်ကျိုးရှာပုံများကို ဆရာ့၊ ဆရာကြီးများက အောက်ပါ သံပေါက် ကလေးများဖြင့်ပင် တန်ဆာတင်ကာ ချီးမွမ်းသလား၊ ချီးကြွေးသလား သြဘာပေးခဲ့ ပုံလေးတွေကို မှတ်မိပါသေးတော့…။
ဟော… ဘာတဲ့။ ။ `ငို့ဘအမတ်၊ အမဲရိုးဟပ်၊ အငတ်ခေါ်သည်မှတ်´ ဘယ်လောက်ငတ်သလဲဆိုရင် အမဲရိုးတောင်မရှောင်ဆိုပါလား။ (ငို့ဘဆိုတာက ငါ့ဘို့တဲ့)
အမတ်မင်း၏ သမီးများ၊ အောက်ထပုံကို (နောက်ထ မဟုတ်ပါ၊ နောက်ထဆိုတာက ဆိုင်းအဖွဲ့ဖျော်ဖြေခန်းမှာပါဝင်ရသော လူရွှင်တော်နှစ်ဦးဖြစ်ပါသည်) တမျိုးလေး စာစပ်ထားတာက…။
ဆိုက္ကားပေါ်တွင်၊ တူပြိုင်ယှဉ်၊ လာရှင်ထွက်သည်မှတ်… တဲ့။ (အောက်ထရင် လာရှင်ရပါသည်ခင်ဗျား၊ မယုံမရှိပါနဲ့ စာဖတ်သူများ ပေါက်လောက်မည်ထင်ပါသည်)
နိုင်ငံတွင်းရှိ ထွက်သုံးထွက်များ အနက်စစ်ထွက်များကို၊ ဗိုလ်နေ၀င်းက သာ၍ မြောက်စားခဲ့၏။ ထွက်သုံးထွက်ဆိုသည်မျာ ဘုန်းကြီးလူထွက်၊ ပုလိပ်ထွက်၊ စစ်ထွက် တို့ကိုခေါ်ပါသည်။ိဒီစစ်ထွက်များကိုလည်း ဆရာကြီးများက အောက်ပါ သံပေါက်လေးဖြင့် လှပအောင်ကွပ်ပေးခဲ့တဲ့ အမှတ်တရစာလေးက…။
စစ်ပြန်ရဲဘော်၊ မြေပဲလှော်၊ ဟစ်အော်ရောင်းသည်မှတ်…ပါတဲ့။ ဘယ်လောက်ကောင်းလိုက်ပါသလဲ…။
ထိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို မဲရအောင်စုစည်းပြီးသကာလ သူတို့နှင့်တန်သလား မတန်သလား မစဉ်းစား (မောင့်ဘဲ သရေခေါင်းပေါင်း) ကျက်သရေခေါင်းပေါင်း မဟုတ်ပါ။ ကျက်သရေမရှိသော သူများဆောင်းထားပါသဖြင့် `မောင့်ဘဲသရေ ခေါင်းပေါင်း´ဟု အော်တိုမက်တစ် ပြောင်းလဲသွားရပါသည်။ (၀မ်းနည်းဖွယ်ကောင်းလေစွ။) ကိုယ်စီဆောင်း၍ ဗိုလ်နေ၀င်း စင်ပေါ်ကပြောသမျှကို လက်ညှိုးထောင်၊ ခေါင်းငြိမ့် လုပ်ရသော၊ တပြွတ်တိုက် ထိုင်၍ လူစု စကားပြောခြင်းကို ပြည်သူ့လွှတ်တော်အစည်းအဝေး လို့ခေါ်ပါတယ်ခင်ဗျာ…။
လွှတ်တော်အဆောက်အအုံမှာ ရွှေတိဂုံဘုရားအနောက်ဖက် ပြည်လမ်းမကြီး၏ အနောက်ဖက်ဘေးတွင် တည်ရှိပါသည်။ ရွှေတိဂုံဘုရား အနောက်ဖက်စောင်းတန်း ဓာတ်လှေခါးကြီးမှာ အလွန်မြင့်မားပြီး ဘုရားနှင့် ပနံရလှပါသည်။ ထန်းပင်များ အထက်ပင်ကျော်၍ မြင့်ပြီး အပေါ်စီးမှ ငုံ့၍ ကြည့်ပါက ထန်းပင်များ အစီအရီ မြင်ရပါသည်။ လှေညှင်းခံ၍လည်း ကောင်းသည့်အပြင်၊ ရန်ကုန်မြို့၏ ရှုခင်းများကိုလည်း တ၀ကြီးခံစားရကာ ပန်းချီဆရာများ၊ ဓာတ်ပုံဆရာများဖြင့် စည်ကားခဲ့ပါ၏။ သို့သော် ဗိုလ်နေ၀င်းမှာ လူတွေး မတွေးခဲ့ပါ။ ၄င်းအစည်းအဝေးလုပ်တုန်း ဓာတ်လှေခါးပေါ်ကနေ မသမာသူက `စနိုက်ဘာခေါ်သော ချိန်သီးမှန်ပြောင်းတပ် သေနတ်ဖြင့် ပစ်ခဲ့သော် မာလကီးယားကြံတော မြို့တော်သို့ အဲယားကွန်းတပ် နိဗ္ဗာန်ယာဉ်စီး၍ အပြီးကြွမြန်းရမည်။ (ထိုစဉ်က မာလကီးယားနိုင်ငံ၏ မြို့တော်မှာ ကြံတော ဖြစ်ပါ၏။ ယခုတော့၊ ရေဝေးနှင့် ထိန်ပင်ဖြစ်ပါသည်။)
လူတွေး မတွေးတော့၊ လူနှင့် ဆန့်ကျင်ဘက် တိရစ္ဆာန်၏ အတွေးကိုတွေးပြီး၊ အသက်ဘေးရတက်မအေး၊ တချက်ကလေးမှ အိပ်မပျော်၊ အိမ်တော်ခဲက စစ်ခွေးတွေအကုန်ထုတ်၊ စက်ကလေး စက်ကြီးတွေနဲ့ ဓာတ်လှေခါးကြီးကို အတင်းဖျက်ဆီး၊ ပြောင်တလင်းခါ၊ ဟာလာဟင်းလင်းကြီးဖြစ်သွားတိုက်တာ၊ ရွှေတိဂုံဘုရားကြီးရဲ့ အနောက်ဖက်စောင်းတန်း မြင်ကွင်းကတော့ အခုထိဒီအတိုင်းပါဘဲခင်ဗျာ….။
နှမြောဘွယ်ကောင်းတဲ့ အာဇာနည် ဗိမာန်ကြီး…
စာရေးသူတို့ ဗိုလ်ချုပ်မှာ စိတ်နေသဘောထား အလွန်ကောင်းပါလျှက်၊ တိုင်းပြည်၏ တစ်ဦးတည်းသော လွတ်လပ်ရေး ဗိသုကာကြီးဖြစ်ခဲ့ပါလျက်၊ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ခဲ့ပါလျက်၊ ခွေးကျင့် ခွေးကြံ၊ လူမဆန်သော အမျိုးယုတ်များကြောင့်၊ ကျဆုံးခဲ့ရ၏။ (ဒါဟာ ဂဠုန်ငစော လက်ချက်)
အာဇာနည်ကြီးများ၏ ရုပ်ကလပ်များကို နောက်မျိုးဆက်များ အစဉ်ဂါရ၀ ပြုနိုင်အောင် ထိုစဉ်က ၀န်ကြီးချုပ်ဦးနု (ဘဘ ဦးနု)က ရွှေတိဂုံဘုရားမြောက်ဖက် သွေးဆေးကန်စောင်း ကုန်းပေါ်၌ အုတ်ဂူများဆောက်လုပ်၍ ဂူသွင်းသင်္ဂြု လိခဲ့၏။ နယ်မှ ရန်ကုန်သို့လာရောက်ကြသူများမှာ ရွှေတိဂုံဘုရားဖူးပြီးလျှင် အာဇာနည်ဗိမာန်သို့ တဆက်တည်းသွားရောက်၍ အလေးပြုကြ၊ ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်ကြ၊ အမျှဝေကြနှင့် အလွန်အမှတ်တရဖြစ်စေခဲ့ရာ စာရေးသူ ဆိုလျှင်အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဘူးပါ၏။ ယခုတော့ မရှိတော့ပြီ။ `နေ၀င်း´၏ စစ်ခွေးများတာဝန်ပေါ့လျော့မှုကြောင့် ရာဇ၀င်ရိုင်းကာ၊ သမိုင်းကိုလက်တွေ့ မပြနိုင်၊ စာနှင့်သာပြနိုင်ပေတော့သည်။
အဖြစ်ကဒီလိုပါ။ ။ ၁၉၈၃-ခုနှစ်ထင်ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတ `ချွန်ဒူးဝှမ်´ဆိုသော ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ခဲ့၏။ အဖွဲ့ဝင်တပုံကြီး၊ ကိုရီးယားအစိုးရပိုင် စင်းလုံးလေယာဉ်ပျံကြီးဖြင့်…။
သတ်ဖို့လိုက်လာတဲ့ မြောက်ကိုရီးယား စစ်တပ်က ဗိုလ်မှူးအဆင့် ဇင်မို၊ ကင်မင်ချုး၊ လီကေချုး တို့ကလည်း မြန်မာ့ရေပြင်အောက်ကနေ ရေငုတ်သင်္ဘောနဲ့ သီလ၀ါကနေ ရေပေါ်တက်၊ ရန်ကုန်မြို့တွင်း ရုပ်ဖျက်ပြီးဝင်ခဲ့၏။
ချွန်ဒူးဝှမ်-အာဇာနည်ဗိမာန်သို့လွမ်းသူ့ပန်းခွေချမည့်နေ့ မတိုင်မီတညကြို၍ ဇင်မိုနှင့်အဖွဲ့ အာဇာနည် ဗိမာန်သို့ လာရောက်ခဲ့၏။ အာဇာနည်ဗိမာန်အစောင့် `နေ၀င်း´၏ စစ်ခွေးများ စစ်ကျွန်များကို၊ စားသောက်ဖွယ်ရာများ ပစ်ကြွေး၏။ နေ၀င်း၏ စစ်ခွေး၊ စစ်ကျွန်များမှာ မမြင်ဘူး၊ မစားဘူးသောအစာများ ယမကာများဖြင့် တစ်ဝတစ်ပြဲ သောက်စားမူးရူးပြီး၊ တာဝန်များကိုမေ့လျော့ကာ အပျော်ကြီး ပျော်ခဲ့ကြ၏။ အကြံသမား ကိုရီးယားများခိုင်းတာအကုန်လုပ်၊ အာဇာနည်ဗိမာန် မျက်နှာကြက်ပေါ်သို့ ကျောက်ဖရုံသီးအကြီးစားခန့် `ဗုံး´ကြီးနှစ်လုံး မ-တင်တာတောင် သူတို့ မသိလိုက်ကြ…။
နောက်တနေ့ နံနက် ၁၀-နာရီခွဲ အချိန်မှာတော့ ဧရာမ ဘ၀ဂ်ညံသော ပေါက်ကွဲသံကြီးများနှင့်အတူ၊ အာဇာနည်ဗိမာန်ကြီးလွင့်စင်ကြေမွသွားခဲ့ရာ၊ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းသက်သေများလည်း ဆုံးပါးပျောက်ကွယ်ခဲ့ရပါသည်။ (အလွန်ကြွေကွဲစရာကောင်းပါသည။်)
လူသတ်သမားကိုရိးယားများက မျက်နှာကြက်ပေါ် ကျောက်ဖရုံသီး (ဗုံး) ၂-လုံးတင်ပြီး နောက်နေ့ အချိန်ကိုက်မြေနီကုန်း တနေရာမှ (Remote Control) ယခု မြန်မာပြည်သား ရွှေ့ပြောင်းများအခေါ် `လမု´ ကိရိယာဖြင့် အဝေးထိန်းခလုပ်နှိပ်၍ ဖျက်ဆီးလိုက်ကြရာ၊ ဗိုလ်ချုပ်ခမြာ၊ အရိုးထိအောင်ပင်လိုက်၍ လုပ်ကြံခံရသည်ဟု စာရေးသူက ၀မ်းနည်းစွာတွေးတော ကြေကွဲခဲ့မိပါ၏။
ဤအဖြစ်ကို ဆန်းစစ်ရသော် `ရွှေသမင်ဘယ်ကထွက် - နေ၀င်းတာကထွက်´ဆိုသကဲ့သို့ ဗိုလ်နေ၀င်း၏ ညွှန်ကြားမှုအဆင့်ဆင့်ညံ့ဖျင်းခြင်း၊ တပည့်မကောင်း၊ ဆရာ့ခေါင်းဆိုသလို၊ အဆင့်ဆင့်တာဝန် ပေါ့လျော့ခြင်းများကြောင့် ယခုအခါ အာဇာနည်ဗိမာန် ကြီးကွယ်ပျောက်ပြီး နောင်လာနောင်သားများအတွက် သမိုင်းအမွေ၊ မကျန်ရတော့ပေ။
ဤအဖြစ်အပျက်များကို လေ့လာဖတ်ရှုရခြင်းဖြင့် စာဖတ်သူများ၊ စစ်အာဏာရှင်စံနစ်ကို မျိုးဆက်သစ်များအထိ နာကျည်း၊ ရွံမုန်းနိုင်ကြပါစေဟု မဟာဇော်ကျွန်ုပ်၊ စာကလော်တုပ်လိုက်ရပါကြောင်း….။
နှစ်သစ်မှာ ခွန်အားသစ်များနဲ့ အလွန်မတရားညစ်ပတ်တဲ့၊ စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ကြပါစေ…..။

***မဟာဇော် (မကွေး)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)