တောရက်စ်သည် ယခုနွေရာသီတွင် လီဗာပူးမှ ထွက်ခွာလျှင် ကမ္ဘာပေါ်၌ ဈေးအကြီးဆုံး ဘောလုံးသမားဖြစ် လာနိုင်ဖွယ်ရှိကြောင်း၊ ချဲလ်ဆီးနှင့် မန်စီးတီးတို့သည် စပိန်တိုက်စစ်မှူး တောရက်စ်အား အဓိက ပစ်မှတ်အဖြစ် ထား နေကြကြောင်း၊ သို့သော်လည်း တောရက်စ်အတွက် ပြောင်းရွှေ့ကြေးနှင့် လစာစုစုပေါင်း ပေါင်သန်း ၁၄၀-ပုံပေး ၀ယ်ယူရဖွယ်ရှိကြောင်း နယူးစ်အော့ဖ် သည်ဝေါလ်က ဖော်ပြသည်။ (အင်တာနက်)
*** ဂျရတ်အား ခေါ်ယူရန် မော်ရင်ဟိုကြိုးစားနေ ***
အင်တာမီလန်နည်းပြ မော်ရင်ဟိုသည် လီဗာပူးကွင်းလယ်ကစာသမား စတီဗင်ဂျရတ်အား ပေါင်သန်း ၄၀-ဖြင့် ခေါ်ယူရန် ကြိုးစားနေကြောင်း ဆန်းဒေးအိတ်စ်ပရက်စ်၌ ဖော်ပြသည်။ (အင်တာနက်)
*** ပေါ်တိုတိုက်စစ်မှူး ဟတ်ခ်အား မန်ယူလေ့လာအကဲခတ်နေ ***
မန်ယူအသင်းသည် ပေါ်တိုအသင်းမှ ဘရာဇီးတိုက်စစ်မှူး ဟတ်ခ်အား ပေါင်သန်း ၂၀-ဖြင့်ခေါ်ယူရန် လေ့လာအကဲခတ်နေကြောင်း၊ အသက် ၂၃-နှစ်ရှိ ဟတ်ခ်၏ အမည်ရင်းမှာ ဂျီဗာနီလ်ဒိုဗီရာဒီဆိုယူဇာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ခေါ်ယူလိုစိတ် ပြင်းပြလျက်ရှိကြောင်း နယူးစ်အော့ဖ်သည်ဝေါလ်၌ ဖော်ပြသည်။ (အင်တာနက်)
*** ဗိုရိုနင် ဟာသာဘာလင်နှင့် အမြဲတမ်းစာချုပ် ချုပ်ဖွယ်ရှိ ***
လီဗာပူးကစားသမား ဗိုရိုနင်သည် ပြီးခဲ့သော ဘောလုံးရာသီက အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ဖူးသည့် ဂျာမနီအသင်း ဟာသာဘာလင်နှင့် ပြောင်းရွှေ့ကြေး ပေါင်နှစ်သန်းခွဲဖြင့် အမြဲတမ်းစာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သည်ဆန်း၌ ဖော်ပြသည်။ (အင်တာနက်)
*** ရစ်ချတ်အား ခေါ်ယူရေး စပါးဆိုင်းငံ့ထား ***
မန်စီးတီးအသင်းသည် ဆိုကင်းဘဲလ်အား နှစ်တိုးစာချုပ် ချုပ်ဆိုဖွယ်ရှိပြီး ၀က်စ်ဟမ်းမှ မက်သရူးအပွဆန်နှင့် ဘိုရုရှားဒေါ့တမန်မှ နီဗင်ဆူတိုတစ်အား စုစုပေါင်း ပေါင် ၂၅-သန်းသုံးစွဲခေါ်ယူရန် ကြိုးပမ်းနေချိန်တွင် စပါးအသင်းသည် မန်စီးတီးမှ ညာ နောက်ခံလူ မီကက်ခ်ျရစ်ချတ်အား ပေါင် ၁၂-သန်းဖြင့် ခေါ်ယူရေးကို ဆိုင်းငံ့ထားကြောင်း ဒေးလီးစ်အိတ်စ်ရက်စ်က ဖော်ပြသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်- ချစ်စိုးနိုင် ***
*** လီဗာပူးမှ တောရက်စ် ဈေးအကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိ ***

No comments:
Post a Comment