ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းလာသော ခင်ပွန်းသည်က အခြားအမျိုးသမီးများကိုသာ စိတ် ၀င်စားနေသဖြင့် ဇနီးဖြစ်သူက ဆရာဝန်ထံလာရောက်မေးမြန်းလေသည်။
ဇနီး - ဒေါက်တာ ကျမခင်ပွန်းကို ဘယ်လိုများကုသပေးလိုက်တာလဲရှင်။
ဆရာဝန် - ဘာဖြစ်လို့လဲဗျာ။

ဇနီး - ဆေးရုံကဆင်းလာကတည်းက ကျမကို ကြည့်လည်း မကြည့်တော့ဘူး။ စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။
ဆရာဝန် - သြော်…
ဇနီး - အရင်က ကျမအပေါ် အရမ်းဂရုစိုက်တယ်။ အရမ်းလှတာပဲ ဆိုတဲ့စကားကိုလည်း အမြဲတမ်းပြောတယ်။ အခုတော့ အကုန်ပြောင်းလဲကုန်ပြီ။
ဆရာဝန် - ဒါ့ထက် ခင်ဗျား ခင်ပွန်းဖြစ်ခဲ့တဲ့ ရောဂါကို မသိဘူးထင်တယ်။
ဇနီး - ဘာရောဂါမို့လို့လဲ။
ဆရာဝန် - စိတ်ရောဂါ။
ဇနီး - ရှင်….။
*** ဘ၀အမောပြေမှ ကူးယူဖော်ပြသည် ***
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment