အဆင်သင့်ထားတဲ့ မျက်နှာဖုံး
မိုးရွာတုန်း ရေခံ
အပေါ်ယံ အချောင်စားချင်တဲ့
ကြောင်ဖား စိတ်ဓာတ်နဲ့
မြင့်မြတ်မှုကို မတည်ဆောက်နိုင်….။
**ဖြူစင်ဖြောင့်မတ်
တချောင်းတည်းသော စိတ်ဓာတ်နဲ့သာ
မြင့်မြတ်မှုကို တည်ဆောက်နိုင်မယ်။
အခက်အခဲတွေ တွေ့လိုတွေ့
အကွေ့အကောင်းတွေ များလိုများ
အတားအဆီးတွေ ကြုံလိုကြုံ
အတုန်မလှုပ် သမာဓိနဲ့
သတိ ကျောက်တိုင်၊ တည်ဆောက်နိုင်ဖို့
ခိုင်မာပြတ်သား၊ လမ်းမှန်သွားဖို့
တရားတဲ့ဘက်၊ တအားတက်ဖို့
သင့်မျက်လုံး
သင့်လက်ရုံး
သင့်ပခုံး
သင့်နှလုံး
အဖြူစင်ဆုံး ကျင့်သုံးရမယ်….။
**လူဆိုတာ
ပျော့တတ်တယ်၊ ညံ့တတ်တယ်။
အရေးကြုံရင်
သွေးတုန်တတ်တယ်။
သင့်ဓားကို သင်ကိုင်၊ သင့်အလံတိုင် မလဲစတမ်း
သင့်ရဲစွမ်းကို ပြရမယ်။
အလံရှုပ် အလံရှူး၊ ဟိုကူးသည်ခုန်
သည်လိုပုံနဲ့တော့
အရုဏ်မတက်နိုင်သေး။
ရွှေပြဒုံ ကြာအချပ်ကိုလဲ
လေအဟုန် လာ၍ မခတ်နိုင်သေး…..။ ။
*** တင်မိုး *** (၃-ဖေဖော်ဝါရီ ၁၉၉၉)
***ဖြူနီကြောင်ကြား ရောင်စုံများနဲ့
အဆင်သင့်ထားတဲ့ မျက်နှာဖုံး
မိုးရွာတုန်း ရေခံ
အပေါ်ယံ အချောင်စားချင်တဲ့
ကြောင်ဖား စိတ်ဓာတ်နဲ့
မြင့်မြတ်မှုကို မတည်ဆောက်နိုင်….။
**ဖြူစင်ဖြောင့်မတ်
တချောင်းတည်းသော စိတ်ဓာတ်နဲ့သာ
မြင့်မြတ်မှုကို တည်ဆောက်နိုင်မယ်။
အခက်အခဲတွေ တွေ့လိုတွေ့
အကွေ့အကောင်းတွေ များလိုများ
အတားအဆီးတွေ ကြုံလိုကြုံ
အတုန်မလှုပ် သမာဓိနဲ့
သတိ ကျောက်တိုင်၊ တည်ဆောက်နိုင်ဖို့
ခိုင်မာပြတ်သား၊ လမ်းမှန်သွားဖို့
တရားတဲ့ဘက်၊ တအားတက်ဖို့
သင့်မျက်လုံး
သင့်လက်ရုံး
သင့်ပခုံး
သင့်နှလုံး
အဖြူစင်ဆုံး ကျင့်သုံးရမယ်….။
**လူဆိုတာ
ပျော့တတ်တယ်၊ ညံ့တတ်တယ်။
အရေးကြုံရင်
သွေးတုန်တတ်တယ်။
သင့်ဓားကို သင်ကိုင်၊ သင့်အလံတိုင် မလဲစတမ်း
သင့်ရဲစွမ်းကို ပြရမယ်။
အလံရှုပ် အလံရှူး၊ ဟိုကူးသည်ခုန်
သည်လိုပုံနဲ့တော့
အရုဏ်မတက်နိုင်သေး။
ရွှေပြဒုံ ကြာအချပ်ကိုလဲ
လေအဟုန် လာ၍ မခတ်နိုင်သေး…..။ ။
*** တင်မိုး *** (၃-ဖေဖော်ဝါရီ ၁၉၉၉)
No comments:
Post a Comment